Chp 654 ( နှလုံးသားစိမ့်ဝင်ခြင်းကျင့်စဉ်)

39 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 654 (နှလုံးသား စိမ့်၀င်ခြင်း ကျင့်စဉ်)

နင်လည်း အရမ်းကို ၀မ်းသာသွားခဲ့ပါပြီ။

ကမ္ဘာ့နတ်ဘုရား နော့ရတ်ဟာ သင့်တော်တဲ့ အမွေဆက်ခံသူအတွက် သွေးချွေးတွေအများကြီး ထည့်ပြီး ပြင်ဆင်ထားခဲ့တယ်လေ။ ဒါကြောင့်လည်း သူ့အမွေဆက်ခံသူအတွက် ချန်ရစ်ပေးခဲ့မဲ့ ရတနာဟာ ကြွေကျနေသောလကျွန်းမှာ ထားပေးထားတဲ့ ရတနာတွေထက်ကိုပိုကောင်းနေမှာတော့ အမှန်ပါ…

“လအောက်ရေကန်တစ်ခုလုံးရဲ့ အဖိုးအတန်ဆုံးသော ရတနာကတော့.. ဆရာဝိုင်းရံတိုက်ခိုက်ခံနေစဉ်မှာ ကျန်ရှိနေတဲ့ စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းလောက်နဲ့ အသုံးပြုထွက်ပြေးလာခဲ့ရတဲ့ ပစ္စည်းပဲလေ။ အဲဒါကတော့ ဒီဓားပဲ..”
ရွှေသံချပ်ကာ၀တ် စစ်သူရဲမလေးက ပျက်စီးလု မတတ်ဖြစ်နေတဲ့ သွေးရောင်ဓားကျိုးကို ညွှန်ပြပြီးပြောလိုက်ပါတယ်။ နင်လည်း အလွန်ကို အံ့အားသင့်သွားခဲ့တယ်လေ။ အဲဒါကလား.. ဒီဓားကျိုးကလား…

ဒါက အရင်တုန်းက အစွမ်းထက်မယ်ဆိုရင်တောင်မှ.. အခုဆို လုံး၀ ပျက်စီးလု မတတ်ဖြစ်နေပြီမဟုတ်လား..

“ဒါကို အထင်မသေးလိုက်နဲ့… သူ့ရဲ့ အခြေအနေကြောင့်လည်း ထင်ယောင်ထင်မှား မဖြစ်သွားနဲ့ဦး…”
ရွှေသံချပ်ကာ၀တ် စစ်သူရဲမလေးက မကျေမနပ်နဲ့ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးတော့
“လောကသုံးပါးတခွင်မှာ ရှိရှိသမျှ ရတနာတွေ အားလုံး စုပေါင်းလိုက်ရင်တောင်မှ ရှင့်အရှေ့မှာရှိနေတဲ့ ဒီလောက်အထိ ပျက်စီးလု မတတ်ဖြစ်နေတဲ့ ဓားရဲ့ တန်ဖိုးကို မမှီသေးဘူးရှင့်..”

နင်အလွန်ကို တုန်လှုပ်သွားခဲ့ပါပြီ။ လောကသုံးပါးမှာ ရှိရှိသမျှ ရတနာတွေအားလုံးကို စုပေါင်းလိုက်ရင်တောင်လား…

“ရှင်တို့ လောကသုံးပါးရဲ့ အဖိုးအတန်ဆုံး ရတနာက ကမ္ဘာ့အမြုတေပဲလေ။ အဲဒါက လောကသုံးပါး ပျက်စီးသွားပြီးမှ မွေးဖွားလာခဲ့တာ… အဲဒီကမ္ဘာ့အမြုတောင်မှ ဒီဓားထက် အများကြီး တန်ဖိုးနိမ့်တယ်ဆိုတာကို မှတ်ထားလိုက်ချေ…”
ရွှေသံချပ်ကာ၀တ် စစ်သူရဲမလေးလည်း သက်ပြင်းချလိုက်ပြီးတော့
“သူ့ရဲ့ အခုလို ပျက်စီးလုမတတ်ဖြစ်နေတဲ့ အခြေအနေနဲ့ တိုက်ခိုက်လိုက်ရင်တောင် ဘယ်လောက်ပြင်းထန်မယ်ဆိုတာကို ရှင်မတွေးထားနိုင်ဘူး…”

ဂျိနင် Book 31 - Nơi câu chuyện tồn tại. Hãy khám phá bây giờ