Book 31 Chp 621 ( ကျင့်စဉ်ကို တောင်ဆိုခြင်း)

625 8 1
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 621 (ကျင့်စဉ်ကို တောင်းဆိုခြင်း)

ဒါပေမဲ့ ဂျိနင် နည်းနည်းလေးတောင် အရှိန်မလျော့ခဲ့ပါဘူး။

ရွှစ်

ကီလိုမီတာ သိန်းပေါင်းများစွာကို သူရောက်ရှိသွားခဲ့ပြီဖြစ်သလို နှလုံးသားအင်အားကိုလည်း ဖြန့်ထုတ်လိုက်ပါတော့တယ်။ ရောက်ရှိလာတဲ့ ပုဂ္ဂိုလ်ကြီးက ဘယ်သူဆိုတာကို သူသေချာကြည့်ကြည့်လိုက်ပြီလေ။

“မစိုးရိမ်ပါနဲ့…”
နွေးထွေးတဲ့ ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။

နင်လည်း လူကြီးကို မြင်လိုက်ရပြီလေ။ သူကတော့ တာအို၀တ်စုံ၀တ်ဆင်ထားတဲ့ အလွန်ကို သမာသမတ်ကျပုံရတဲ့ မုတ်ဆိတ်ဖြူနဲ့ လူကြီးပါ…

“သူလား…”
နင် ရင်ထိတ်သွားပါတယ်။
“ဦးချိုကိုးချောင်း မိုးကြိုးမြွေနဂါးကိုယ်ဖော့သိုင်းကြောင့် အဓိက ပုဂ္ဂိုလ်ကြီးတွေ စိတ်၀င်စားလာမှာကို ငါသိတယ်။ အက်ကြောင်းမဲ့ ဂိတ်အတွက် ငါစိတ်မပူဘူး…  ငါတို့ဘက်က လူတွေကသာ တကယ့်ပြသနာတွေ… ဒါဆို ပထမဆုံး ရောက်လာတာက တာအိုတန်ခိုးရှင် ယုချိုပေါ့… သူက တေ်ာတော်ကို အရှက်မရှိတဲ့ လူလို့ကြားတယ်။”

အချို့သော အစစ်အမှန် နတ်ဘုရားတွေ တာအိုဖခင်ကြီးတွေဟာ ရက်စက်ကြတဲ့ မိစ္ဆာကြီးတွေပါ… တချို့ကျတော့လည်း အရမ်းကို ဥာဏ်နီဥာဏ်နက် များကြတယ်လေ။

တာအိုတန်ခိုးရှင် ယုချိုကတော့ သူတို့ထဲက တစ်ဦးပဲပေါ့…

သူရဲ့ ဥာဏ်နီဥာဏ်နက်များမှုက တကယ့်ကို ဒဏ္ဍာရီ တွင်ခဲ့တယ်လေ။ ပြီးတော့ လောကသုံးပါးရဲ့ အဓိပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ဖြစ်နေခဲ့ပါပြီ။ သူ့ကို တခြားပုဂ္ဂိုလ်ကြီးတွေက အရှက်မဲ့ကောင်ကြီးဆိုပြီးတော့ နာမည်ပြောင် ပေးခဲ့ကြပါသေးတယ်။ ဒါပေမဲလည်း သူဟာ တာအိုဖခင်ကြီးဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ တာအိုနှလုံးသားဟာ အလွန်ကို ကြံ့ခိုင်တယ်လေ။ သူ့အတွက် ဒီလို နာမည်ပြောင်ဟာ ဘာမှ မဟုတ်ခဲ့ပါဘူး။ သူ့ဖာသာသူ နေချင်သလိုသာ ဆက်ပြီးတော့ နေထိုင်ခဲ့ပါတယ်။

ဂျိနင် Book 31 - Where stories live. Discover now