Chp 653 ( ကမ္ဘာ့နတ်ဘုရားနော့ရတ်ရဲ့နောက်ဆုံးလမ်း)

42 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 653 (ကမ္ဘာ့နတ်ဘုရား နော့ရတ်ရဲ့ နောက်ဆုံးလမ်း)

ဒီဓားသိုင်းကို ချန်ရစ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဟာ အံ့မခန်းကို အစွမ်းထက်လွန်းမှာကို နင်နားလည်ပါတယ်။ နင့်အနေနဲ့ ဒီမှာ သေမလား ရှင်မလားဆိုတာကို မသိနိုင်သေးပါဘူး။ ပြီးတော့ သူ့အနေနဲ့ သေသွားတဲ့အချိန်မှာတောင်မှ ဒီဓားသိုင်းကို အောင်မြင်ချင်မှ အောင်မြင်သွားမှာပါ.. ဒါကြောင့်လည်း နင်တွေဝေမနေခဲ့ပါဘူး ။ စကြ၀ဠာ လှေခါးအဆုံးမှာ ရှိနေတဲ့ ကျောက်စိမ်းဘုရားကျောင်းလေးထဲ နင်လျှောက်၀င်သွားခဲ့ပါပြီ။

ကျောက်စိမ်းဘုရားကျောင်းလေးဟာ အင်မတန်ကို လှပတင့်တယ်ခြင်းမက တင့်တယ်လို့ပါ…

ဘုရားကျောင်းနံရံတွေကို ကျောက်စိမ်းတွေနဲက ပြုလုပ်ထားပြီး တဖက်ကို ထွင်းဖောက်မြင်ရအောင် ကြည်လင်နေတဲ့ အရည်အသွေးရှိနေခဲ့ပါတယ်။ ကျောက်စိမ်းနံရံတွေအနား ကပ်သွားလိုက်တာနဲ့ကို နင့်ရဲ့ စိတ်တွေ အေးချမ်းကြည်လင်သွားခဲ့ပြီလေ။

“ဒီဘုရားကျောင်း…”
နင်လည်း အထဲကိုရောက်လာတော့ စူးစမ်းကြည့်လိုက်ပါတယ်။ ဘုရားကျောင်းအတွင်းမှာလည်း ဘာမှ ရှိမနေခဲ့ပါဘူ။ သူနောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ ဘုရားကျောင်း အတိုင်းပါ…'

ဘုရားကျောင်းရဲ့ အလယ်ဗဟိုမှာတော့.. ရွှေရောင်အလင်းတောက်ပလို့နေတဲ့ ၀တ်ပြုထိုင်ဖုံတစ်ခုလေထဲမျောနေလို့ပါ… ၀တ်ပြုထိုင်ဖုံရဲ့ အရှေ့ တော်တော်လှမ်းလှမ်းမှာတော့ အလွန်ကို ရှေးကျအိုမင်းပုံပေါ်တဲ့ ကျောက်တုံးကြီးတစ်တုံနဲ့ ကျောက်တုံးထဲကို ထိုးစိုက်လို့ထားတဲ့ ဓားတစ်ချောင်း ရှိနေလို့ပါ… ဓားဟာ သုံးပေလောက် ရှည်ပြီးတော့ တစ်လက်မလောက် ဗြက်ရှိနေပါတယ်။ ဒီဓားဟာ လုံး၀ကို သွေးနီရောင်ပါ… သူ့ရဲ့ မျက်နှာပြင်မှာလည်း အက်ကြောင်းတွေ ဒဏ်ရာဒဏ်ချက်တွေ အပြည့်ရှိနေခဲ့တယ်လေ။ ဓားဟာ အချိန်မရွေးကို ပျက်စီးသွားနိုင်တဲ့ပုံ ပေါ်နေလို့ပါ… ပြောရရင် တော်တော်ကို ကြီးမားတဲ့ ဓားရဲ့ အပိုင်းအစကြီး သုံးခုကလည်း ပျောက်ဆုံးနေသေးတယ်လေ။

ဂျိနင် Book 31 - Where stories live. Discover now