Chp 688 ( ငါးနှစ်ကြာပြီးသော်)

48 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 688 (ငါးနှစ်ကြာပြီးသော်)

ဂျိနင် အခုလိုအပ်နေတာ ဘာလဲ..

သူ့အတွက် အချိန်တွေ ပိုပြီး လိုအပ်နေခဲ့တာပါ…

သူ့ရဲ့ ပါရမီဟာ အနှိုင်းမဲ့လောက်ကို ဖြစ်နေပြီလေ။ လူငယ်လေးတစ်ဦးဖြစ်ခဲ့ချိန်တုန်းကလည်း ရွှီးဖူတိတို့ လူတုံပင်တို့က သူ့ကို မျက်နှာသာပေးခဲ့ကြပါတယ်။ အရာများစွာကို ရင်ဆိုင်တွေ့ကြုံလာခဲ့ပြီးတဲ့အခါမှာတော့.. သူဟာ အံ့မခန်းပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါပြီ… အင်မော်တယ် လမ်းစဉ်လျှောက်သူ တစ်ဦးအတွက် ပါရမီဆိုတဲ့ အရာဟာ ကျောက်သားထက်မျာ ထွင်းထားတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ သူကြီးပြင်းအရွယ်ရောက်လာတာနဲ့အမျှ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး ပြောင်းလဲလာခဲ့တဲ့ အရာပါ… တချို့ဆိုရင် အဆင့်ကျဆင်းသွားခဲ့ပြီး တချို့ဆိုရင် မိုးထိအောင်ကို အဆင်ြ့မင့်သွားနိုင်ခဲ့တယ်လေ။

နင်ဟာ ပိုပြီးတော့ တောက်ပလာသူ တစ်ဦးဆိုတာကတော့ သေချာနေပြီးသားပဲလေ… ဒါပေမဲ့လည်း ဘယ်လောက်ပဲ ပါရမီမြင့်မားပြီးကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်ပါစေ.. လုံလောက်တဲ့ အချိန်တစ်ခုတော့ လိုအပ်ဦးမှာပါ…

ရတနာတွေထဲမှာ အချိန်စီးဆင်းမှုကို ပြောင်းလဲပေးနိုင်တဲ့ ရတနာတွေ ရှိခဲ့တယ်လေ။ အမှန်ပါပဲ.. ဒီရတနာတွေဟာ လောကသုံးပါးမှာလည်း ရှိခဲ့ပါတယ်။ တော်၀င်ရှ အင်ပါရီယာ ပြည့်၇ှင်ဆိုရင်လည်း တောင်တန်းနှင့် မြစ်ပြင်တို့၏ တောက်ပသော ငွေလ အင်းကွက်ပန်းချီထဲက အချိန်စီးဆင်းခြင်းကို ပြောင်းလဲနိုင်ခဲ့တယ်လေ။ ဒါပေမဲ့ ဒီလို ယာယီပြောင်းလဲခြင်းအတွက်ကို စွမ်းအင်များစွာ အသုံးပြုဖို့ လိုအပ်ခဲ့ပါတယ်။ ရှအင်ပါရီယာ ပြည့်ရှင်ဟာ သန့်စင်သောယန် အင်မော်တယ် တစ်ဦးဖြစ်ခဲ့ပေမဲ့လည်း ၀မ်ရှင်းအဆင့်သာ ရောက်ရှိသေးတဲ့ ကလေးငယ်လေးတွေအတွက်ပဲ အချိန်စီးဆင်းခြင်းကို ပြောင်းလဲပေးနိုင်ခဲ့တယ်လေ။ ကောင်းကင်အင်မော်တယ်တွေအတွက်တော့ သူဒီလို မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး..

နင်ဟာ အင်ပါရီယာ နတ်ဘုရားကော အစစ်အမှန် အင်မော်တယ်ပါ ဖြစ်နေခဲ့ပါပြီ… သူ့အတွက် အချိန်စီးဆင်းခြင်း ပြောင်းလဲဖို့အတွက်.. ရွှီးဖူတိတို့ သန့်စင်ခြင်း သုံးပါးတို့တောင် ခေါင်းကိုက်သွားရမှာပါ…

ဂျိနင် Book 31 - Where stories live. Discover now