Chp 629 ( ထိုက်ကျိအင်အား)

37 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 629 (ထိုက်ကျိအင်အား)

တောင်ဝှေးဟာ ကျဆင်းလာခဲ့ပါပြီ။ မရေမတွက်နိုင်တဲ့ နှင်းမှုန်လေးတွေဟာ ၀န်းကျင်မှာဝေ့၀ဲလို့… သူ့ရဲ့အင်အားဟာလည်း ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့ပါတယ်။

နင်လည်း နှင်းမိစ္ဆာရဲ့ တိုက်ခိုက်မှု ကျဆင်းလာတာကို ကြည့်နေခဲ့တယ်လေ။

အင်ပါရီယာ နတ်ဘုရားကြီး တောင်ရိုင်းက ရေရွတ်လိုက်ပါတယ်။ ဒါက နှင်းမိစ္ဆာရဲ့ ကိုယ်ပွားလေးပဲလေ။ နင်အနေနဲ့ ဒီကိုယ်ပွားကို တစ်ချက်တည်း ဖျက်ဆီးလိုက်နိုင်မယ်ဆိုရင်…. တောင်ရိုင်းလည်း သူ့နောက် လိုက်သွားတော့မှာပါ။ နင်လည်းသူ့ရဲ့ ဒီ ဂိုဏ်းတူအစ်ကိုကြီးကို ကူညီပေးလိုခဲ့ပါတယ်။ သူ့မိန်းမရဲ့ ဆရာဖြစ်တဲ့ လူတုံပင်ဟာလည်း တောင်ရိုင်းရဲ့ ဂိုဏ်းတူညီအစ်ကိုလို့ ခေါ်ဆိုနိုင်တယ်လေ။

လူတုံပင်က တာအိုလမ်းစဉ်ရဲ့ မဟာပုဂ္ဂိုလ်ကြီးတွေဆီမှာ တပည့်ခံဖူးခဲ့ပါတယ်။ တစ်းဦးကတော့ တာအိုတန်ခိုးရှင်သန့်စင်ခြင်း သုံးပါးဖြစ်ပြီး နောက်တစ်ဦးကတော့ မဟာနတ်ဘုရားကြီး အပူအပင်မဲ့ပါ…

လူတုံပင်နဲ့ သူ့ရဲ့ ပတ်သက်နေမှု တစ်ခုတည်းနဲ့တင်ကို နင့်အနေနဲ့ တောင်ရိုင်းကို ကူညီပေးလိုခဲ့တယ်လေ။ ဒါပေမဲ့လည်း တောင်ရိုင်းရဲ့ အဆင့်ဟာ လူတုံပင်ထက် အများကြီး နိမ့်ခဲ့ပါတယ်။ ကမ္ဘာဦးခေတ်ကတည်းကကို လူတုံပင်က ပြိုင်စံရှားတဲ့ ပါရမီရှင် ဖြစ်ခဲ့တယ်လေ။ ဒါပေမဲ့လည်း သူ့ရဲ့ တာအိုလမ်းစဉ်နဲ့ ဗုဒ္ဓလမ်းစဉ် နှစ်ခုလုံးကို လျှောက်လိုတဲ့ ရည်မှန်းချက်က အလွန်ပဲ ကြီးမားခဲ့ပါတယ်။ အခုလို လောကသုံးပါးတခွင် မုန်တိုင်းကြီး ကျဆင်းလာခဲ့မှသာ သူ့အနေနဲ့ လက်ရွေးစင် တာအိုဖခင်ကြီးတစ်ဦးအဖြစ် အဆင့်တက်လာနိုင်ခဲ့တာပါ။

၀ှစ်

တုတ်ရိုက်ချက်ဟာ ကျဆင်းလာနေပါပြီ။

ရွှစ်

နင်ရဲ့ ဓားအလင်း လက်သွားခဲ့ပြီလေ။ သူ့ဓားကိုင်ထားတဲ့လက်ထဲကို ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်းရဲ့အင်အားတွေ ထည့်လိုက်ပါတယ်။ ဓားချက်ဟာ ကြောက်စရာကောင်းလောက်အောင် ပြင်းထန်သွားခဲ့ပါပြီ။

ဂျိနင် Book 31 - Where stories live. Discover now