Chp 634 ( ရေခဲမီးလျှံ ဝင်္ကာပါ)

38 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 634 (ရေခဲမီးလျှံ ၀င်္ကပါ)

ဂျိနင်လည်း ရင်နာလာသလို ခံစားလာမိပါတယ်။ ရေခဲနှလုံးသား ပင်စည်က သစ်ရွက်ရဲ့အခြေခံ အုတ်မြစ်လား…

“ပင်စည်တစ်ခု မရှိတော့တာနဲ့.. နောက်ဆိုရင် သစ်ရွက်တွေ ရှိတော့မှာ မဟုတ်ဘူးလေ။”
ပါကတရီ နတ်ဘုရားကြီးက နင်ကို ကြည့်လိုက်ပြီးတော့
“ကြီးကျယ်ခမ်းနားသော တောင်များကျွန်းကို အင်ပါရီယာ နတ်ဘုရားတွေ အများကြီးပဲ ၀င်ရောက်လာကြလိမ့်ဦးမယ်။ မင်းကြောင့် ရတနာတစ်ခု ပျောက်ဆုံးသွားစေဖို့ မဖြစ်နိုင်သေးဘူးလေ။”

“ဒါပေမဲ့ ဒီကနေ ထွက်ခွာသွားတဲ့ ဂျူမင်းက ရေခဲနှလုံးသား သစ်ရွက် တစ်ရွက်မက ထုတ်ပြခဲ့တယ်ခင်ဗျ..”
နင် ရုတ်တရက်ဆိုသလို စကားထောက်လိုက်ပါတယ်။

“အာ…”

ပါကတရီ နတ်ဘုရားကြီး မျက်နှာ နည်းနည်း ပျက်သွားခဲ့ပြီလေ။ သူစိတ်ထဲကနေ ကြိတ်ပြီးတော့ ကျိန်ဆဲလိုက်ပါတယ်။
“အစုတ်ပလုတ် ဂျူမင်း… သူဘာဖြစ်လို့ ရတနာတွေအကြောင်း လျှောက်ပြောရတာလဲ…”

“အမှန်ပဲ.. မင်းပြောတာ မှန်ပါတယ်။”
ပါကတရီ နတ်ဘုရားကြီးက နင်ကို ကြည့်လိုက်ပြီးတော့
“ဂျူမင်းက လအောက်ရေကန်ထဲကို ဟို ကြာလှပြီဖြစ်တဲ့ အချိန်တုန်းက ၀င်ခဲ့တာလေ။ သူက ကြီးကျယ်ခမ်းနားသော တောင်များကျွန်းကို တစ်ချက်တည်းနဲ့ အရောက်လာနိုင်ခဲ့တယ်။ အဲဒီတုန်းက ရေခဲနှလုံးသား သစ်ရွက်တွေက အများကြီး ရှိနေတယ်လေ။ ဒါကြောင့် သူ့ကို အဲလောက်ပေးလိုက်လို့လည်း ဘာမှ ထူးခြားမသွားဘူး။ ဒါပေမဲ့ အချိန်တွေ ရွေ့လျား စီးဆင်းလာသလို ဒီနယ်မြေကို ၀င်ရောက်လာတဲ့ အင်ပါရီယာ နတ်ဘုရားတွေကလည်း အစွမ်းထက်လာခဲ့ကြတယ်။ တော်တော်များများကလည်း ခမ်းနားကြီးကျယ်သော တောင်များကျွန်းကို ရောက်ရှိခဲ့ကြတယ်လေ။ ဒါကြောင့်လည်း ဒီမှာ ရှိနေတဲ့ ရတနာ ပစ္စည်းတွေဟာ လျော့နည်းလာခဲ့တာ… ဒီလိုနဲ့ ဆုလာဘ်က ရေခဲနှလုံးသား သစ်ရွက်တစ်ရွက် ဖြစ်သွားခဲ့တယ်လေ။”

“မင်းကလည်း ဒီကို တစ်ချက်တည်းနဲ့ ရောက်အောင် လာနိုင်ခဲ့တယ်ဆိုတော့… မင်းသစ်ရွက် ဆယ့်နှစ်ရွက် လိုချင်တယ်ဆိုရင် .. ငါပေးပါ့မယ်။”

ဂျိနင် Book 31 - Onde histórias criam vida. Descubra agora