Chp 635 (သေသည်အထိရက်စက်သူ )

40 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 635 (သေသည်အထိ ရက်စက်သူ)

“ပါကတရီ နတ်ဘုရားကြီး ပြောစကား အရတော့… ဒီကျွန်းကို ခမ်းနားကြီးကျယ်သော တောင်များကျွန်းလို့ခေါ်တယ်တဲ့…”
ဂျိနင်က ပြုံးရွှင်စွာနဲ့ သူ့နံဘေးက နဂါးနတ်ဘုရားကြီး ခုနစ်ဦးနဲ့ အင်ပါရီယာ နတ်ဘုရားကြီး တောင်ရိုင်းတို့ကိုပြောလိုက်ပါတယ်။

“ခမ်းနားကြီးကျယ်သော တောင်များကျွန်း….မဆိုးဘူး… မဆိုးဘူး…”
အင်ပါရီယာနတ်ဘုရားကြီး တိုင်ယွန်နဂါးက သူ့ရဲ့ ကြေးမျက်လုံးကြီးတွေနဲ့ ပတ်၀န်းကျင်ကို ဝေ့ကြည့်လိုက်ပါတယ်။
“ဒီတောင်တွေက ကောင်းကင်ဘုံကို ထိုးထားတဲ့ လှံတံရှည်ကြီးတွေ လိုပဲနော်…. စိတ်၀င်စားစရာ ကောင်းတယ်။ စိတ်၀င်စားစရာကောင်းတယ်။ ခမ်းနားကြီးကျယ်သော တောင်များကျွန်းလား.. နာမည်တော်တော်လှတာပဲ…”

တောင်ရိုင်းလည်း နဂိုမူလအတိုင်း အေးအေးလူလူ ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်သွားခဲ့ပါပြီ။ ပတ်၀န်းကျင်ကို ဝေ့ကြည့်ပြီးတော့ ၀မ်းသာအားရနဲ့ သူစကားဆိုလိုက်ပါတယ်။
“ဒီတတိယမြောက် ကျွန်းကိုတောင် မြင်ခွင့်ရမယ်လို့ ငါမထင်ထားမိခဲ့ဘူး….  ဒုတိယ ကျွန်းကို မြင်တွေ့နိုင်တာနဲ့ကို ကျေနပ်နေခဲ့တာလေ။ ဟား ဟား..  ဂိုဏ်းတူညီလေး ဒက်နော့.. ညီလးလည်း တစ်ကြိမ်ကြိုးစားလိုက်တာနဲ့ အားလုံးကို ကျော်ဖြတ်နိုင်လိမ့်မယ်ထင်တယ်။”

“သူဖြစ်နိုင်လိမ့်မယ်။”

“ညီလေး ဒက်နော့.. ညီလေးကို အစ်ကိုတို့တွေ ယုံကြည်တယ်။”

သူတို့အားလုံး ရယ်သွမ်းသွေးပြီး ပြောလိုက်ကြပါတော့တယ်။

နင်ကတော့ မြောက်မသွားရဲခဲ့ပါဘူး။ သူတို့ကိုးဦးလည်း အတူတူ လျှောက်လှမ်းလာခဲ့ကြပြီလေ။ ကျွန်းဟာတေ်ာတေ်ာကို ကျယ်ပြောပေမဲ့လည်း.. သူတို့တွေအနေနဲ့ မြန်ဆန်စွာ ခရီးဆက်နိုင်စွမ်း ရှိကြပါတယ်။ စကြ၀ဠာချုံ့ခြင်း ကျင့်စဉ်ကို သူတို့ အသုံးပြုနိုင်ခဲ့ကြလို့ပါ…. တစ်ခဏလောက် လျှောက်သွားပြီးတဲ့ အခါမှာတော့…. ကီလိုမီတာ သန်းပေါင်းများစွာကို သူတို့ ခရီးဆက်ပြီးဖြစ်သွားပြီလေ။ အဝေးကနေ ရယ်မောသံတွေကို သူတို့ ကြားလာခဲ့ကြပါပြီ။

ဂျိနင် Book 31 - Where stories live. Discover now