Chp 648 ( ဓားသိုင်းအောင်မြင်သွားခြင်း)

52 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 648 (ဓားသိုင်းအောင်မြင်ခြင်း)

တစ်နှစ်နဲ့ သုံးလ… အင်ပါရီယာ နတ်ဘုရားကြီးပေါင်း နှစ်ရာကျော်ဟာ နင့်ရဲ့ အင်မော်တယ် နန်းကို တစ်ချိန်လုံး ကြည်နေခဲ့ကြတာပါ… ဒါပေမဲ့လည်း နင်မထွက်လာခဲ့သေးဘူးလေ။ ဘယ်သူကမှလည်း အထဲကို ၀င်ရောက်ပြီး အနှောင့်အယှက် မပြုရဲကြပါဘူး။ ဒါပေမဲ့လည်း နေ့တိုင်းလိုလို သူ့အင်မော်တယ် နန်းတော်ကို အပြင်ကနေ စောင့်ကြည့်နေကြတဲ့ လူတွေအများကြီးရှိခဲ့ပါတယ်။ ဒီအင်ပါရီယာ နတ်ဘုရားကြီးတွေအတွက် နင်ဟာ တစ်ခုတည်းသော မျှော်လင့််ချက်ပဲလေ။

“သူထွက်လာပြီ…”

“ဒက်နော့ထွက်လာပြီဟေ့…”

နန်းတော်ကနေ နင်ထွက်လာခဲ့တာနဲ့ အင်ပါရီယာ နတ်ဘုရားကြီး အားလုံးပဲ သတိထားမိသွားခဲ့ကြပါတယ်။

နင်ဟာ အင်မော်တယ်နန်းတော်ကို အရင်သိမ်းဆည်းလိုက်ပြီးတော့ အင်ပါရီယာ နတ်ဘုရားကြီးတွေဆီ လျှောက်လှမ်းလာခဲ့တယ်လေ။ သူနတ်ဘုရားစွမ်းအင်ကို အသုံးပြုပြီး စိတ်နဲ့ဆက်သွယ်လိုက်ပါပြီ။
“အင်ပါရီယာ နတ်ဘုရား ရောင်းရင်းတို့… ကျွန်တော် တစ်ခု ရောင်းရင်းတို့အားလုံးနဲ့ ဆွေးနွေးချင်လို့ပါ…”
အင်ပါရီယာ နတ်ဘုရားကြီး စင်းတို့ မီဖန်းတို့နဲ့ ကျန်တဲ့လူတွေအားလုံးပဲ ကိုယ့်ရဲ့ အင်မော်တယ် နန်းတော်တွေထဲကနေ ထွက်လာခဲ့ကြပါပြီ။ သိပ်မကြာခင်မှာပဲ အင်ပါရီယာ နတ်ဘုရားအားလုံး စုံသွားခဲ့ကြပြီလေ။

“ကျွန်တော့်ရဲ့ ရောင်းရင်း နတ်ဘုရားအပေါင်းတို့… ဒီတံခါးပိတ် တရားလေ့ကျင့်နေတဲ့ အချိန်မှာပဲ… ဥာဏ်အလင်းအချို့ ရရှိပြီးတော့ အများကြီး တိုးတက်လာခဲ့ပါတယ်။”
နင်ပြောလိုက်ပါတယ်။

အင်ပါရီယာ နတ်ဘုရားကြီး နှစ်ရာကျော်လုံးဟာ ၀မ်းသာပျော်ရွှင်သွားခဲ့ကြပြီလေ။ တချို့ဆို တိုးတိုးလေးတောင် ပြောလာခဲ့ကြပါပြီ။ ဒီနယ်မြေကနေ ထွက်ခွာခွင်ရဖို့က သေရေးရှင်ရေးထက် အရေးကြီးနေတယ် မဟုတ်လား…

“ကိုးဦးမြောက် အစောင့်အရှောက်ကိုတော့ ကျွန်တော် အနိုင်ယူနိုင်ပါပြီ။  ဒါပေမဲ့လည်း ဆယ်ဦးမြောက်အစောင့်အရှောက်ကို ကျော်ဖြတ်နိုင်ဦးမယ်လို့ အာမတော့ မခံနိုင်သေးပါဘူး။”
နင်စကားဆက်လိုက်ပါတယ်။
“ဒါပေမဲ့လည်း ဆယ်ဦးမြောက် အစောင့်အရှောက်ကိုပါ တစ်ခါတည်း တိုက်ခိုက်ဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ ရောင်းရင်းတို့ကော ဒီခရီးမှာ လိုက်ချင်ကြရဲ့လား ခင်ဗျ…”

ဂျိနင် Book 31 - Where stories live. Discover now