Chp 715 ( မီးလျှံ)

50 1 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 715 (မီးလျှံ)

“လူသား ဧကရာဇ်…”
ဂျိနင်လည်း စိတ်နဲ့ ဆက်သွယ်လိုက်ပါတယ်။
“ဒီ ကျူးကျော်သူ သုံးဦး ဘယ်က လာတာလဲဆိုတာကို ကျွန်တော် သိသွားပြီ…”

“အိုး…”
ဖူရှီလည်း နင်ကို လှမ်းကြည့်လိုက်ပါတယ်။

“ဧကရာဇ်ရဲ့ မီးလျှံက အစွမ်းထက်တယ် မဟုတ်လား…”
နင်လည်းစိတ်နဲ့ ဆက်သွယ်နေခဲ့တာပါ…
“ဒါကြောင့် ထာ၀ရ တယ်ရန်မီးလျှံကို အသုံးပြုလိုက်မယ်ဆိုရင် သူတို့ ချက်ချင်းပဲ နောက်ဆုတ်သွားကြလိမ့်မယ်။”

နင့်ရဲ့ စကားဟာ အမှန်ပါ… မိုးရေမျိုးနွယ်စုတွေဟာ ရေနဲ့ တည်ဆောက်ထားတဲ့ သက်ရှိတွေပါ.. သူတို့ရဲ့ ခန္ဓာကိုယ်ဟာ လွန်ကို ကြံ့ခိုင်ပါတယ်။ သူတို့ကို ဓားနဲ့ နှစ်ပိုင်း ပိုင်းဖြတ်နိုင်ခဲ့ရင်တောင်မှပဲ နတ်ဘုရားစွမ်းအင် သိပ်ပြီး အသုံးပြုဖို့ မလိုအပ်ပဲ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်ကြပါတယ်။ ဒါကြောင့်လည်း ဖျက်ဆီးလို့ မရတဲ့ နတ်ဘုရား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြတယ်လို့ သူတို့ကိုပြောကြတာပါ… ဒါပေမဲ့ ဒီလို မွေးရာပါ အစွမ်းတွေမှာ အားနည်းချက် ရှိတတ်ပါတယ်။ ဒီမိုးရေမျိုးနွယ်စုတွေကို ရင်ဆိုင်ဖို့ နည်းလမ်း သုံးခုရှိတယ်လေ။

ပထမ နည်းလမ်းကတော့ သူတို့ထက် အဆများစွာ အစွမ်းထက်ဖို့ပါ… ကမ္ဘာ့နတ်ဘုရားတစ်ပါးအနေနဲ့ သူတို့ကို အမှုန့်ခြေလိုက်နိုင်ပါတယ်။ ဘာမှ ကျန်ခဲ့လိမ့်မယ် မဟုတ်ပါဘူး… ဒါပေမဲ့ ဂျိနင်တို့က ဒီနည်းလမ်းကို အခုအချိန်မှာ အသုံးမပြုနိုင်ကြဘူးလေ…

ဒုတိယ နည်းလမ်းကတော့ ဆက်တိုက်ဆိုသလို သူတို့ကို ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်တာပါ.. မကြာခဏဆိုသလို ကြီးကြီးမားမား ဒဏ်ရာရခဲ့မယ်ဆိုရင် တစ်ချိန်မှာတော့ စွမ်းအင်ကုန်ခန်းလာမှာပါ… တစ်ချိန်မှာတော့ သူတို့တွေ တောင့်ခံနိုင်ကြတော့မှာမဟုတ်ပါဘူး… ဒါပေမဲ့ ဒီအတွက်လည်း အချိန်အများကြီး ပေးဖို့ လိုအပ်တယ်လေ။ နင်တို့မှာ အချိန်မရှိပါဘူး… သက္ကဂ္ဂထာဟာ အကြာကြီး တောင့်ခံထားနိုင်တော့မယ် မဟုတ်ဘူးလေ…

ဂျိနင် Book 31 - Where stories live. Discover now