Chp 685 ( ပြန်လည်အားပြည့်လာခြင်း)

39 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 685 (ပြန်လည်အားပြည့်လာခြင်း)

ဂျိနင်ဟာ နက်ရှိုင်းလှတဲ့ ချိုင့်ဝှမ်းကြီးအတွင်းမှာ ရှိနေတယ် ဆိုပေမဲ့လည်း.. သူ့ရဲ့ နှလုံးသားအင်အားဟာ ဒီရေခဲကြယ်တာရာကြီး တစ်ခုလုံးကို နေရာလပ်မကျန်အောင် လွှမ်းခြုံထားပြီးခဲ့ပါပြီ..

ဒါကတော့ နှလုံးသားအင်အားနဲ့ ပတ်၀န်းကျင်ကို စောင့်ကြည့်ခြင်း ပညာတစ်ခုပါ.. ဒါက ကမ္ဘာ့နတ်ဘုရားကြီးနောရတ်ချန်ရစ်ထားခဲ့တဲ့ ပညာရပ်တစ်ခုပဲလေ။ ဒီပညာရပ်ကြောင့် လောကသုံးပါးရဲ့ ဘယ်မဟာပုဂ္ဂိုလ်ကြီးမှ သူ့ကို မသိစေပဲ နောက်ယောင်ခံလိုက်လို့ မဖြစ်နိုင်တော့ပါဘူး။

ကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာမှာသွားလာတဲ့အခါ… မြောက်များစွာသော အထောက်အကူ ပညာရပ်များစွာကို တတ်မြောက်ထားဖို့ရာ လိုအပ်ပါတယ်။ အော်ရာအရှိန်အဝါ သိမ်းဆည်းခြင်း ပညာရပ်၊ နှလုံးသားအင်အားဖြင့် စစ်ဆေးခြင်း ပညာရပ်၊ စိတ်ဝိညာဉ်နှလုံးသား သော့ခတ်ခြင်း ပညာရပ်.. စသည်ဖြင့် မြောက်များလှစွာသော ပညာရပ်တွေဟာ ကိုယ့်ကိုပိုပြီး အစွမ်းထက်လာစေမှာ ဖြစ်သလို အသက်ရှင်သန်နိုင်ဖို့အတွက်လည်း ရာခိုင်နှုန်းပိုပြီး မြင့်မားလာစေမှာပါ… ဒီပညာရပ်တွေ တတ်မြောက်ထားခြင်း မရှိဘူးဆိုရင်.. ကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာထဲမှာ သွားလာနေချိန်မှာပဲ ပျောက်ကွယ်သွားနိုင်တယ်လေ။

ဒီကျင့်စဉ်တွေက သိပ်ပြီး အရေးမကြီးလှဘူးထင်ရပေမဲ့လည်း.. တစ်ကယ်တော့ ကမ္ဘာ့နတ်ဘုရားနော့ရတ်ချန်ရစ်ထားခဲ့တဲ့ လက်ရွေးစင် ကျင့်စဉ်တွေပါ… ပန်ဂဲပျက်စီးခြင်း နိုင်ငံတော်ရဲ့ အကြီးအကဲ နတ်ဘုရားတွေ ပျက်စီးခြင်း အင်မော်တယ်တွေတောင်မှ ဒီကျင့်စဉ်တွေကို လေ့ကျင့်သင်ကြားခွင့် မရခဲ့ကြဘူးလေ။

“ငါ အစွမ်းပြပြီးတဲ့အချိန်ကစပြီးတော့ အက်ကြောင်းမဲ့ဂိတ်က ငါ့ကို ပိုပြီး သတိထားလာလိမ့်မယ် ထင်ထားမိခဲ့တာ။ ငါ့ကို မျက်ခြေမပြတ်လိုက်ကြည့့်လိမ့်မယ် ထင်ခဲ့လို့ လမ်းတွေကို မြွေလိမ်မြွေကောက် ရှုပ်ထွေးအောင် လုပ်ပြီးဒီကိုလာခဲံရတယ်။ ဒါပေမဲ့ .. သူတို့က ငါ့ကို အန္တရာယ်ပေးနိုင်သေးတယ်လို့ မသတ်မှတ်ကြတော့ဘူးပဲ…”
အနက်ရောင်နင်လည်း အခုမှ သက်ပြင်းချလိုက်နိုင်ခဲ့ပါတယ်။

ဂျိနင် Book 31 - Where stories live. Discover now