Chp 637 ( နတ်ဆိုးတပ်မဟာ)

37 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 637 (နတ်ဆိုး တပ်မဟာ)

ခမ်းနားကြီးကျယ်သော တောင်များကျွန်းကို ရောက်လာခဲ့တဲ့ ဂျိနင်ရဲ့ စွမ်းရည်ကြောင့် အော့ဝှစ်တို့ ဇန်းဘူတို့ အားလုံးပဲ ၀မ်းသာသွားခဲ့ကြပါပြီ။ အားလုံးက အခုကြည့်ရတာ အေးအေးလူလူ ပျော်ပျော်ရွှင်ရွှင် ရှိနေကြပေမဲ့လည်း… ကပ်ဘေးကြီး ရောက်ရှိလာတော့မဲ့ အမှန်တရားကို သိထားကြပါတယ်။ အနည်းဆုံးတော့  တစ်ဦးဦးက သေဆုံးရမှာပဲလေ။ ဒါကြောင့်လည်း သူတို့ရင်တွေ လေးလံလို့ နေခဲ့ကြပါပြီ။

ဒီလိုအချိန်မှာပဲ.. ဂျိနင်က အစွမ်းထက်ကြောင်းသက်သေပြခဲ့တယ်လေ။ ဒါကြောင့်လည်း သူတို့တွေ ပိုပြီး ပျော်ရွှင်သွားနိုင်ခဲ့တာပါ…

တစ်ရက်ပြီး တစ်ရက် အချိန်တွေ စီးဆင်းလို့သွားခဲ့ပါပြီ..…

အင်ပါရီယာ နတ်ဘုရားတွေအားလုံး တိုက်ပွဲကို တိတ်ဆိတ်စွာ စောင့်စားလို့ပါ….

နင်နဲ့ အင်ပါရီယာ နတ်ဘုရားကြီး ကိုးဦးတို့က နန်းတော်တစ်ခုထဲမှာ စစ်ပွဲဗျူဟာကို ဆွေးနွေးနေကြပါတယ်။

“ဘယ်လို… ကျွန်တော်တို့က ၀င်္ကပါကို အသုံးပြုခွင့် မရှိဘူးလား…”
နင် တုန်လှုပ်သွားပုံပါ..

“အမှန်ပဲ….”
အော့ဝှစ်က အေးအေးလူလူပဲ ပြောလိုက်ပါတယ်။
“မင်းက ၀င်္ကပါကို အသုံးပြုမယ်ဆိုရင်.. နတ်ဆိုးတွေကလည်း ၀င်္ကပါကို အသုံးပြုလာကြမှာလေ။ သူတို့တွေက ငါတို့တွေထက် အရေအတွက် အပြတ်အသတ်ကွာတယ်။ ဒါဆို ငါတို့ပဲ အရေးနိမ့်သွားမှာ…. ဒါဟာ ငါတို့ မရောက်လာခင်တုန်းက တန်ခိုးရှင်တွေ ရခဲ့တဲ့ အတွေ့အကြုံတွေပဲလေ။ မင်း၀င်္ကပါကို အသုံးမပြုဘူးဆိုရင်.. ဒီ နတ်ဆိုးတပ်မဟာကြီးတွေကလည်း ၀င်္ကပါကို အသုံးပြုကြတော့မှာ မဟုတ်ဘူး…”

“ထူးဆန်းလိုက်တာ…”
နင်လည်း နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ သူတို့ ၀င်္ကပါကို အသုံးမပြုတာနဲ့ ဘာဖြစ်လို့ နတ်ဆိုးတွေကပါ အသုံးမပြုကြတာလဲ…

“ဘာကြောင့်လဲ ခင်ဗျ…”
နင် နားမလည်နိုင်သေးပါဘူး။

“လအောက်ရေကန်ကို တည်ဆောက်ခဲ့သူ နေရာမှာ မင်း၀င်ခံစားကြည့်လိုက်.. မင်းနားလည်သွားလိမ့်မယ်။”
ဇန်းဘူလည်း ရယ်မောလိုက်ပြီးတော့
“လအောက်ရေကန်ကို တည်ဆောက်ခဲ့တဲ့ တန်ခိုးရှင်ကြီးက ငါတို့ကို ပိုပြီး အစွမ်းထက်စေချင်ခဲ့တယ်လေ။ ငါတို့က ၀င်္ကပါကို အားကိုးနေမယ်ဆိုရင်… ဂြိုဟ်ခုနစ်လုံး နတ်ဘုရားကြီး ၀င်္ကပါလိုပေါ့.. ဒါဆို အင်ပါရီယာ နတ်ဘုရား တစ်ဦးပဲ တကယ် တိုက်ခိုက်ရလိမ့်မယ်။ တခြား ခြောက်ဦးကတော့ လုံလောက်တဲ့ နတ်ဘုရားစွမ်းအင် ထုတ်ပေးနေရုံပဲလေ။ ဒါက လအောက်ရေကန်ကို တည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ရည်မှန်းချက်နဲ့ လုံး၀ကို ဆန့်ကျင်နေခဲ့ပြီ… ဒါကြောင့်လည်း ငါတို့ကို သူက ၀င်္ကပါ အသုံးမပြုစေချင်ခဲ့တာ… ကိုယ့်ရဲ့ အစွမ်းအစကိုပဲ အားကိုးပြီးတော့ ရန်သူကို ရင်ဆိုင်စေချင်တယ်လေ။ ဒါမှပဲ ဒီကနေ အတွေ့အကြုံတွေ ရပြီး တိုးတက်လာနိုင်မှာ မဟုတ်လား…”

ဂျိနင် Book 31 - Where stories live. Discover now