Chp 706 ( ကမ္ဘာ့ညည်းသံ တောင်)

46 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 706 (ကမ္ဘာ့ ညည်းသံတောင်..)

အရှင်သက္ကဂ္ဂထာနဲ့ သူ့ရဲ့ အဖွဲ့ဟာ ကမ္ဘာ့ညည်းသံတောင်ကို အမြန်ဆုံးပျံသန်းလို့လာနေခဲ့တဲ့အတွက် စကြ၀ဠာမှာ ရွှေရောင်အလင်းတန်း သုံးခုကို မြင်တွေ့ရပါလိမ့်မယ်။

“ဒေါင်းမလေးယဉ်… သူတို့ တောင့်ခံထားနိုင်ရဲ့လား..”
သက္ကဂ္ဂထာ စိတ်နဲ့ဆက်သွယ်ပြီး ကိုယ်ပွားကို လှမ်းမေးလိုက်ပါတယ်။

သက္ကဂ္ဂထာရဲ့ ဗုဒ္ဓလက်ဝါးတော်ထဲမှာ မရေမတွက်နိုင်တဲ့ သက်ရှိများစွာ ရှိနေခဲ့ပါတယ်။ ဒေါင်းမလေးယဉ်လည်း အဲဒီလက်ဝါးထဲက လောကမှာပါ…

“တောင်ရဲ့ နှလုံးခုန်သံက အရမ်းကို ကျယ်လောင်လာနေပြီ… ဒီအသံဟာ အထွတ်အထိပ် နှုန်းလောက်ကို ရောက်ရှိသွားခဲ့မယ်ဆိုရင်… တိုက်ခိုက်မှုတွေ စတင်လာလိမ့်မယ်။ အခုတော့ ကျွန်မတို့ အားလုံး ဂရုတစိုက်ပဲ စောင့်ကြည့်နေကြတုန်း…  ဒါပေမဲ့ တိုက်ခိုက်တာတော့ သိပ်မကြာခင် ခံရတော့မှာ…”
ဗုဒ္ဓလက်ဝါးလောကထဲက လှမ်းပြီးတော့ သူမ ပြန်ပြောလိုက်ပါတယ်။

“မင်းတို့ သတိထားကြဦး…”
သက္ကဂ္ဂထာလည်း စကားအချို့ ပြောလိုက်ပြီးတော့ သူ့ရဲ့ ဗုဒ္ဓသုံးပါးကို လှမ်းကြည့်လိုက်ပါတယ်။
“မင်းတို့တွေ ငါ့ရဲ့ ဗုဒ္ဓလက်ဝါးလောကထဲ အခုလောလောဆယ် ၀င်နေလိုက်ကြဦး.. ဒါဆို ငါခရီးပိုတွင်လိမ့်မယ်။”

“ဟုတ်ကဲ့ပါ အရှင်ဗုဒ္ဓ…”
တခြား ဗုဒ္ဓသုံးပါးလည်း ပြန်ဖြေလိုက်ကြပါတယ်။ သက္ကဂ္ဂထာဟာ ဗုဒ္ဓအဖွဲ့အစည်း အနှိုင်းမဲ့ ခေါင်းဆောင်ပါ…

သက္ကဂ္ဂထာလည်း သူ့ရဲ့ လက်ကို ဝှေ့ယမ်းလိုက်ပြီးတော့ ဗုဒ္ဓသုံးပါးကို သိမ်းဆည်းလိုက်ပါတယ်။ ဒီအခါမှာတော့ သူ့ကို ၀န်းရံလို့ထားတဲ့ ရွှေရောင်အလင်းတွေရဲ့ အမြန်နှုန်းဟာ သိသိသာသာကို ပိုပြီး မြန်ဆန်သွားခဲ့ပါပြီ.. ကမ္ဘာ့ညည်းသံတောင်ကို သူအမြန်ဆုံးပဲ ပျံသန်းလာနေခဲ့ပါတော့တယ်။

….

ကမ္ဘာဦး အပျက်အစီး ကမ္ဘာကြီးရဲ့ အတွင်းကျလှတဲ့နယ်မြေမှာ ရှိနေတဲ့ နန်းတော်ကြီး အတွင်းမှာတော့…

ဂျိနင် Book 31 - Où les histoires vivent. Découvrez maintenant