Book 32 Chp 640 ( ငါနောင်တမရဘူး)

45 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 640 (ငါနောင်တမရဘူး)

“အမှန်ပဲ”
အင်ပါရီယာ နတ်ဘုရားကြီးအော့ဝှစ်ကလည်း အက်ကွဲနေတဲ့ အသံနဲ့ပြောလာခဲ့ပါတယ်။
“ညီလေးအနေနဲ့ အချိန်အကြာကြီးကို တိုက်ခိုက်ရမှာဖြစ်လို့… နတ်ဘုရား စွမ်းအင်ကို သုံးချင်သလို အသုံးပြုလို့့ မရနိုင်ဘူးလေ။ ညီလေးအနေနဲ့ တတ်နိုင်သမျှ စွမ်းအင်ကို ချိုးခြံချွေတာပြီး အသုံးပြုရမှာ…. ဒက်နော့.. ဒီ စမ်းသပ်စစ်ဆေးမှုကို ညီလေး ရင်ဆိုင်တော့မယ်ဆိုရင်.. တိုက်ခိုက်တာမှာ ညီလေးရဲ့ ဓားအင်အားကိုပဲ အသုံးပြု၇လိမ့်မယ်။ ဓားအင်အားဆိုတာ တည်ရှိနေတဲ့ ဓားရဲ့ အမြုတေကနေ ထွက်ပေါ်လာခဲ့တာပဲလေ။ ဒါကအဆုံးအစမဲ့ဖြစ်သလို ခန်းခြောက်သွားခြင်း မရှိဘူး။”

ဂျိနင် ခေါင်းညိတ်လိုက်ပါတယ်။ သူ့အနေနဲ့ ရာစုနှစ် တစ်ခုလောက် တိုက်ခိုက်မယ်ဆိုရင်… ကီကျင့်စဉ်အားလုံးဟာ အသုံးမ၀င်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့.. ဓားပျံကြီးတစ်ထောင် ၀င်္ကပါ ဓားသိုင်းရဲ့ န၀မမြောက် စက်ဝုိင်းအတွက် စွမ်းအင်ပမာဏ အများကြီးကို လိုအပ်နေတယ်လေ။ သူ့ရဲ့ ဒုတိယ တန်းစား သန့်စင်သောယန် ဂျိဒန်က သာမန်အစစ်အမှန် အင်မော်တယ်ထက် ပိုပြီး များပြားတဲ့ စွမ်းအင်တွေကို ထုတ်ပေးနိုင်ပေမဲ့လည်း ကျောက်စိမ်းဓားတွေကို ဆက်တိုက် အသုံးပြုဖို့ကတော့ သူ့အတွက် မဖြစ်နိုင်သေးပါဘူး။ သူ့အနေနဲ့ နေ့တစ်၀က်လောက်အထိသာ မရပ်မနား တိုက်ခိုက်နိုင်ပါလိမ့်မယ်။ ရာစုနှစ် တစ်ခုကတော့…

အလွန်ကို ကြာရှည်တဲ့ စစ်ပွဲအတွက်.. သူ့အနေနဲ့ ဓားအင်အားကိုပဲ အားကိုးရတော့မှာပါ…. နတ်ဘုရား စွမ်းအင်တွေအတွက်ကတော့.. နင်က ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို အသုံးမပြုရဲတော့ပါဘူး။ ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်းဆိုရင် ဝေလာဝေးလေ။ ဒီပညာရပ်တွေအတွက် နတ်ဘုရားစွမ်းအင်လိုအပ်ချက် အရမ်းကို မြင့်မားနေလို့ပါ…

နင့်အနေနဲ့ ရာစုနှစ် တစ်ခုလောက် မရပ်မနား တိုက်ခိုက်နိုင်ဖို့က.. သူ့အနေနဲ့ အသုံးပြုတဲ့ စွမ်းအင်ဟာ ပြည်လည် ဖြည့်နိုင်တဲ့ စွမ်းအင်အောက် လျော့နည်းမှသာ ဖြစ်တော့မှာပါ…

ဂျိနင် Book 31 - Where stories live. Discover now