Chp 633 ( ရေခဲနှလုံးသားပင်စည်)

39 1 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 633 (ရေခဲနှလုံးသားပင်စည်)

“နေကြပါဦး…”
ဂျိနင် အော်ပြောလိုက်ပါတယ်။

နဂါးနတ်ဘုရားကြီး ခုနစ်ပါးနဲ့ အင်ပါရီယာ နတ်ဘုရား တောင်ရိုင်းတို့ဟာ ထင်ကြေးပေးပြောနေကြတာကို ရပ်တန့်လိုက်ကြပြီလေ။ တကယ်ဆိုရင်တော့ ဒီစကားတွေကို သူတို့ မပြောလိုခဲ့ကြပါဘူး။ ဒါပေမဲ့လည်း ပါကတရိ နတ်ဘုရားလက်အောက်မှာ နင်သေဆုံးသွားရတာကို သူတို မမြင်လိုခဲ့ကြဘူးလေ။

“အစ်ကိုကြီးတို့.. အား… ဘယ်သူက ကျွန်တော့်ဓားအင်အား အဆင့်သုံးပဲ ရှိသေးတယ်လို့ အစ်ကိုကြီးတို့ကို ပြောခဲ့တာလဲ…”

“အဲ…”
သူတို့ ရှစ်ဦးလုံး အူကြောင်ကြောင်ဖြစ်သွားကြပါတယ်။ နင်ရဲ့ စကားအရဆို.. သူက ဒီအဆင့်မှာ မဟုတ်ဘူးလား…

“အစ်ကိုပြောပြလိုက်တာလေ။”
တောင်ရိုင်းလည်း နင်ကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီးတော့
“အစ်ကိုပြောတာ မှားသွားလို့လား..”

“အိုး…”
နင် နားလည်သွားခဲ့ပါပြီ။ ရယ်မောလိုက်ပြီးတော့.. သူရှင်းပြလိုက်ပါတော့တယ်။
“ဂိုဏ်းတူအစ်ကိုကြီး တောင်ရိုင်းနဲ့ ကျွန်တော် စတင်တွေ့ဆုံခဲ့ချိန်မှာတုန်းက… ကျွန်တော်ဟာ တကယ်ပဲ ဓားအင်အား အဆင့်သုံးမှာ ရှိနေခဲ့တာပါ…”

ဒီစကားကြောင့် သူတို့ ရှစ်ဦးလုံး အံ့သြ၀မ်းသာသွားခဲ့ကြပြီလေ။

“ညီလေး အဆင့်တက်သွားပြီလား..”

“နှင်းမိစ္ဆာကို တိုက်ခိုက်တုန်းက ညီလေး အဆင့်တက်သွားတာလား…”

“ဓားအင်အား အဆင့်လေးကို ညီလေး ရောက်သွားပြီလား…”
အားလုံးပဲ နင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြပါတယ်။

နင်လည်း ပြုံးပြီးတော့ ခေါင်းညိတ်ပြလိုက်ပြီလေ။ တစ်ချိန်တည်းမှာပဲ… သူ့ရဲ့ လက်တစ်ချောင်းကို ဝှေ့ယမ်းလိုက်ပါတယ်။ ဒီမှာပဲ အလွန်ကို ထက်မြိတဲ့ ဓားနက်အလင်းရောင်တစ်ခု ဝေ့၀ဲထွက်ပေါ်လာခဲ့ပြီလေ။

ဓားနက် အသွင်သဏ္ဌာန် ရှိနေတဲ့ ဓားအင်အားကို တွေ့လိုက်ရတော့ နဂါးနတ်ဘုရားကြီး ခုနစ်ပါးနဲ့ တောင်ရိုင်းတို့ အလွန်ကို ၀မ်းသာပျော်ရွှင်သွားကြပါတယ်။ ဒါပေမဲ့ သူတို့ ရယ်ရခက် ငိုရခက်တော့ ဖြစ်သွားခဲ့ကြတယ်လေ။

ဂျိနင် Book 31 - Where stories live. Discover now