Chp 705 ( အန္တရာယ် နယ်မြေ)

46 1 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 705 (အန္တရာယ် နယ်မြေ)

၀ှစ်

သူတို့ တပ်စုဟာ အတားအဆီးမှန်သမျှကို ခြေမှုန်းရင်း ဆက်ပြီးတော့ ပျံသန်းသွားနေခဲ့ပါတယ်။ ဘာပြသနာကိုပဲ တွေ့မြင့်လိုက်ပါစေ.. ကွာဖူဟာ သူ့ရဲ့ ခြေထောက်ကို ဆန့်ထုတ်ပြီးတော့ နင်းချေလိုက်တယ်လေ။ သူတို့အရှေ့မှာ ရှိလို့နေတဲ့ ကီလိုမီတာ သောင်းနဲ့ချီတဲ့ နယ်မြေတိုင်းဟာ ပြားချပ်သွားခဲ့ပြီး ခြေရာအသွင်ချိုင့်ဝှမ်းကြီး အဖြစ် အမြဲတမ်းလိုလို ထင်ကျန်နေရစ်ခဲ့ပါတယ်။

ဂျိနင် တစ်ဦးတည်းခရီးဆက်တဲ့အခါမှာတုန်းက ပိုးကောင်သားရိုင်း ကိုးကောင်နဲ့ ဖင်းဂေါ့၀င်္ကပါလို အတားအဆီးတွေကို မကြာခဏဆိုသလို ရင်ဆိုင်ခဲ့ရတယ်လေ။ ဒါပေမဲ့ ကွာဖူတို့အဖွဲ့နဲ့ သူပူးပေါင်းပြီးသွားတဲ့အခါမှာတော့ အားလုံးဟာ ပိုပြီးလွယ်ကူသွားခဲ့ရပါပြီ..

“လွယ်နေတယ်လို့ မထင်မိဘူးလား..”
နင်နဲ့ ရှင်းတျန်းတို့ဟာ ရင်ဘောင်တန်းပြီး ပျံသန်းနေခဲ့တာပါ.. နင်ကို သူလှမ်းပြီး မေးမြန်းကြည့်လိုက်ပါတယ်။

နင်လည်း ခေါင်းမဲ့နေတဲ့ ရှင်းတျန်းရဲ့ ခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်ပါတယ်။ ကောင်းကင်ဘုံကို အပြစ်ပေးသူ ၀င်္ကပါကို သူထိန်းချုပ်အသုံးပြုခဲ့ဖူးတဲ့အတွက် စိတ်မသက်မသာတော့ မဖြစ်ခဲ့ပါဘူး.. သူပြန်ဖြေလိုက်ပါတယ်။
“ဟုတ်တယ်… ကျွန်တော်ဆို ဘာမှ တိုက်ခိုက်ခွင့်ကို မရတော့တာ…”

“ကွာဖူက ဒီအဖွဲ့မှာ အမြန်ဆုံးပဲလေ… ငါတို့တွေထဲက ဘယ်သူမှ သူ့ကို မကျော်နိုင်ကြဘူး…”
ရှင်းတျန်းလည်း ရယ်မောလိုက်ပြီးတော့
“ကမ္ဘာဦး အပျက်အစီး ကမ္ဘာရဲ့ဂြိုဟ်သားကျူးကျော်သူတွေဟာ လောကသုံးပါးထဲမှာ ရှိကြတဲ့ တန်ခိုးရှင်တွေအားလုံးထက် အများကြီး အားနည်းတယ်ဆိုတာကို မင်းသိပြီးသားဖြစ်မှာပါ.. ဒါကြောင့်လည်း ငါတို့ လာပြီးတိုက်ခိုက်တော့ သူတို့တွေ ထွက်ပြီးမရင်ဆိုင်ရဲခဲ့ကြတာလေ… သူတို့အနေနဲ့ ပြင်းထန်လှတဲ့ ပတ်၀န်းကျင်ကို အသုံးချပြီး ငါတို့ကို ရင်ဆိုင်လို့ပဲ ရလိမ့်မယ်။ အမှောင်ဆိတ်ငြိမ်ကမ္ဘာနယ်မြေဆိုတာကလည်း ကမ္ဘာဦး အပျက်အစီး ကမ္ဘာကြီးရဲ့ ထိပ်တန်းအဆင့် ကမ္ဘာတစ်ခုပဲလေ… အမှောင်ဆိတ်ငြိမ် ကမ္ဘာနယ်မြေလို နေရာကို အစွမ်းထက်တဲ့ ဂြိုဟ်သားကျူးကျော်သူတွေကပဲ အပိုင်စီးထားမှာ.. ဒါကြောင့် အန္တရာယ် အနည်းဆုံး နယ်မြေတွေထဲ ပါ၀င်လိမ့်မယ်။”

ဂျိနင် Book 31 - Where stories live. Discover now