Chp 707 ( အဲဒီလှိုင်းကလေး )

43 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 707 (အဲဒီလှိုင်းကလေး)

ဘုရင်မ ရှီလည်း  ထူးဆန်းတဲ့ အရာ၀တ္ထုဟာ အကာအကွယ် ၀င်္ကပါကို ဖောက်ထွက်လာခဲ့မှပဲ သတိထားမိသွားခဲ့ပါတယ်။ သူမ မျက်နှာပျက်သွားခဲ့ပါပြီ..

“မကောင်းတော့ဘူး…”

မြန်မြန်ပဲ ရှောင်တိမ်းလိုက်သလို သူမရဲ့ အင်္ကျီလက်စနဲ့လည်း တားဆီးလိုက်ပါသေးတယ်။

ခလွမ်

စူးရှတဲ့ အရာ၀တ္ထုဟာ သူမရဲ့ အင်္ကျီလက်စကို ဖောက်ထွက်ပြီးတော့ တခြားတစ်နေရာကို ပျံသန်းသွားခဲ့ပါပြီ..

“အားလုံးပဲ သတိထားကြပါ…”
ဘုရင်မ ရှီ အသည်းအသန် ပြောလာခဲ့ပါပြီ…
“အဲဒါက အရမ်းကို မြန်လွန်းနေတယ်။ အလစ်အငိုက် မမိစေကြနဲ့…”

“ရှင်းတျန်း… မင်းမှာ ဒိုင်းလို အကာအကွယ်မှော်ရတနာတွေ ရှိလား…”
အစစ်အမှန် နတ်ဘုရား လုဝူက မြန်မြန်လှမ်းမေးလိုက်ပါတယ်။

“အေး..ရှိတယ်။”
ရှင်းတျန်လည်း ဒိုင်းအဝုိင်းလေးတစ်ခုကို ထုတ်ယူလိုက်ပြီးတော့ လုဝူဆီပစ်ပေးလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဒိုင်းဟာ သူတို့ ခန္ဓာကိုယ် တစ်၀က်နီးပါးလောက် ကြီးမားသွားခဲ့ပါပြီ.. လုဝူလည်း ဒိုင်းကို လက်တစ်ဖက်နဲ့ ကိုင်ထားရင်းနဲ့ နောက်တစ်ဖက်ကတော့ သူ့ရဲ့ သတ္ထုကြာပွတ်ကို ကိုင်ထားခဲ့ပါတယ်။

ရှင်းတျန်လည်း အလားတူ ဒိုင်းတစ်ခုကို လက်ထဲကိုင်ထားတယ်လေ။ ကောင်းကင်ဘုံကို အပြစ်ပေးသူ ပုဆိန်ကြီးကတော့ သူ့ရဲ့ နောက်ထပ်လက်တစ်ဖက်ထဲမှာပါ… မြန်မြန်ပဲ သူလှမ်းမေးလိုက်ပါပြီ…
“ဒိုင်းလိုချင်ကြတဲ့ လူတွေရှိသေးလား…”
ပြောဆိုရင်းနဲ့ သူ့ရဲ့ အကြည့်ဟာ ၀င်္ကပါရဲ့ အလယ်မှာ ရှိနေတဲ့ နင်ဆီကို ရောက်ရှိသွားခဲ့ပါပြီ…

ခုနစ်ဦးထဲမှာ ကွာဖူဟာ အစွမ်းအထက်ဆုံးပါ… ပြီးရင် ရှင်းတျန်း၊ ဘု၇င်မရှီ .. စသည်ဖြင့်လာပါတယ်။ ရှင်းတျန်းမှာ ဒိုင်းရှိပြီးဖြစ်သလို ဘုရင်မရှီဟာလည်း အင်္ကျီလက်စကို အသုံးပြုတာမှာ အလွန်ကို အစွမ်းထက်တယ်လေ။

ဂျိနင် Book 31 - Where stories live. Discover now