Chp 677 ( သေလုမျောပါး ဖြစ်ခြင်း)

39 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 677 (သေလုမျောပါး ဖြစ်ခြင်း)

သမင်ဖမ်း ကမ္ဘာမှာ ရှိနေတဲ့ အက်ကြောင်းမဲ့ဂိတ်ရဲ့ အသက်ရှင်လျက် ကျန်ရစ်ခဲ့တဲ့ တပ်မဟာတွေဟာ ဆုတ်ခွာသွားခဲ့ပါပြီ.. ဒါက အက်ကြောင်းမဲ့ဂိတ်ရဲ့ အကြီးကျယ်ဆုံးသော စစ်ရှုံးရခြင်းပါ…

“အဲ….”

သူတို့တွေ ဆုတ်ခွာနေကြသလို ရင်ထဲမှာလည်း မကောင်းခဲ့ကြပါဘူး.. ဒီအချိန်မှာပဲ နတ်ဘုရားဘုရင်နဲ့ တာအိုမိခင်ကြီး မိစ္ဆာလက်တို့ တုန်လှုပ်သွားခဲ့ကြပါပြီ..

“မိစ္ဆာခပ်သိမ်းသခင်ကြီးက ငါတို့ကို ဆင့်ခေါ်နေပါလား…”
နတ်ဘုရားဘုရင်လည်း နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါတယ်။

“ဘာဖြစ်လို့ လေမိစ္ဆာက ငါတို့ကို ဆင့်ခေါ်ရတာလဲ… ဒီလို ကိစ္စတွေမှာ သူတစ်ခါမှ မပတ်သတ်ခဲ့ဘူး မဟုတ်လား… ”
တာအိုမိခင်ကြီး မိစ္ဆာလက်လည်း အံ့အားသင့်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း နှစ်ဦးလုံး တုန့်ဆိုင်းခြင်း မရှိခဲ့ပါဘူး… ချက်ချင်းပဲ သူတို့ရဲ့ ပင်မစိတ်အာရုံကို မိစ္ဆာခပ်သိမ်း ကမ္ဘာဆီ ဖြန့်ကျက်ထုတ်လိုက်ပါတော့တယ်။ ကိုယ်ပွားတစ်ခုကို တည်ဆောက်လိုက်ပြီးတော့ မိစ္ဆာခပ်သိမ်းကမ္ဘာထဲ ဆင်းသက်ခိုင်းလိုက်ပြီလေ…

မိစ္ဆာခပ်သိမ်း ကမ္ဘာ.. လေမိစ္ဆာနန်းတော်…. ဒီနန်းတော်ရဲ့ အမြင့်ဆုံးသော ခေါင်မိုးထိပ်မှာတော့ တိမ်တိုက်တွေ ရစ်သိုင်းနေလို့… ပုဂ္ဂိုလ်ကြီးလေးဦးဟာ ဒီတိမ်တိုက်အထက်မှာ ရှိနေခဲ့ပါတယ်။ သူတို့လေးဦးဟာ အက်ကြောင်းမဲ့ဂိတ် တစ်ခုလုံးရဲ့ တစ်ကယ့် ခေါင်းဆောင်တွေပါ…

ရှိနေကြသူတွေကတော့ မိစ္ဆာခပ်သိမ်း သခင်ကြီး၊ အကြီးအကဲ ထာ၀ရ သစ်သား ၊ တာအိုမိခင်ကြီး မိစ္ဆာလက် နဲ့ နတ်ဘုရားဘုရင်တို့ပါ…

“ဆရာဦးလေး.. ဘာဖြစ်လို့ ကျွန်တော်တို့ အားလုံးကို ဆင့်ခေါ်လိုက်ရတာလဲ ခင်ဗျ…”
လေးဦးထဲမှာတော့ နတ်ဘုရားဘုရင်က အဆင့်အနိမ့်ဆုံးပါ… ဒါကြောင့်လည်း အရမ်းကို လေးစားရိုသေစွာနဲ့ သူစကားစတင်ပြောလာခဲ့ပါတယ်။

ဂျိနင် Book 31 - Where stories live. Discover now