Chp 686 ( တိုက်ခိုက်သတ်ဖြတ်ခြင်း)

44 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 686 (တိုက်ခိုက်သတ်ဖြတ်ခြင်း)

တာအိုဖခင်ကြီး အရိပ်မဲ့ဟာ ဓားဖခင်ကြီး အန်ကွမ်းထက်စာရင်တော့ အနည်းငယ်ပိုပြီး အစွမ်းထက်ပါလိမ့်မယ်။ ဒါကလည်း သူ့ရဲ့ နတ်ဘုရားသိုင်းပညာကြောင့်ပါ… တကယ့် သိုင်းစွမ်းကိုပြောမယ်ဆိုရင်တော့.. ဓားဖခင်ကြီး အမ်ကွမ်းဟာ ပိုပြီး သာလွန်ခဲ့ပါတယ်။

သူ့ရဲ့ ဓားသိုင်းဟာ အက်ကြောင်းမဲ့ဂိတ်တစ်ခုလုံးမှာ အစွမ်းအထက်ဆုံး ဖြစ်သလို သူ့ရဲ့ လူသတ်သိုင်းပညာတွေဟာလည်း ဒုတိယဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဟုန်ယွိရဲ့ တိုက်ခိုက်မှုအောက်မှ သူသေဆုံးသွားခဲ့ရပါပြီ…

ဂျိနင်လည်း ဓားဖခင်ကြီး အမ်ကွမ်းရဲ့ ဓားသိုင်းပညာကို အသေးစိတ် လေ့လာသုံးသပ်နေခဲ့ပါတယ်။ သူရင်ဆိုင်ခဲ့ရတဲ့ ဓားသိုင်းကွက်တွေကနေ နားလည်နိုင်မျှကို သင်ယူလေ့လာနေခဲ့တာပါ.. တာအိုမိခင်ကြီး မိစ္ဆာလက်ရဲ့ လက်ဝါးသိုင်းကိုတော့ နင့်အနေနဲ့ နားလည်နိုင်စွမ်း မရှိဘူးလေ။ တချို့သော ဆန်းကြယ်လေးနက်မှုတွေသာ နင်မြင်တွေ့နိုင်တာပါ… ဒီလိုနဲ့ သူဟာ ပိုပြီး နားလည်သဘောပေါက်မှု ရင့်သန်လာခဲ့ပါပြီ….

နင်မျက်လုံး ပြန်ဖွင့်လိုက်တဲ့ အခါမှာတော့ ကိုးရက် ကုန်ဆုံးသွားခဲ့ပြီလေ။

၀တ်စုံဖြူ၀တ် ဂျိနင်ဟာ ကျောက်စိမ်းဘုရားကျောင်းထဲကနေ ထွက်ခွာလာခဲ့ပါပြီ… သူ့လက်ချောင်းလေးတွေကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ဓားရှည်တစ်ချောင်း ထွက်ပေါ်လာခဲ့ပြီလေ။

ရွှစ် ရွှစ် ရွှစ်..

ဓားအလင်းဟာ လှပစွာနဲ့ လှုပ်ရှားထွက်ပေါ်လာခဲ့ပါတယ်။ တခါတရံမှာ အလွန်ပဲ စူးရှထက်မြိနေပြီး.. တခါတရံမှာလည်း အလွန်ကို လေးနက်ဆန်းကြယ်နေလို့.. တခါတရံမှာတော့ အလွန်ကိုပဲ အင်အားကြီးမားပြင်းထန်နေခဲ့ပါတယ်။

“ငါရှင်းရှင်းလင်းလင်း မြင်လာခဲ့ရပြီ.. ငါခြေတစ်လှမ်းပဲ ကျန်တော့တယ်။ ဘာဖြစ်လို့ ငါအဆင့်မတက်နိုင်ခဲ့ရတာလဲ…”
နင်လည်း ခေါင်းခါယမ်းလိုက်မိပါတယ်။ သူတိုးတိုးလေးပဲ ရေရွတ်လိုက်ခဲ့တာပါ… ဒီတိုက်ပွဲက ရရှိခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ဓားအင်အားအဆင့်ငါးကို ရောက်ရှိသွားလိမ့်မယ်လို့ သူထင်မိခဲ့တာလေ။ တာအိုမိခင်ကြီါ် မိစ္ဆာလက်ဟာ တကယ့်ကို အစွမ်းထက်လှတဲ့ မဟာတန်ခိုးရှင် တစ်ဦးပါ… သူမဟာ အက်ကြောင်းမဲ့ဂိတ်ရဲ့ မိုးကောင်းကင်တာအိုလေးခုဖြစ်တဲ့ မြေ၊ မီး၊ ရေ နဲ့ လေဆိုတဲ့ ဓာတ်ကြီးလေးပါးကို နားလည်အောင်မြင်ထားခဲ့ပြီးပါပြီ.. သူမနဲ့ အသက်လုတိုက်ပွဲ ရင်ဆိုင်ရတယ်ဆိုတာ တစ်ကယ့်ကို ရှာမှ ရှားတဲ့ အခွင့်အရေးတစ်ခုပါ..

ဂျိနင် Book 31 - Tempat cerita menjadi hidup. Temukan sekarang