Chp 652 ( ပြန်ပြီလား စကြာဝဠာလှေကား)

44 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 652 (ပြန်ပြီလား.. စကြ၀ဠာ လှေခါး)

ဂျိနင်နားလည်သွားခဲ့ပါပြီ။ ပန်ဂဲပျက်စီးခြင်း နိုင်ငံတော်ဟာ လောကသုံးပါးထက် အဆများစွာကို ပိုပြီး အစွမ်းထက်တယ်လေ။ သူ့မှာကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာနဲ့ အချိတ်အဆက်တွေ အများကြီး ရှိနေနိုင်ပါတယ်။ ဒါကြောင့်လည်း သူတို့အသုံးပြုတဲ့ ဘာသာစကားဟာ ကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာတစ်ခုလုံးက အသုံးပြုတဲ့ ဘာသာစကား ဖြစ်နေခဲ့တာပါ… လောကသုံးပါးဟာဆိုရင်တော့.. ကမ္ဘာဦးပျက်စီးခြင်းစကြ၀ဠာတစ်ခုလုံးနဲ့ အဆက်အသွယ်မဲ့နေခဲ့တယ်လေ။ ကျူးကျော်သူ ဂြိုဟ်သားအပြင်လူတွေ ရောက်ရှိလာမှသာ လောကသုံးပါးဟာ ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာအကြောင်း သိလာခဲ့တာပါ…

“အဲ .. မေ့ထားလိုက်တော့မယ်။ ကျယ်ပြောသောကောင်းကင်ဘုံ ကမ္ဘာ၊ ပန်ဂဲ၊ ကမ္ဘာ့ နတ်ဘုရားနော့ရတ်၊ ဝူကျောင်း နတ်ဘုရား သားရဲသုံးကောင်.. အားလုံးက ငါ့ရဲ့ လက်ရှိအဆင့်နဲ့ ကြည့်လိုက်ရင် ဟိုးမိုးပေါ်မှာရှိနေကြတာ… ငါကျိန်ဆိုခဲ့တဲ့ အသက်သွေးသစ္စာတောင်မှ ငါအကြီးအကဲ နတ်ဘုရားဖြစ်လာမှသာ အသက်၀င်လာမှာ မဟုတ်လား…  အဲတော့မှပဲ လောကသုံးပါးကနေ  ငါထွက်သွားရမှာလေ။”
နင် အေးအေးလူလူပဲ ရှိနေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ လအောက်ရေကန်ကနေ အံ့မခန်း အကျိုးကျေးဇူးတွေ သူရိတ်သိမ်းနိုင်ခဲ့ပြီလေ။ လောကသုံးပါးမှာ စစ်ပွဲကြီးစစ်ပွားနေတဲ့ အချိန်ဖြစ်သလို နင့်ရဲ့ မွေးရပ်မြေ အိမ် အပါအ၀င် သူချစ်ရသူ အားလုံးဟာလည်း လောကသုံးပါးထဲမှာပဲလေ။ ဘယ်အရာမှ အရေးမကြီးတော့ပါဘူး။

အကြီးအကဲ နတ်ဘုရားဖြစ်လာဖို့ဆိုတာကလည်း လွယ်ကူလှတယ် မဟုတ်လှပါဘူး။ အစစ်အမှန် နတ်ဘုရားဖြစ်လာဖို့တောင် အရမ်းကို ခက်ခဲတာလေ။ ဒီအတွက်လည်း ဘယ်လောက်ကြာမယ်မှန်း မသိ အချိန်ပေးရဦးမှာပါ။

“နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ.. လူနှစ်ဦးပဲ လအောက်ရေကန်ရဲ့ ကျင့်စဉ်နှစ်ခုကို ရသွားခဲ့သေးတယ်။ တစ်ဦးကတော့ မင်း နောက်တစ်ဦးကတော့ ဂျူမင်းပဲ..”
ငွေရောင်ဆံပင်နဲ့ လူကြီးက နင်ကို ကြည့်လိုက်ပြီးတော့
“ဆရာ့ကို စိတ်မပျက်သွားစေနဲ့…”

ဂျိနင် Book 31 - Unde poveștirile trăiesc. Descoperă acum