Chp 694 ( နတ်ဓား ခရမ်းရောင်ကျောက်မျက်)

45 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 694 (နတ်ဓား ခရမ်းရောင်ကျောက်မျက်)

ဂျိနင်ဟာ ကောင်းကင်ထက်က ဆင်းသက်လာခဲ့ပြီးတော့ ဓာတ်ကြီးငါးပါး ဆေးပေါင်းအိုး အနားကို လျှောက်လှမ်းသွားခဲ့ပါပြီ… ရှေးခေတ်ဟောင်းရဲ့ ကျောက်စင်မြင့်တစ်ခုထက် တင်ထားတဲ့ သွေးရောင်ဓားတစ်ချောင်းကို သူလှမ်းကြည့်လိုက်ပါတယ်။ ဒီဓားရဲ့ မျက်နှာပြင်ဟာ အက်ကြောင်းတွေ ပြည့်နေလို့…

“ခရမ်းရောင်ကျောက်မျက်…”
ဓားကို နင်အချိန်တော်တော်ကြာအောင် စိုက်ကြည့်နေမိခဲ့ပါတယ်။ သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်ပြီးတော့

၀ှစ်

ရတနာတွေ တောင်ပုံရာပုံ ထွက်ပေါ်လာခဲ့ပါပြီ.. ရတနာတိုင်းကနေ ဖြာထွက်နေတဲ့ အော်ရာအရှိန်အဝါတွေဟာ အလွန်ကိုပဲ ကြောက်မက်ဖွယ်ကောင်းလွန်းလှပါတယ်။ အခုတော့ တောင်ကလေးတစ်လုံးအရွယ်လောက် ဖြစ်သွားခဲ့ပါပြီ… ဒါကတော့ အစစ်အမှန် နတ်ဘုရားနဲ့ အစစ်အမှန် အင်မော်တယ် တစ်ရာကျော်ဆီကနေ နင်ရရှိလာခဲ့တဲ့ မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာတွေအားလုံးနီးပါးလောက်ပါ…

အစစ်အမှန် နတ်ဘုရားနဲ့ အစစ်အမှန် အင်မော်တယ်တွေ အများကြီးကို ဓားပြတိုက်ပြီးသွားခဲ့တဲ့ အခါမှာတော့.. နင်ဟာပျက်စီးခြင်း မှော်ရတနာတစ်ခုကို ရရှိလာခဲ့ပါတယ်။ ဒီပျက်စီးခြင်းမှော်ရတနာကတော့ မဟာစစ်သုံးတူကြီး တစ်ချောင်းဖြစ်ပြီး လျှပ်စီးတွေ ဆက်တိုက်ကို စီးဆင်းနေလို့..

“မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာတွေ အများကြီးပဲ… အင်း.. ဒီလောက်အများကြီးလည်း လိုမှ မလိုအပ်တာ…”
ဓာတ်ကြီးငါးပါး ဆေးပေါင်းအိုးကို နင်လက်ညှိုးနဲ့ညွှန်လိုက်ပါတော့တယ်။
“မောင်းနှင်စမ်း”

၀ုန်း ဝုန်း ဝေါ ဝေါ

ဓာတ်ကြီးငါးပါး ဆေးပေါင်းအိုးဟာ အံ့မခန်း အော်ရာအရှိန်အဝါတွေ ဖြာထွက်လာခဲ့သလို သူ့ရဲ့ လက်ကိုင်တွေကနေလည်း ရောင်စဉ်ငါးသွယ် ဖြာထွက်လာခဲ့ပါပြီ…

“သွားစမ်း..”
နင်လည်း ဓားရဲ့ သဘာ၀ ပါ၀င်တဲ့ နတ်ဘုရားစွမ်းအင် အမျှင်တန်းလေးကို စေလွှတ်လိုက်ပြီးတော့မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာ အားလုံးကို လေထဲ မြောက်တက်သွားစေလိုက်ပါတယ်။ ဆေဘာဓား၊ ဓားရှည်၊ ပုဆိန်တွေ၊ ပုတီးလုံးတွေ… မြောက်များလှစွာသော မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာ အားလုံးဟာ ဓာတ်ကြီးငါးပါး ဆေးပေါင်းအိုး ထဲကို ၀င်ရောက်သွားခဲ့ကြပါပြီ… ဆေးပေါင်းအိုးဟာ သူတို့ထဲ ပါ၀င်တဲ့ ဓာတ်ကြီးငါးပါး အမြုတေတွေကို အငမ်းမရ ထုတ်ယူပြီး ရတနာတွေကို ဖျက်ဆီးနေခဲ့ပြီလေ.. ဆယ်စက္ကန်လောက် အချိန်တိုလေးအတွင်းမှာပဲ.. နင်ဟာ မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာ အခု သုံးဆယ်လောက်ကို ဆေးပေါင်းအိုးထဲ ပစ်ထည့်ပြီးသွားခဲ့ပါပြီ… စွန့်ပစ်ပစ္စည်းတွေဟာလည်း အပုံလိုက်ဖြစ်နေခဲ့ပြီလေ… ဆေးပေါင်းအိုးရဲ့ ဓာတ်ကြီးငါးပါး အမြုတေ သိုလှောင်ခန်းထဲမှာလည်း အမြုတေတွေ တော်တော်များများ ရှိနေခဲ့ပါပြီ..

ဂျိနင် Book 31 - Where stories live. Discover now