Chp 664 ( များပြားလွန်းလှတဲ့ မှတ်ဥာဏ်ပင်လယ်ပြင်ထဲ)

43 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 664 (များပြားလွန်းလှတဲ့ မှတ်ဥာဏ်ပင်လယ်ပြင်ထဲ…)

“ဟားဟားဟား.. လာခဲ့.. လာခဲ့စမ်းပါ.. မင်းတို့နှစ်ယောက် သွားတော့.. ဒီဂိုလမ်ကို ငါ့တာ၀န်ထားလိုက်ချေ…”
ငွေလရဲ့ ဂြိုဟ်ခုနစ်ပါး နတ်ဘုရားကြီးဟာ သွေးဆာနေတဲ့ မိစ္ဆာကြီးတစ်ကောင်အလား… ခရမ်းရောင်အလင်းနဲ့ ဂိုလမ်ကို ကိုယ်တိုင် ၀င်ရောက်တားဆီးလိုက်ပါပြီ။ ဒီဂိုလမ်တွေကို အက်ကြောင်းမဲ့ဂိတ်က ပထမဆုံးအကြိမ် စတင်ထုတ်သုံးလာခဲ့တာပါ… သူတို့တွေက တေ်ာတော်ရှားပါးတဲ့အထဲမှာတော့ပါ၀င်တယ်လေ။ ဒီဂိုလမ်တစ်ကောင်ဆီကလည်း တာအိုဖခင်ဂိုလမ်ကြီးတွေထက် ပိုပြီး အစွမ်းထက်ခဲ့ပါတယ်။

ဂြိုဟ်ခုနစ်လုံး နတ်ဘုရားကြီးတစ်ဦးတည်းအနေနဲ့ ဘယ်လိုမှ တားဆီးနိုင်စွမ်း မရှိတာသေချာပါတယ်။ ဒါပေမဲ့လည်း ငွေလရဲ့ ဂြိုဟ်ခုနစ်လုံး နတ်ဘုရားကြီးဟာ တစ်ဦးတည်းအရှေ့ကို ခုန်ထွက်ပြီး တိုက်ခိုက်လာခဲ့ပါပြီ။ သူဟာလုံး၀ကို ရူးသွပ်သွားခဲ့တဲ့အလား…

နဂါးနက်ကြီးတွေဟာ ကောင်းကင်ထက်ကနေ ဆက်တိုက်ကို ဆင်းသက်လာခဲ့ပြီးတော့ တာအိုဖခင်ဂိုလမ်ကြီးကို တိုက်ခိုက်နေတဲ့ ငွေလကို ဝိုင်း၀န်းတိုက်ခိုက်လိုက်ကြပါတယ်။ ဂိုလမ်လည်း သူတို့ရဲ့ စုပေါင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိခဲ့ပေမဲ့ ဒါကတော့ ရှောင်၇ှားလို့ မရနိုင်ဘူးလေ။

၀ုန်း

ငွေလရဲ့ ဂြိုဟ်ခုနစ်လုံး နတ်ဘုရားကြီး  နောက်ဆုံးမှာတော့ လဲပြိုသွားခဲ့ပါပြီ။

ရက်စက်တဲ့ ခရမ်းရောင် အလင်းဖြာထွက်နေတဲ့ ဂိုလမ်ဟာ အထဲက အင်မော်တယ်တွေကို သတ်ဖြတ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒီအချိန်မှာပဲ တည်ကြည်ခန့်ညားတဲ့ ၀တ်စုံဖြူ၀တ် လူကြီးတစ်ဦး သူတို့အရှေ့မှာ ပေါ်ထွက်လာခဲ့ပါပြီ။ ဒီလူကြီးရဲ့ ခန္ဓာကိုယ်ဟာ မိုးထိအောင်ထိုးနေလို့ပါ… သူကတော့ အင်ပါရီယာ နတ်ဘုရားငွေလပဲလေ။ ငွေလဟာ မီတာ သုံးသိန်းအရွယ်အထိ ကြီးမားသွားခဲ့ပါပြီ။ လက်ဝါးကြီး တစ်ဖက်စီဟာလည်း မီတာ သုံးသောင်းလောက် ကြီးမားတယ်လေ။ သူ့ရဲ့ လက်ဝါးကြီးကို ဆန့်ထုတ်လိုက်ပြီးတော့ သူနဲ့ အနီးဆုံးမှာ ရှိနေတဲ့ ခရမ်းရောင်အလင်း ဂိုလမ်နှစ်ကောင်ကို လှမ်းဖက်ထားလိုက်ပါတော့တယ်။

ဂျိနင် Book 31 - Where stories live. Discover now