Chp 676 ( လျှို့ဝှက်ဆွေးနွေးခြင်း)

41 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 676 (လျှို့ဝှက်ဆွေးနွေးခြင်း)

သူတို့ နိုင်သွားခဲ့ပါပြီ….

ဒီလို အေ၇းကြီးတဲ့ စစ်ပွဲတွေဟာ နှစ်ပေါင်းများစွာကြာမြင်ပြီးမှပဲ အဆုံးသတ်ခဲ့တတ်ပါတယ်။ ဒါပေမဲ့လည်း ဂျိနင်ဆိုတဲ့ ကိန်းရှင်တစ်ခု ပေါ်ထွက်လာခဲ့တယ်လေ။

ပြောရရင်.. မဟာမိတ် နှစ်ဖက်စလုံးဟာ တခြားသူရဲ့ ဝှက်ဖဲကို သိထားကြပြီးသားပါ… နွီဝါးမဟာမိတ်တွေက သူတို့ရဲ့ ရန်သူတွေဆီမှာ အရာအားလုံး တမန်တော် ရှိကြောင်း သိထားသလို.. ကြိုတင်လည်း ပြင်ဆင်လာခဲ့ကြတယ်လေ။ အများဆုံးတော့ စစ်ပွဲမှာ နည်းနည်းအရေးနိမ့်ရုံလောက်သာ ရှိမှာပါ… ဒါပေမဲ့လည်း ရုတ်တရက်ဆိုသလို နင်ပေါ်ထွက်လာခဲ့တာကြောင့်… အက်ကြောင်းမဲ့ဂိတ်လုံး၀ကို အလစ်အငိုက်မိသွားခဲ့ပါတယ်။

သူရုတ်တရက်ပေါ်ထွက်လာတာ… အက်ကြောင်းမဲ့ဂိတ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ အစွမ်းနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာကြောင့်… အက်ကြောင်းမဲ့ဂိတ်ဟာ လုံး၀ကို ပြိုလဲသွားခဲ့ရပါတယ်။ လောကသုံးပါးရဲ့ ကမ္မကံကောင်းခြင်း စစ်ပွဲတွေထဲမှာ အရေးအကြီးဆုံး ဖြစ်တဲ့ စစ်ပွဲကို သူတို့ ရှုံးနိမ့်သွားခဲ့ရပြီလေ.. စစ်ပွဲဟာ လအနည်းငယ်သာ ကြာမြင့်ခဲ့ပါတယ်။

….

သမင်ဖမ်းကမ္ဘာကြီး.. အင်ပါရီယာ နန်းတော်အတွင်းမှာတော့….

မြစ်ဝါမြစ် အင်ပါရီယာ ပြည့်၇ှင် စွမ်ဒီဟာ ကြီးကျယ်ခမ်းနားလှတဲ့ စားသောက်ပွဲကြီးကို ကျင်းပလို့… မဟာပုဂ္ဂိုလ်ကြီးပေါင်းများစွာကို ဖိတ်ခေါ်ထားခဲ့သလို စစ်ပွဲမှာ ပါ၀င်တိုက်ခိုက်ခဲ့ကြတဲ့ အင်ပါ၇ီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေလည်း စာသောက်ပွဲမှာ ပါ၀င်ဆင်နွှဲခဲ့ကြပါတယ်။ နင်ကိုယ်တိုင်လည်း စားသောက်ပွဲမှာ ရှိနေခဲ့ပေမဲ့.. အစောကြီးကတည်းက သူပြန်လည်ထွက်ခွာလာခဲ့ပါတယ်။

အဝေးကို ငေးမောပြီး သူထိုင်နေခဲ့တယ်လေ။

နှင်းပွင့်တွေဟာ သူ့၀န်းကျင်မှာပါ ကျဆင်းနေလို့… နင်တစ်ကိုယ်တည်းထိုင်နေခဲ့သလို သူ့အရှေ့မှာလည်း အရက်တစ်အိုးနဲ့ အရက်ခွက်ကို ချထားခဲ့ပါတယ်။

ဂျိနင် Book 31 - Where stories live. Discover now