Chp 630 ( ဓားအင်အားအဆင့်လေး)

35 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 630 (ဓားအင်အား အဆင့်လေး)

“သူက ဘာဖြစ်လို့ ဒီလောက်မြန်နေရတာလဲ…. ငါက ဓားခြောက်ချောင်းနဲ့ ဆက်တိုက် တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ သူက ခုခံနိုင်နေတယ်။”
ရေခဲပင်လယ်ပြင်ထက် ပြုတ်ကျခဲ့ပြီးနောက် အမြန်ဆုံးပဲ လေထဲကို နင်ပျံတက်လာခဲ့ပါတယ်။ သူ့ရဲ့ မျက်လုံးမှာ မယုံကြည်နိုင်မှုတွေ ပြည့်နေလို့…. အခုပဲ  ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်းကို လက်ခြောက်ဖက်လုံးနဲ့ အသုံးပြုခဲ့တယ်လေ။ ဒါပေမဲ့လည်း သူ့ရန်သူရဲ့ တိုက်ခိုက်မှုကြောင့် လွင့်စဉ်သွားရပြန်ပြီ…

နှစ်ဦးကြားကွာခြားချက်ဟာ အရမ်းကို ကြီးမားလွန်းနေတဲ့အတွက် နင်ဘ၀ပျက်နေပါပြီ။

“နှလုံးသားအင်အားက မြင်တွေ့မရနိုင်တဲ့ လေးနက်ဆန်းကြယ်တဲ့ အင်အားပဲလေ။”

“အနီးကပ် တိုက်ခိုက်မှုမှာ.. အင်အားက အချက်တစ်ချက်ပဲ…. သိုင်းပညာကသာ အရေးပါတာ…”
နင်လည်း ရင်ထဲကနေ သက်ပြင်းချလိုက်မိပါတယ်။ ဒီနှင်းမိစ္ဆာကြီးက ထိုက်ကျိအင်အားကို ထိန်းချုပ်ထားတာ သူသိတယ်လေ။ သူ့ရဲ့ သိုင်းပညာကလည်း အရမ်းကို ဆန်းကြယ်လို့နေပါတယ်။ နင်ရဲ့ ဓားအင်အားက တတိယ အဆင့်ကိုသာ ရောက်သေးတာပါ။ သူ့ရဲ့ ပင်းယွဲ့ ဓားသိုင်းဟာ ပညာရပ်ပိုင်းဆိုင်ရာမှာ ရန်သူရဲ့ တုတ်သိုင်းကို မမှီနေတာ ရှင်းနေပါပြီ။

တိုက်ခိုက်မှု စွမ်းရည် ကွာခြားချက်က အလွန်ပဲ ကြီးမားလွန်းပါတယ်။ ခေါင်းသုံးလုံး လက်ခြောက်ဖက်နဲ့တောင်မှ.. နင်အရေးနိမ့်နေဆဲလေ။

“ဟား ဟား ဟား… လာခဲ့လေ။ ထပ်လာခဲ့ပါ။”
နှင်းမိစ္ဆာကြီး တဖြည်းဖြည်း ပျော်ရွှင်လာခဲ့ပါပြီ။ သူ့ရဲ့ ရွှေတောင်ဝှေးကို ဝှေ့ယမ်းပြီးတော့ နောက်တစ်ကြိမ် ခုန်၀င်လာခဲ့ပြန်ပြီလေ။

နင်လည်း အရှေ့ကိုပဲ ခုန်၀င်သွားခဲ့ပါတယ်။ နောက်တစ်ကြိမ် ထပ်ပြီး ရင်ဆိုင်တိုက်ခိုက်ဖို့ပါ….

ခလွမ် ခလွမ် ခလွမ်..

၀ုန်း ဝုန်း ဝုန်း

ရေခဲပင်လယ်ပြင်ထက် နှစ်ဦးသား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါပြီ…. အမြဲတမ်းလိုလိုပဲ နင်အနောက်ကို လွင့်သွားခဲ့တယ်လေ။ ၈၉ ပါး လျှို့ဝှက်နတ်သိုင်းကြောင့်သာ ရန်သူကို ဆက်ပြီး ရင်ဆိုင်နိုင်နေတာပါ…. ကြယ်တာရာဖမ်း နတ်ဘုရား လက်သိုင်းကိုလည်း သူတစ်ချိန်လုံး အသုံးပြုထားပါတယ်။ မဟုတ်ဘူးဆိုရင် ရန်သူကို ရင်ဆိုင်လိုက်မိတာနဲ့ သူ့ဓားတွေ လွင့်စဉ်ထွက်သွားမှာပါ…. အင်အားချင်း ကွာခြားချက်က အရမ်းကို ကြီးမားလွန်းတယ်လေ။ ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်းလည်း ထိန်းထားနိုင်ရုံသာ ထိန်းထားနိုင်ခဲ့တာပါ…

ဂျိနင် Book 31 - Where stories live. Discover now