Chp 627 ( နံရံကိုထွင်းခြင်း)

41 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 627 (နံရံကို ထွင်းခြင်း)

အင်ပါရီယာ နတ်ဘုရား တောင်ရိုင်းလည်း မြန်မြန်ပဲ ပြောလာခဲ့ပါတယ်။
“အစ်ကို တကယ်ပဲ ရှက်မိပါတယ် ညီလေးရေ…. ညီလေးကို နှင်းရိုင်းထင်ပြီး အစ်ကို ချက်ချင်းပဲ တိုက်ခိုက်မိခဲ့တယ်လေ။ ညီလေးက အရမ်းအစွမ်းထက်လို့သာ ဒဏ်ရာ မရသွားခဲ့တာ… တော်သေးတယ်။ အစ်ကိုကြီးသာ ညီလေးကို သတ်မိသွားရင် နောင်တရမဆုံးဖြစ်နေတော့မှာ… အစ်ကိုကြီးလေး စိတ်အာရုံ ေ၀၀ါးပြီးတော့ ညီလေးကို သေဖို့အထိ ရည်ရွယ်ပြီး တိုက်ခိုက်မိမယ်လို့ မထင်မိခဲ့ဘူး….”
သူ့မျက်လုံးမှာ ၀မ်းနည်းမှု အရိပ်အရောင်တွေ ရှိနေလို့ပါ….

“ဂိုဏ်းတူအစ်ကိုကြီးလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တွေ တင်မနေပါနဲ့…”
နင်လည်း ပြုံးလိုက်ပါတယ်။

“ဒါပေမဲ့ အစ်ကိုကြီး မှားသွားခဲ့တာပဲလေ။ ကဲကဲ.. ဒါတွေကို မေ့လိုက်ကြရအောင်…”
တောင်ရိုင်းလည်း နင်ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေမိပါတယ်။
“ဂိုဏ်းတူညီလေး ဒက်နော့.. လအောက်ရေကန်က ဘယ်လောက်တောင် အန္တရာယ်များတယ် ဆိုတာကို ညီလေး သိတယ်မဟုတ်လား… ကမ္ဘာဦးခေတ်ကတည်းက အင်ပါရီယာ နတ်ဘုရားတွေ အများကြီးပဲ ၀င်ရောက်လာခဲ့ကြတယ်လေ။ ဒါပေမဲ့ ဗုဒ္ဓဂျူမင်းတစ်ဦးတည်းပဲ အသက်ရှင်လျက် ထွက်ခွာသွားနိုင်ခဲ့တယ်။ ညီလေးလည်း ဘာဖြစ်လို့ ဒီလောက် ရူးမိုက်ပြီးတော့ ၀င်လာခဲ့ရတာလဲ… အဲဒီတုန်းကဆိုရင် ကြီးကြယ်မြင့်မြတ်တဲ့ ဂျူမင်း ဗုဒ္ဓဖြစ်သွားခဲ့တာကို အစ်ကိုကြီး ကိုယ်တိုင် မြင်တွေ့ခဲ့တာလေ။ အစ်ကိုကြီးလည်း အရမ်းကို ပျင်းရိညီးငွေ့နေခဲ့တယ်။ ဒါနဲ့ပဲ… လအောက်ရေကန်ထဲကို ၀င်ပြီးတော့ကံစမ်းမိခဲ့တာ …. အဲမှာသွားတာပဲ.. နှစ်ပေါင်းမရေမတွက်နိုင်အောင်ကို ကုန်ဆုံးသွားခဲ့ပြီ….  ပထမတုန်းကတော့… တခြားအင်ပါရီယာ နတ်ဘုရားတွေ ဒီနေရာကို ၀င်လာခဲ့ကြသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မ၀င်လာခဲ့ကြတာတောင် တော်တော်ကြာလှပြီ.. အခုတော့ ညီလေးပေါ့.. ဘာဖြစ်လို့ ညီလေး၀င်လာခဲ့ရတာလဲ…”

“ကျွန်တော်က နှစ်ပေါင်းဆယ်သန်းအတွင်း ၀င်လာခဲ့တဲ့ တစ်ဦးတည်းသော သူဆိုတာတော့ ဟုတ်ပါတယ်။ ၀င်လာခဲ့ရတဲ့ အကြောင်းရင်းကတော့ တော်တော်ကြီး ရှင်းပြရလိမ့်မယ်။”
နင်လည်း သက်ပြင်းချလိုက်ပြီး
“ကျွန်တော့်အခြေအနေတွေက ကျွန်တော်ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်လာခဲ့လို့ ၀င်လာခဲ့ရတာပါ…. ဒီမှာ ရတနာအချို့ကို ကျွန်တော် လာရှာတာလေ။”

ဂျိနင် Book 31 - Where stories live. Discover now