Chp 683 ( ညှိနှိုင်းဆွေးနွေးခြင်း )

47 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 683 (ညှိုနှိုင်းဆွေးနွေးခြင်း)

သူတို့ ဂိုဏ်းရဲ့ တပည့်ကြီး.. အမြဲတမ်းကို နှိမ့်ချပြီးတော့ သစ်ခုတ်သမားအဖြစ်သာ နေထိုင်ခဲ့တဲ့.. အတွင်းစိတ်နှလုံးသားတောင်ရဲ့ နံပါတ်တစ် တပည့်ကြီးဟာ… ဟုန်ယွိဖြစ်နေခဲ့ပြီလား…

ဟုန်ယွိလေးအတတ်ပညာကျမ်းကို ဂျိနင် စတင်လေ့ကျင့်စဉ်တုန်းက သစ်ခုတ်သမားကြီးဟာ ပုခုံးထက် သစ်ခုတ်ပုဆိန်ကြီးကို ထမ်းလျက် ရံဖန်ရံခါ ဖြတ်သန်းသွားခဲ့ဖူးပါတယ်။  ဂျိနင်အနေနဲ့ အဆင့်မတက်နိုင်ဖြစ်နေတဲ့ အချိန်မှာလည်း ဥာဏ်အလင်းရရှိအောင် သူလမ်းပြပေးခဲ့သေးတယ်လေ။ အဲဒီတုန်းက သူ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးလို အလွန်အစွမ်းထက်တဲ့လူအနေနဲ့ လမ်းညွှန်ပြသပေးနိုင်တာ မဆန်းဘူးလို့ တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဂိုဏ်းတူအစ်ကိုကြီးက ဟုန်ယွိလေးအတတ် ပညာကျမ်းကို တီထွင်ခဲ့တဲ့ ဟုန်ယွိပဲ ဖြစ်လိမ့်မယ်လို့ ဘယ်သူက တွေးမိခဲ့မှာလဲ…

“ဂိုဏ်းတူညီလေး…”
အရူးကြီးကျိလည်း ယပ်တောင်ကို အေးအေးလူလူခတ်ရင်း ပြုံးရွှင်စွာ အော်ခေါ်ခဲ့ပါတယ်။

“ဂိုဏ်းတူညီလေး…”
အလင်းတန်းတစ်ခုဟာ သူ့နံဘေးကို ရောက်ရှိလာခဲ့ပါပြီ.. သူကတော့ ရွှေရောင် ချပ်၀တ်တန်ဆာကို ၀တ်ဆင်ထားတဲ့ စွန်းဝူခုန်းပါ..

“နံပါတ်နှစ် အစ်ကိုကြီး.. နံပါတ်ခြောက် အစ်ကိုကြီး…”
နင်လည်း သူတို့နှစ်ဦးကို မြန်မြန်ပဲ အော်ခေါ်လိုက်ပါတယ်။ သူ့ရဲ့ နံပါတ်ခြောက် အစ်ကိုကြီးကို ထပ်ပြီးတာ့ လှမ်းကြည့်မိခဲ့တယ်လေ။ မြေကမ္ဘာမှာလည်း ကမ္ဘာဦးခေတ်ရဲ့ ဒဏ္ဍာရီပေါင်းများစွာ တွင်ကျန်နေခဲ့ပါတယ်။ တချို့ဒဏ္ဍာရီတွေက မှန်ချင်မှ မှန်မှာ ဖြစ်ပေမဲ့လည်း… သူ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး စွန်းဝူခုန်းဟာ ကမ္ဘာမြေမှာ အလွန်ကိုပဲ ကျော်ကြားခဲ့တယ်လေ။ အခုတော့ နင်က မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ပါပြီ…

လူတုံပင်၊ တာအိုတန်ခိုးရှင် သန့်စင်ခြင်း သုံးပါး၊ ဂိုဏ်းချုပ်ကြီး ရွှီးဖူတိ၊ ဗုဒ္ဓသက္ကဂ္ဂထာ… အားလုံးနဲ့လည်း သူဆုံတွေ့ခဲ့ပြီးပြီလေ။ ဒါကြောင့်လည်း သူ့ရဲ့ နံပါတ်ခြောက် ဂိုဏ်းတူအစ်ကိုကြီးကို ပထမဆုံးအကြိမ် ဆုံခဲ့တာ ဖြစ်ပေမဲ့… နည်းနည်းတော့ စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ဂျိနင် Book 31 - Where stories live. Discover now