Chp 639 ( ဒီဓား)

39 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 639 (ဒီဓား)

ဂျိနင်နှစ်ဦး ပေါ်ထွက်လာတဲ့အခါမှာတော့.. အံ့အားသင့်ခြင်းမရှိတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က နတ်ဆိုးဘုရင်ကြီးပါ… သူကိုယ်တိုင်လည်း နင့်အကြောင်းကို နှင်းမိစ္ဆာဆီကနေ သိထားပြီးပြီလေ။ နင့်မှာ ကိုယ်ပွားနှစ်ခု ရှိနေပါတယ်။ ဒါကြောင့်လည်း နင့်ကို အထူးအလေးထားခဲ့တာပါ…

“နောက်ဆုံးတော့ မင်းကိုယ်ပွား ပေါ်လာပြီပေါ့…”
နတ်ဆိုးဘုရင်ကြီးက အားရပါးရ ရယ်မောလိုက်ပြီးတော့
“ငါစောင့်နေခဲ့တာတောင် တော်တော်ကြာသွားပြီဟ…”

၀ှစ်

နင်ဆီကို သူဦးတည်ပျံသန်းလာခဲ့ပါပြီ။

နင်တစ်ဦးကလည်း သူ့ဆီကို ခေါင်းသုံးလုံး လက်ခြောက်ဖက် အသုံးပြုပြီး ပျံသန်းလာခဲ့ပြီလေ။ ဓားအလင်းခြောက်ခု လက်သွားသလို နင်ဟာလည်း နတ်ဆိုးဘုရင်ကြီးကို အနီးကပ် စတင်တိုက်ခိုက်ပါပြီ။ အခုမှ ပေါ်ထွက်လာခဲ့တဲ့ နင့်၀န်းကျင်မှာတော့ ထိပ်တန်းအဆင့် သန့်စင်သောယန် ဓား ၇၂၉ ချောင်းကို ဝေ့၀ဲလို့ပါ… ဖြည်းဖြည်းချင်းသူ့ကို လှည့်ပတ်လို့နေကြပါတယ်။ သူ့ရဲ့ သန့်စင်သောယန် စွမ်းအင်က လောကသုံးပါးက အစစ်အမှန် အင်မော်တယ်ရဲ့ စွမ်းအင်ထက် ပိုပြီး သန့်စင်နေခဲ့ပြီလေ။ သူ့ခန္ဓာကိုယ်ထဲကနေ ဓားတွေအားလုံးဆီကို စီးဆင်း၀င်ရောက်သွားခဲ့ပါပြီ။

နင်ရဲ့ စွမ်းအင်ဟာ အလွန့်ကို သန့်စင်လွန်းနေပါတယ်။ ဒီလို သန့်စင်တဲ့ စွမ်းအင်ကြောင့် ဓားပျံကြီး တစ်ထောင် ၀င်္ကပါဓားသိုင်းဟာ သိသိသာသာကို အစွမ်းထက်လာခဲ့ပြီလေ။ ဓာေးတွအားလုံးရဲ့ စွမ်းအင်တွေဟာ နင်ရဲ့ ရင်၀မှာ စုဝေးလို့ လာခဲ့ပါပြီ။ ဒီမှာပဲ ကျောက်စိမ်းဓားတစ်ချောင်း သူ့ရင်၀မှ ပေါ်ထွက်လာခဲ့ပြီလေ။

“အဲ…”

နတ်ဆိုးဘုရင်ကို အနီးကပ်တိုက်ခိုက်နေတဲ့ နင်လွင့်စဉ်သွားခဲ့ပါပြီ။ သူ့နှလုံးသားထဲကနေ ချောက်ချားမှု တစ်ခုကို ခံစားမိလိုက်တယ်လေ။ လှည့်ကြည့်လိုက်တဲ့အခါမှာတော့.. ကျောက်စိမ်းဓား တစ်ချောင်းကို သူတွေ့လိုက်ပါပြီ။ ဒီဓားကနေ ဖြာထွက်လာနေတဲ့ ကြောက်စရာကောင်းလှတဲ့ အော်ရာအရှိန်အဝါ… ဒါကြောင့်လည်း သူတုန်လှုပ်သွားခဲ့ပါတယ်။
“ဒီ ဓားပျံက ငါ့ကို အန္တရာယ်ကြီးတစ်ခု လာနေပြီလို့ ပြောနေပါလား… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. သူက ဘာဖြစ်လို့ ဒီလောက်အထိ အစွမ်းထက်သွားရတာလဲ…”

ဂျိနင် Book 31 - Where stories live. Discover now