Chp 682 ( နံပါတ်တစ် တပည့်ကြီး)

43 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 682 (နံပါတ်တစ် တပည့်ကြီး)

“ရိုင်းစိုင်းတဲ့ မျောက်စုတ်”
တာအိုမိခင်ကြီး မိစ္ဆာလက် သူ့ကို လှမ်းကြည့်လိုက်ပါတယ်။ ပန်းပေါင်းစုံ တောင်ရဲ့ ဘုရင်ကို သူမ ထည့်မတွက်ခဲ့ပါဘူး။ ဒါပေမဲ့လည်း ဂျိနင်ကို တိုက်ခိုက်နေတာ ရပ်တန့်လိုက်ပြီးတော့ သူမရဲ့ လက်ကို မျောက်ဘုရင်ဆီ ဦးတည်ပြီး ဝှေ့ယမ်းလိုက်ပါတယ်။ ဝူခုန်းကို အရင်ဆုံး ရင်ဆိုင်ဖို့ သူမဆုံးဖြတ်လိုက်တာပါ…

တာအိုမိခင်ကြီး မိစ္ဆာလက်ဟာ လေထဲမှာ ရပ်တန့်လို့နေပါတယ်။ သူမရဲ့ လက်ဝါးတစ်ဖက်က ဗုဒ္ဓသက္ကဂ္ဂထာဆီ ဦးတည်ထားပြီး နောက်လက်ဝါးတစ်ဖက်ကတော့ ဝူခုန်းဆီကို ဦးတည်ထားခဲ့တယ်လေ။

ဒုန်း

ဒါကတော့ ရွှေတုတ်နဲ့ တာအိုမိခင်ကြီး မိစ္ဆာလက်ရဲ့ သေးသွယ်ပျော့ပျောင်းလှတဲ့ လက်ချောင်းတို့ ဆုံတွေ့ရာကနေ ထွက်ပေါ်လာခဲ့တဲ့ အသံပါ… တာအိုမိခင်ကြီး မိစ္ဆာလက်လည်း တုတ်ရိုက်ချက်ကြောင့် တန့်ရပ်သွားခဲ့ရပါတယ်။

“အဲ…”
တာအိုမိခင်ကြိး မိစ္ဆာလက်ရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပါပြီ…

“ငါ့ရဲ့ ဂိုဏ်းတူညီလေးက ရာစုနှစ် အနည်းငယ်လောက်ပဲ လေ့ကျင့်ခဲ့ရသေးတယ်။ ဒါပေမဲ့ ဒီလောက် မြင့်မားတဲ့ အဆင့်ကို သူရောက်ရှိနေခဲ့ပြီ… ကမ္ဘာဦးခေတ်ပျက်စီးသွားခဲ့ရတာ နှစ်ပေါင်းဘယ်လောက်တောင် ကြာခဲ့ပြီလဲ… ငါ .. ဘိုးဘိုးစွန်းက အဆင့်မတက်လာနိုင်ဘူးလို့ တွက်ထားတာလားကွ…”
မျောက်မင်းဟာ သူ့ရဲ့ သံတုတ်ကို လေထဲမြောက်လိုက်ပြီးတော့ လေကိုခွင်းလျက် ဆက်ပျံသန်းလာခဲ့ပါတယ်။

“ဒီမျောက်စုတ်က ဒီလောက်တောင် အစွမ်းထက်လာခဲ့ပြီလား… အင်း… ငါတို့ အက်ကြောင်းမဲ့ဂိတ်ကလည်း တချို့သော လူတွေကို ဝှက်ဖဲအဖြစ် ထားထားသေးတာပဲလေ။ ကြည့်ရတာ နွီဝါးမဟာမိတ်မှာလည်း သူတို့ရဲ့ ဝှက်ဖဲတွေ ရှိနေဦးမှာပေါ့ …”
မိစ္ဆာခပ်သိမ်းသခင်ကြီးလည်း သက်ပြင်းချလိုက်မိပါတယ်။

ကမ္ဘာဦးခေတ် ပျက်စီးသွားစေခဲ့တဲ့ စစ်ပွဲကြီးဟာ.. ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့တဲ့အချိန်က ဖြစ်ပျက်ခဲ့တာပါ… ပြောရရင် ပျက်စီးခြင်းစက်၀န်းတစ်၀က်လောက်တောင် မကနိုင်တော့ဘူးလေ။

ဂျိနင် Book 31 - Where stories live. Discover now