Chp 661 ( စစ်ပွဲကြီး စတင်ပြီ)

43 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 661 (စစ်ပွဲကြီး စတင်ပြီ)

နန်းတော်နှစ်ခုဟာ လေထဲမှာ မျက်နှာချင်းဆိုင် ရှိနေလို့…

အက်ကြောင်းမဲ့ မဟာမိတ်တွေရဲ့ တပ်မဟာကြီးတွေ စတင်ချီတက် ထွက်ခွာလာခဲ့ပါပြီ။ သူတို့တွေဟာ စစ်မြေပြင်ကနေ နွီဝါးမဟာမိတ်တွေကို တိုက်ခိုက်ဖို့ စိန်ခေါ်နေလို့…

ပထမဆုံးအကြိမ် သူတို့တွေ စိန်ခေါ်လာတော့ နွီဝါးမဟာမိတ်တွေဟာ လုံး၀ အဖက်မလုပ်ပဲ နေခဲ့ပါတယ်။ ဘာမှကို မတုန့်ပြန်ခဲ့တာပါ… ဒုတိယအကြိမ်မှာလည်း.. နွီဝါးမဟာမိတ်တွေ ဆက်ပြီးတော့ လျစ်လျူရှုဆဲ…

ရန်သူကို စစ်ထွက်တိုက်ဖို့ စိန်ခေါ်တဲ့အခါကျရင်… မထိတထိပြောစကားတွေဟာ တကယ့်ကို ကြမ်းတမ်းလွန်းပါတယ်။ စကားလုံးတွေ ဆိုးရွားလေလေ ပိုပြီး အကျိုးသက်ရောက်မှု ကြီးမားလေလေပါ… သာမန်သေမျိုးတို့ အကြားမှာလည်း ဒီလို ဖြစ်သလို အင်မေ်ာတယ်တွေ နတ်မိစ္ဆာတွေအကြားမှာလည်း အလားတူပါပဲ… အခုအချိန်မှာတော့ စည်းလွတ်ဝါးလွတ်ကို  ရိုင်းစိုင်းစွာ စိန်ခေါ်နေခဲ့ပါပြီ။

တတိယအကြိမ် ထပ်ပြီး စိန်ခေါ်လာခဲ့ပါတယ်.. ဒါပေမဲ့လည်း မလှုပ်ရှားလာသေးပါဘူး…

“ဆရာ.. အက်ကြောင်းမဲ့ဂိတ်က ကျွန်တော်တို့ကို စိန်ခေါ်နေပြန်ပြီ..”
၀တ်စုံ၀ါ၀တ် လူငယ်လေးက လေးစားစွာ ပြောလာခဲ့ပါတယ်။

ဟွမ်ဒီက စားပွဲတစ်လုံးအရှေ့မှာထိုင်ပြီးတော့ စာအုပ်တစ်အုပ်ကို လက်ထဲကိုင်ပြီး လှန်လှောဖတ်ရှုနေလို့… သူ့တပည့်ရဲ့ ပြောစကားကြောင့် သူ တစ်ချက်ရယ်မောလိုက်ပြီး
“တာအိုမိခင်ကြီး မိစ္ဆာလက်က သူမရဲ့ နာမည်အတိုင်းပဲလေ။ အက်ကြောင်းမဲ့ဂိတ်က တခြား တာအိုဖခင်ကြီးတွေသာ စေလွှတ်လိုက်မယ်ဆိုရင်..  ဒီလိုမျိုး လုပ်လာမှာ မဟုတ်ပဲ အစွယ်ကို သိမ်းထားဦးမှာ…”

ရန်သူအကြောင်းကို သိပြီး ကိုယ့်အကြောင်းကိုယ် သိပါမှပဲ.. စစ်ပွဲအားလုံးကို အောင်နိုင်သူ ဖြစ်လာမယ်လေ။

အက်ကြောင်းမဲ့ဂိတ်နဲ့ နွီဝါးမဟာမိတ်အကြား နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင်ခဲ့တဲ့ ငြိမ်းချမ်းရေးကြောင့်လည်း… တာအိုမိခင်ကြီး မိစ္ဆာလက်ရဲ့ အက်ကြောင်းမဲ့ပျက်စီးခြင်း ကမ္ဘာမှာ နေထိုင်စဉ်က ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းတွေကိုပါ နွီဝါးမဟာမိတ်က သိထားခဲ့ပါတယ်။ သူမက ရူးသွပ်ဒေါသကြီးသူ တစ်ဦးဖြစ်ပေမဲ့လည်း… စစ်သည်တော်တွေကို ဦးဆောင်ရာမှာတော့ အရမ်းကို အစွမ်းထက်တဲ့ စစ်သေနာပတိချုပ်တစ်ဦးပါ… သူမရဲ့ တပည့်တွေအားလုံးဟာလည်း အမျိုးသမီးတွေသာ ဖြစ်ကြပြီးတော့ သူမလိုပဲ ရူးသွပ်ကြသူတွေချည်းပဲလေ။ (စိတ်ထင်တိုင်းကြဲပြီး ဒေါသကြီးခြင်းကို ရူးသွပ်ခြင်းနဲ့ တင်စားထားခြင်းပါ။)

ဂျိနင် Book 31 - Where stories live. Discover now