Chp 716 ( ဝင်္ကပါကို ချိုးဖျက်ခြင်း)

52 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 716 (၀င်္ကပါကို ချိုးဖျက်ခြင်း)

မိစ္ဆာခပ်သိမ်း ကမ္ဘာကြီး…

“ဘာ.. မဟာအဆင့်…”
နတ်ဘုရား ဘုရင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။

“နောက်ဆုံးအကြိမ်မှာတုန်းက မဟာအဆင့်လောက် နီးနီးပဲ အစွမ်းထက်သေးတယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား… သူ့ရဲ့ ဓားအင်အားအဆင့်ငါးကြောင့်လေ… အခုမှ နှစ်အနည်းငယ်လောက်ပဲ ကြာသေးတယ်။ သူက ဘယ်လိုလုပ်ပြီး မဟာအဆင့်ကို ရုတ်တရက်ရောက်ရှိသွားခဲ့တာလဲ..”
နတ်ဘုရား ဘုရင်အတွက်တော့ ရင်ထဲမှာ မီးတောက်လောင်နေခဲ့ပါပြီ… သူတစ်ကယ်ကို ဆောက်တည်ရာ မရဖြစ်နေခဲ့တာပါ… သူလှမ်းပြီး အော်မေးလိုက်ပါတယ်။
“အမှောင်ကောင်းကင်ဘုံ.. မင်းသေချာလို့လား… ပေါက်ကရတွေ မြင်နေတာ မဟုတ်ပါဘူးနော်…”

ကောင်းကင်အင်မော်တယ် အမှောင်ကောင်းကင်ဘုံဟာ နတ်ဘုရားဘုရင်ကို လှည့်တောင် မကြည့်ခဲ့ပါဘူး… တည်ကြည်လေးနက်စွာနဲ့ မိစ္ဆာခပ်သိမ်းသခင်ကြီးကို သူပြောလိုက်ပါတယ်။
“ဆရာ… နတ်မိစ္ဆာသွေ့ခြောက်ဆူးလည်း တော်တော်ကို ဒေါသထွက်နေပါတယ်။ ဂျိနင်က မဟာအဆင့် အစွမ်းကို ပိုင်ဆိုင်ထားပြီးတာ အမှန်ပါ.. ဒါကြောင့် ကျွန်တေ်ာတို့ ဘာဆက်လုပ်ကြမလဲ ဆရာ..”

“မဟာအဆင့်အစွမ်းကို ပိုင်ဆိုင်ထားပြီးသား…”
နတ်ဘုရားဘုရင်လည်း ကြားလိုက်ရတဲ့ စကားကြောင့် အံကို တင်းတင်းကြိတ်လိုက်မိပါတယ်။

သေပါတော့…

ဘယ်လို.. ဘယ်လိုဖြစ်ပြီးတော့ ကျင့်ကြံအားထုတ်တာ နှစ်ပေါင်းတစ်ထောင်တောင် မပြည့်သေးတဲ့ ချာတိတ်လေးက လောကသုံးပါးရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်ရှိသွားတာလဲ… ကြီးကျယ်မြင့်မြတ်လှတဲ့ မိစ္ဆာနှလုံးသား သခင်ကြီးရဲ့ တပည့်ဖြစ်တဲ့ အက်ကြောင်းမဲ့ဂိတ်ကို ဆက်ခံမဲ့လူဖြစ်တဲ့ သူကိုယ်တိုင်တောင်မှပဲ… အဲဒီအဆင့်ကို မရောက်သေးဘူး မဟုတ်ဘူးလား…

“အသုံးမကျတဲ့ ငပေါလေး…”
တာအိုမိခင်ကြီး မိစ္ဆာလက်လည်း နတ်ဘုရားဘုရင်ကို အေးစက်စက်အပြုံးနဲ့ လှမ်းကြည့်လိုက်ပါတယ်။

ဂျိနင် Book 31 - Where stories live. Discover now