Chp 665 ( ပြန်လာခဲ့ပြီ)

45 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 665 (ပြန်လာခဲ့ပြီ…)

ကြယ်တာရဲ့ မီးလျှံတွေဟာ အရမ်းကို ပူပြင်းပေမဲ့လည်း..  ဒီအပူရှိန်က မြေကမ္ဘာအင်မော်တယ်တွေနဲ့ လွတ်မြောက်အင်မော်တယ်တွေ လောက်ကိုသာ လောင်ကျွမ်းစေဖို့ လုံလောက်တယ်လေ။

၀တ်စုံဖြူ၀တ် လူငယ်လေးဟာ ဒီကြယ်တာရာ မျက်နှာပြင်ထက်မှာ မလှုပ်မယှက် မတ်တတ်ရပ်နေလို့… နှစ်ပေါင်းခြောက်ရာရဲ့ မှတ်ဥာဏ်တွေ သူ့အတွေးထဲမှာပေါင်းစည်းလို့နေခဲ့ပါပြီ..

လအောက်ရေကန်ထဲမှာ.. ဂျိနင်ဟာ ဓားကို လုံး၀ ကိုးကွယ်ခဲ့သူ အဖြစ်ပြောနိုင်ခဲ့ပါတယ်။ သူဟာ ဓားကိုသာ အာရုံစိုက်ပြီး ကြိုးစားအားထုတ်ခဲ့သလို သူ့နှလုံးသားဟာလည်း ပြောင်းလဲတယ်ဆိုရုံသာ နည်းနည်းပြောင်းလဲလာခဲ့တယ်လေ။ ဒါပေမဲ့ အပြင်ကမ္ဘာမှာတော့… နင့်ရဲ့ နှလုံးသားဟာ အခြေခံအဆင့်မှာပါ ပြောင်းလဲသွားခဲ့ပါပြီ။ သူက အကျဉ်းထောင်ကမ္ဘာထဲမှာ နှစ်ပေါင်းခြောက်ရာလုံးလုံး အကျဥ်းသားတွေရဲ့ မှတ်ဥာဏ်တွေကို ရှာဖွေနေခဲ့တယ်လေ။ အမှောင်ဆန်တဲ့ ဆိုးရွားတဲ့ မှတ်ဥာဏ်တွေ၊ ရူးသွပ်ခြင်း၊ ချစ်ခြင်း၊ သစ္စာဖောက်ခံရခြင်း…

သူတစ်ဦးဦးကို စိတ်ဝိညာဉ် ရှာဖွေတိုင်းမှာပဲ… သူမြင်လိုက်ရတဲ့ အရာတွေကြောင့် နည်းနည်းလေးဆိုသလိုကို နှလုံးသားက ပြောင်းလဲသွားခဲ့တယ်လေ။ သာမန် လူတစ်ဦးကသာ တခြား လူတစ်ဦးဦးရဲ့ မှတ်ဥာဏ်ကို တွေ့မြင်လိုက်ရမယ်ဆိုရင်… မှတ်ဥာဏ်နှစ်ခု ရောထွေးသွားစဉ်မှာပဲ သွေးအန်သေဆုံးသွားရမှာပါ… ဒါပေမဲ့ နင့်ရဲ့ အဆင့်မှာတော့ ဒီလို မဖြစ်တော့ပါဘူး။ တစ်ဦးတစ်ယောက်ရဲ့ နှလုံးသားမှာ အရိပ်ထင်ကျန်နေခြင်းဟာလည်း တွေ့မြင်နေကျ ကိစ္စပဲလေ။ ဒါကို တောင့်ခံနိုင်လာမယ်ဆိုရင်.. အတွေ့အကြုံ ရင့်ကျက်လာမှာပါ…

နင့်လို လူမျိုးအတွက်.. စိတ်ဝိညာဉ် ရှာဖွေခြင်းကြောင့် ဖြစ်လာမဲ့ ဘေးထွက်ဆိုးကျိုးဆိုတာ စာဖွဲ့စရာ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ နှလုံးသားဟာ တဖြည်းဖြည်း ပြောင်းလဲလာခဲပြီးတော့ အဆုံးအစမဲ့ အသူရာချောက်နက်လို ဖြစ်လာခဲ့ပါပြီ။ ဒီအဆုံးအစမဲ့ အသူရာ ချောက်နက်ထဲမှာ ဘယ်အရာမဆို ပျောက်ဆုံးသွားရတယ်လေ။

ဂျိနင် Book 31 - حيث تعيش القصص. اكتشف الآن