အပိုင်း ၂၄၇/ အပိုင္း၂၄၇

399 45 0
                                    

Unicode

အပိုင်း၂၄၇ - လျိုမုနျန် သံသယဝင်နေပြီ
နောက်တစ်နေ့မနက်တွင်.မုယွမ်ယောင်က မင်ယင်းကိုမြင်တော့ ပြောလိုက်သည်။
"ဒီနေ့က ငါမင်းကို ပေးထားတဲ့ ဆေးမှုန့်ကိုသုံးဖို့ အသင့်တော်ဆုံးအချိန်ပဲ။ အဲ့တာပြီးရင် ဘုရင်ခံလျန်ကျန်းရဲ့ တံဆိပ်တုံးကို တိတ်တဆိတ် လဲယူခဲ့။ လုပ်တဲ့အချိန် သေချာဂရုစိုက်ပြီး အခွင့်အရေးကိုရှာ။ ဘာအမှားမှ မလုပ်မိစေနဲ့၊ မဟုတ်ရင် ပူးရှန်းလုံတစ်ခုလုံး ဒုက္ခရောက်လိမ့်မယ်"
"ဟုတ်ကဲ့ပါ မိန်းကလေးမု စိတ်မပူပါနဲ့၊ ကျွန်မ သေချာဂရုစိုက်ပါ့မယ်"
"ကောင်းပြီ"
မုယွမ်ယောင် ရတက်မအေးနိုင် ဖြစ်နေသည်။ ဆားကုန်သည်တွေက ဆားလဲလှယ်မှု မှားယွင်းသွားတယ်ဆိုတာကို သတင်းမပြန့်စေပေမယ့် လမ်းဖွင့်ဖို့အတွက် တခြားနည်းလမ်းတွေကို သေချာပေါက် စဥ်းစားနေပြီဖြစ်သည်။ သူတို့က ဒီလိုမျိုးကြီးမားတဲ့ဆုံးရှုံးမှုကို ခံစားနေရတာကြောင့် လီယွမ်ယီကိုရှာဖို့ သိပ်ကြာမည်မဟုတ်ပေ။ မင်ယင်းက ဒီနေ့ အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရင် သူမရဲ့အကြံအစဥ်ကို ဖျက်စီးမိလိမ့်မည်။ ထို့ကြောင့် သူမက ကျင်းရှို့ဥယျာဥ်မှာ တမင်လာနေခဲ့သည်။
လီယွမ်က ဒီကို မနက်အစောကြီးကတည်းက လာနေတာဖြစ်ပေမယ့် ဒီနေ့တော့ နည်းနည်းနောက်ကျသည်။ သူရောက်တော့ လီမုနျန်ပါ ပါလာခဲ့သည်။
သတင်းကြားတော့ မုယွမ်ယောင်ရင်ထဲ ထိတ်ပျာသွား၏။ လီမုနျန်တောင် လာတယ်ဆိုတော့ သူ သတင်းတချို့ ကြားခဲ့လို့များလား? မုယွမ်ယောင်က ယွဲ့ဝမ်ကို သွားမတွေ့ခင် ခဏလောက် တွေးလိုက်သည်။
ယွဲ့ဝမ်လည်း သတင်းရထားပြီး မုယွမ်ယောင် ဝင်လာတာကိုမြင်တော့ သူမ စိတ်မရှည်ဖြစ်နေတာကို စိတ်အေးအေးထားဖို့ ပြောလာသည်။
"စိတ်ပူမနေပါနဲ့၊ လီမုနျန်ကို လှည့်စားဖို့ ငါ နည်းလမ်းစဥ်းစားပါ့မယ်။ ဒီနည်းအတိုင်းပဲ သွားရမယ် မဟုတ်ရင် သူ သတိထားမိလိမ့်မယ်..."
"လီမုနျန် သူ့ဖာသာ ထွက်သွားတာတော့ အကောင်းဆုံးပဲပေါ့။ အကယ်၍ သူ ထွက်မသွားဘူးဆိုရင်တော့ နင်းစစ်ယဲ့အကူအညီကို ယူရမှာပဲ"
ဒီအခွင့်အရေးက ရောက်လာဖို့ခက်သည်။ အကယ်၍ သူမက ထိုအရေးသာမှုကို ယူမယ်ဆိုရင် သူမ အန္တရာယ်ကင်းလိမ့်မည်။ သူမအနေနဲ့ စုမိသားစုကိုတောင် ကြောက်စရာလိုတော့မည် မဟုတ်ပေ။ သို့ပေမယ့် သူမသာ အမှားလုပ်လိုက်မိရင် သူမရဲ့နေ့တိုင်းကို ဂရုတစိုက်နဲ့ ဖြတ်သန်းရတော့မှာ ဖြစ်သည်။
"ကောင်းပြီ"
ယွဲ့ဝမ်က ပြောလိုက်ပြီး သူမကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
"မင်း အဲ့အကြောင်း အရမ်းတွေးနေစရာ မလိုပါဘူး။ မင်းလုပ်ချင်တာ ဘာမဆိုလုပ်လို့ရတယ်။ ငါ့ရဲ့အင်အားက ကျင်းနန်မှာ အပြည့်အဝ မသုံးနိုင်သေးပေမယ့် မင်းကိုတော့ ကာကွယ်ပေးလို့ ရပါသေးတယ်"
မုယွမ်ယောင်ရဲ့ အင်္ကျီလက်ထဲရှိ လက်တွေက တင်းကြပ်သွားပြီး သူမလက်သည်းတွေက လက်ဖဝါးထဲကို နာကျင်သည်အထိ နစ်ဝင်နေကာ သူမရင်ဘတ်ကို တစ်ယောက်ယောက်က တင်းတင်းကြပ်ကြပ် ညှစ်ထားသလို ဖြစ်နေသည်။ အရင်ဘဝတုန်းက သူမတစ်ယောက်တည်းဖြစ်ကာ အထီးကျန်ခဲ့ပြီး အကူအညီမဲ့၍ ဘယ်သူ့အပေါ်ကိုမှ မှီခိုလို့မရပေ။ သူမအမျှော်လင့်ဆုံးက တစ်စုံတစ်ယောက်က သူမရှေ့ပေါ်လာပြီး သူမကို ကာကွယ်ပေးဖို့ဖြစ်သည်။ နောက်ဆုံးမှာတော့ သူမမှာ ရွေးချယ်စရာမရှိဘဲ ကျင်းဝမ်ကိုသာ ရွေးချယ်ရတော့သည်။ သူမမှာ သူစိတ်ကျေနပ်အောင် တတ်နိုင်သမျှ လုပ်ပေးခဲ့ရသည်။ လူကြားထဲမှာ ထင်ရှားပေါ်လွင်ဖို့ လုပ်ပေးခဲ့ပြီး သူပျော်ရွှင်အောင် အကုန်လုပ်ပေးခဲ့သည်။ သူမ တစ်နေ့လုံး ရုန်းကန်နေခဲ့ရသည်။ သက်ပြင်းတစ်ချက်ချရင် စိတ်ကူးပေါင်းတစ်ရာလောက် တွေးတောရသည်။ နောက်ဆုံးတော့ ယွဲ့ဝမ်အိမ်ကို ဘာမှပြောဆိုခြင်းမရှိဘဲ ပို့ခံလိုက်ရပြီး ဝမ်းနည်းစွာဖြင့် သေဆုံးခဲ့ရသည်။ ဒီဘဝမှာတော့ သူမ ဘယ်သူ့အပေါ်မှ ကာကွယ်ခံရဖို့ မမှီခိုချင်တော့ဘဲ သူမကိုယ်တိုင် အင်အားရှိလာအောင် အလုပ်ကြိုးစားပြီး သူမအမေကို အန္တရာယ်တွေကနေ ကာကွယ်ပေးမည်။ ဒါပေမယ့် တစ်စုံတစ်ယောက်က သူမအတွက် ရပ်တည်ပေးပြီး ကာကွယ်ပေးမယ်လို့ ပြောလာတော့ သူမစိတ်ထဲ ခံစားချက်တွေ လှိမ့်တက်လာသည်။
ယွဲ့ဝမ်က ဂရုတစိုက်ဖြင့် မုယွမ်ယောင်ကို ကြည့်လိုက်သည်။ သူမရဲ့အမူအရာက မတုန်မလှုပ် ဖြစ်နေပေမယ့် သူမမျက်လုံးထဲမှာ အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ ၎င်းက သူ့စိတ်ကို တင်းမာသွားစေသည်။ သူ့ကို သူမ,ငြင်းလိုက်မှာ စိုးတာကြောင့် စကားလမ်းကြောင်းလွှဲလိုက်သည်။
" အချိန်ကျလောက်ပြီ၊ မင်ယင်း ဘာတွေဖြစ်နေပြီဆိုတာ သွားကြည့်ကြမလား"
မုယွမ်ယောင်က သူမရဲ့အတွေးတွေကို မျိုသိပ်လိုက်ပြီး သူမအကြည့်တွေကို လျှော့လိုက်သည်။ သူမက နူးညံ့တည်ငြိမ်တဲ့ အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။
"နင်းစစ်ယဲ့ကို တကယ်ကျေးဇူးတင်ပါတယ်။ အကယ်၍ မင်ယင်းက မစီမံနိုင်ဘူးဆိုရင် သူ့ကိုတွန်းအားပေးစရာ မလိုပါဘူး၊ ကျွန်မတို့ နောက်ထပ် အခွင့်အရေးကို စောင့်လို့ရတာပဲ"
ယွဲ့ဝမ်က မတ်တပ်ရပ်နေပြီဖြစ်ကာ ထိုစကားကြားတော့ ထွက်ဖို့ပြင်နေပြီဖြစ်သည်။ သူက ရုတ်တရက် ရပ်လိုက်ပြီး ပြန်လှည့်လိုက်သည်။ သူ့ရဲ့ နက်ရှိုင်းအေးစက်နဲ့ မျက်လုံးတွေနဲ့ မုယွမ်ယောင်ကို ကြည့်ကာ
"မင်း ဒီအခွင့်အရေးကို မလွဲစေရဘူး!"
သူမက အဲ့လိုလုပ်ချင်တယ်ဆိုမှတော့ သူမဆုတောင်းတွေ တကယ်ဖြစ်လာအောင် သူ ကြိုးစားပြီး လုပ်ပေးရမှာပေါ့။
မုယွမ်ယောင်က တစ်ခုခုပြောချင်ပေမယ့် ယွဲ့ဝမ်က တံခါးဆီ ထလျှောက်သွားပြီဆိုတော့ သူမ တိတ်တဆိတ်ပဲ နေနိုင်လိုက်သည်။
တစ်ဖက်တွင်လည်း မင်ယင်းက လီယွမ်ယီနဲ့ လီမုနျန်ကို ဧည့်ခံဖို့အတွက် လက်ဖက်ရည်ဖျော်နေသည်။ မင်ယင်းရဲ့စိတ်ထဲ အရမ်းကို စိတ်လှုပ်ရှားနေသည်။ သူမရဲ့ မူလအကြံအစည်အရ သူမက လီယွမ်ယီကို ဒီနေ့ ဆေးပေးရမှာဖြစ်ပြီး ဘုရင်ခံလျန်ကျန်းရဲ့ တံဆိပ်တုံးကို ခိုးယူရမှာဖြစ်သည်။ လီယွမ်ယီကို သတ်ဖို့စိတ်ကူးထားတာကတော့ အချိန်မှန်ကိုပဲ စောင့်ရတော့မှာဖြစ်သည်။ လီမုနျန်က မင်ယင်းကို အနီးကပ်ကြည့်လိုက်ပြီး အရင်က မင်ယင်းနဲ့ပတ်သက်သည့် သံသယများကို ဖျောက်ပစ်လိုက်သည်။ ဒါပေမယ့် လီယွမ်ယီက ပူးရှန့်လုံမှာ တစ်နေ့လုံးနေနေပြီး အမြဲတမ်း သူမအကြောင်းတွေပဲ ပြောနေသည်။ လီယွမ်ယီက သူမကို လုံးလုံးလျားလျား စွဲလမ်းနေတာကြောင့် သူ့စိတ်ထဲရှိ သံသယတွေက မြင့်တက်လာတော့သည်။ ထို့အပြင် ကျင်းလင်မြို့မှာ စစ်ဆေးရေးတွေလုပ်ဖို့ ဒီနှစ်ရက်က နောက်ဆုံးဖြစ်သည်။ အကယ်၍ တစ်ဖက်က လှုပ်ရှားမှုလုပ်မယ်ဆိုရင် ဒီနှစ်ရက်အတွင်း ဖြစ်နိုင်ချေရှိတာကြောင့် သူ လာကြည့်တာဖြစ်သည်။
မင်ယင်းက တစ်ဖက်တွင် တိတ်တဆိတ် ထိုင်နေသည်။ သူမကိုယ်သူမ တည်ငြိမ်နေဖို့ သတိပေးပေမယ့် မတတ်နိုင်ဘဲ စိတ်မရှည်မှု လက္ခဏာတွေ ပြနေမိသည်။ လီယွမ်ယီက ၎င်းကိုမြင်တော့ မေးလိုက်သည်။
"မိန်းကလေးမင်ယင်း တစ်ခုခုများ ဖြစ်လို့လား"
"လက်ဖက်ရည်ဖျော်ပြီး ဧည့်သည်တွေကို ဧည့်ခံရမှာက ကျွန်မရဲ့ အရေးအကြီးဆုံးအလုပ်ပါ။ နောက်ပြီး ဒီနေ့ကျွန်မက ဧည့်သည်နှစ်ယောက်ကို ဧည့်ခံရတာဆိုတော့ ရှင်တို့နှစ်ယောက်ထက် ဘယ်အရာကမှ ပိုပြီးအရေးမကြီးပါဘူး"
မင်ယင်းက ခေါင်းညိတ်လိုက်ပြီး သူမရဲ့ သွယ်လျတဲ့လည်တံကို ဖော်ပြလိုက်တာကြောင့် လီယွမ်ယီစိတ်ထဲ ပိုပြီး ဗလာကျင်းသွားသည်။
လျိုမုနျန်ရဲ့ နှုတ်ခမ်းထောင့်က အေးစက်စက် အပြုံးတစ်ခုနဲ့ တွန့်သွားသည်။
"မိန်းကလေး မင်းက သိပ်အပြောချိုတာပဲ"
မင်ယင်းက ပြုံးပြလိုက်ပေမယ့် ပြန်မပြောပေ။ ထို့နောက် သူမက လက်ဖက်ရည်ခွက်ကိုယူကာ လက်ဖက်ရည်ပြင်ဆင်လိုက်သည်။
"လက်ဖက်ရည် ဖျော်လို့ပြီးပါပြီ၊ သုံးဆောင်ကြပါဦး"
သူမ လီယွမ်ယီထံသို့ လက်ဖက်ရည်ကမ်းပေးတော့ ဟန်ချက်ထိန်းမရ ဖြစ်သွားသည်။ လက်ဖက်ရည်ခွက်က သူမစကပ်ပေါ်သို့ မှောက်ကျသွားသည်။
လီယွမ်ယီက စိတ်ပူသွားသည်။
"မိန်းကလေးမင်ယင်း ဘယ်လိုဖြစ်သွားလဲ ထိခိုက်သွားသေးလား?"
"တာ့ရန် စိတ်မပူပါနဲ့။ ကျွန်မ အဝတ်သွားလဲပြီး တာ့ရန်တို့နှစ်ယောက်ကို ပြန်လာပြီး ဧည့်ခံပါ့မယ်"
"မလိုပါဘူး၊ ကျုပ်တို့ လုပ်စရာတွေ ရှိသေးတာမလို့ အရင်သွားနှင့်တော့မယ်"
လီမုနျန်က မတ်တပ်ရပ်လိုက်ပြီး လီယွမ်ယီကို ခပ်တည်တည် ကြည့်လိုက်သည်။
"ဦးလေး ဌာနမှာ ကိစ္စတစ်ခုရှိတယ်။ ကျွန်တော်တို့ တစ်ချက်လောက် သွားကြည့်ကြရအောင်"
မင်ယင်း ပျာယာခတ်သွားသည်။ လီမုနျန်က သူမကို သံသယဝင်နေတာ သေချာသည်။ အကယ်၍ သူတို့ကို ဒီလိုသွားခွင့်ပြုလိုက်ရင် မိန်းကလေးမု ပြင်ဆင်ထားတာတွေအကုန်လုံး ပျက်စီးလိမ့်မည်။ သူမကိုယ်သူမ ကယ်တင်ဖို့ တစ်ခုခုပြောရန် စိတ်စောနေချိန်တွင် မုယွမ်ယောင်ရဲ့အသံကို တံခါးဝကနေ ကြားလိုက်ရသည်။
"ကျွန်မ လီတာ့ရန် ဒီကိုရောက်နေတယ်ကြားလို့ တာ့ရန်ကို လာပြီး အနှောက်အယှက်ပေးမိပါပြီ၊ ကျွန်မကို ခွင့်လွှတ်ပါ"
မုယွမ်ယောင် ဝင်လာတော့ မင်ယင်းက လက်ဖက်ရည်တွေ စိုနေတာကို မြင်လိုက်ရသည်။ သူမက အလျင်အမြန်သွားပြီး ကြည့်လိုက်သည်။
"မင်ယင်း အပူလောင်သွားတာလား?"
မုယွမ်ယောင်ရဲ့အသံကို ကြားတော့ မင်ယင်းမျက်လုံးတွေက ချက်ချင်း မျက်ရည်ဝဲလာသည်။
"သခင်မလေး ကျွန်မ အဆင်ပြေပါတယ်၊ လက်ဖက်ရည်ကောင်းတွေ ကျွန်မဖြုန်းတီးမိပြီ"
သူမရဲ့စကားတွေက ဖိတ်ထားတဲ့ လက်ဖက်ရည်တွေကို ရည်ညွှန်းရုံတင်မဟုတ်ဘဲ သူမဒီနေ့ရခဲ့တဲ့ ကောင်းမွန်တဲ့ အခွင့်အရေးကိုလည်း ဆိုလိုတာဖြစ်သည်။
မုယွမ်ယောင်မျက်လုံးတွေက ပျော်ရွှင်မှု အရိပ်အယောင်တွေကို ပြနေသည်။
"လက်ဖက်ရည်တွေ ဖိတ်ကျလည်း ဘာမှမဖြစ်ဘူး။ မင်းအဆင်ပြေရင်ရပြီ၊ အဲ့တာကို စိတ်ထဲထားနေစရာ မလိုဘူး။ ပြီးတော့ ငါ လီတာ့ရန်နဲ့ စီးပွားရေးအကြောင်း ဆွေးနွေးဖို့ရှိတယ်။ အဲ့တာကြောင့် ငါ့ဆီသာ လွှဲထားလိုက်"
"ဟုတ်ကဲ့ပါ သခင်မလေး၊ ဒီအစေခံ အရင်သွားလိုက်ပါ့မယ်"
မင်ယင်းက မုယွမ်ယောင်ကို ကြည့်လိုက်ပြီး သူမစိတ်ထဲတွင် စိတ်ပူစွာဖြင့် နောက်ဆုတ်သွားသည်။
မုယွမ်ယောင်ကိုမြင်တော့ လီမုနျန်က ပြန်ထိုင်လိုက်သည်။
"မိန်းကလေးမု မတွေ့ရတာကြာပြီပဲ၊ ကျုပ်ကို ဘာလို့ တွေ့ဖို့လာလဲဆိုတာ မေးလို့ရမလား"
ဘေးမှာရပ်နေသည့် လီယွမ်ယီက လုံးဝကို မှင်သက်သွားသည်။ မင်ယင်းက အလှဆုံးလို့ သူ ထင်ခဲ့ပေမယ့် မုယွမ်ယောင်ကို မြင်တဲ့အခါ ရုတ်တရက် သူ အတော်လေး တုံးအသလို ခံစားလိုက်ရသည်။ သူ့မျက်စိရှေ့တွင် သူမက အတွန့်တွေနဲ့ စကပ်အပြာကို ဝတ်ဆင်ထားသည်။ သူမရဲ့ အင်္ကျီလက်တွေနဲ့ခါးက တင်းကြပ်နေတာကြောင့် ပိုပြီးသေးသွယ်သလို ပုံပေါ်သွားသည်။ သူမက အပြည့်အဝ အရွယ်မရောက်သေးပေမယ့် ဖူးငုံနေတဲ့ ပန်းလေးလိုပင်။ သူမရဲ့ အလှပဆုံးအချိန်ကို မရောက်သေးဘဲ သူမတွင် မတူညီတဲ့ ကျက်သရေရှိမှုတို့ ရှိနေသည်။ နောက်ထပ် နှစ်နှစ်လောက်ပဲ စိတ်ရှည်ရှည်စောင့်ပြီး ပန်းပွင့်လန်းလာဖို့ စောင့်နိုင်သည်။ ထိုအချိန်တွင် ဘယ်လောက်တောင် ရင်သတ်ရှုမောစရာ ဖြစ်နေမလဲဆိုတာ မသိနိုင်ပေ။ အကယ်၍ မင်ယင်းက ပုလဲဆိုလျှင် သူ့ရှေ့မှာရှိနေတဲ့ မုယွမ်ယောင်က သူ့နှလုံးသားထဲတွင် လုံးလုံးလျားလျား တောက်ပနေသော လပြည့်ဝန်းနှင့်တူသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now