အပိုင်း ၁၉၀/ အပိုင္း ၁၉၀

833 74 0
                                    

Unicode
အပိုင်း ၁၉၀

အမျိုးသမီးကျင်းကတော့ မုယွမ်ယောင်က ဒီတိုင်းနှစ်သိမ့်ပေးနေတယ်လို့သာ ထင်ကာ ပေါ့ပေါ့ပါးပါးပဲ ခေါင်းညိတ်ပြလိုက်ပြီးနောက် ယင်းဟုန်ကို ခန္ဓာကိုယ်အားပြန်ဖြည့်ပေးတဲ့ဆေးအချို့ဝယ်ခိုင်းပြီး မုယွမ်ယောင်ဆီကို သွားပို့ခိုင်းလိုက်သည်။ မုယွမ်ယောင်ရဲ့ လက်ကောက်ဝတ်တွေနဲ့ လက်ချောင်းတွေ သက်သာစေဖို့ သူမ ကူညီရမည်။

ပန်းထိုးမှုပြီးဆုံးပြီးနောက် မုယွမ်ယောင်က သူမ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ထမင်းစားပြီးနောက် အနားယူရန်အတွက် စောစောအိပ်ရာဝင်လိုက်ပြီး နောက်တစ်နေ့အထိ အိပ်ပစ်လိုက်သည်။ မနေ့က နောက်ကျခဲ့တာကြောင့် သူမ မထချင်သေးပေ။

စုချင်က ရတနာရှစ်ပါးကောက်ညှင်းပူတင်းကို ယူ၍ ဝင်လာသည်။ ထိုကလေး စောင်ထဲမှာပဲ နှပ်နေသေးတာကိုမြင်တော့ မနေနိုင်ပဲ မျက်နှာကို ဆိတ်ဆွဲလိုက်၏

“ဘယ်အချိန်ရှိနေပြီလဲ၊ မထသေးဘူးလား။ နန်အာနဲ့ အာ့မောင်တောင် ခြံဝန်းကို ရှင်းပြီးသွားပြီ”

မုယွမ်ယောင်က မျက်လုံးကို ပိတ်ထားဆဲဖြစ်ပြီး ဆက်၍ အိပ်ချင်ယောင်ဆောင်နေပေမယ့် သူမရဲ့ နှုတ်ခမ်းထောင့်က ကွေးတက်နေတာကြောင့် စုချင်က နောက်တစ်ကြိမ် ဆိတ်ဆွဲလိုက်သည်။

“လူဆိုးမလေး၊ မနေ့ညကကျ ရတနာရှစ်ပါးကောက်ညှင်းပူတင်းကို စားချင်လို့ဆိုပြီး ဂျီကျနေတာ၊ အမေက အခု ချက်ပြီးတော့ သမီးဆီကို ယူလာတယ်လေ၊ အိပ်ချင်ယောင်ဆောင်နေတာ မြန်မြန်ရပ်! ဆေးကြောပြီးရင် စားတော့။ မဟုတ်ရင် အာ့မောင်နဲ့နန်အာကိုပဲ ကျွေးလိုက်တော့မယ်"

မုယွမ်ယောင်က မျက်လုံးဖွင့်လိုက်ပြီး စုချင်ရဲ့ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။ သူမက အရမ်းကို မကျေမနပ်ဖြစ်နေသလိုဖြင့် ပြောလိုက်၏။

“သမီးတို့မှာ နန်အာနဲ့အာ့မောင်တို့ ရှိပြီးကတည်းက အမေက သမီးကို ဂရုစိုက်ပေးတာတွေ ရပ်လိုက်တော့တာပဲ၊ အမေနော်”

စုချင်က သူမကို ပြုံး၍ ဖက်လိုက်သည်။

“ဘာတွေ ဆူပုတ်နေတာလဲ! အကယ်၍ အမေက ကိုယ့်သမီးကိုမချစ်ရင် မွေးတောင်မထားဘူး၊ ငပျင်းမလေး”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now