အပိုင်း ၂၅၇/ အပိုင္း ၂၅၇

433 36 0
                                    

Unicode

အပိုင်း ၂၅၇ - သေတဲ့အထိ တိုက်ခိုက်ရန် ပြင်ဆင်ခြင်း

နောက်တစ်ရက်ကြာပြီးနောက် ဆားကို သဲနဲ့လဲသည့် ပြဿနာတွေက ပိုပိုပြီး မြင့်တက်လာပြီး ဒီကိစ္စကို ဆားကုန်သည်တွေဆီ ဦးတည်သွားစေတဲ့ ဇာတ်လမ်းတွေပင် စဖြစ်လာခဲ့သည်။ ဝူမင်ကျစ် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ အပြစ်ကို တခြားတစ်ယောက်ယောက်အပေါ် ဖြစ်နိုင်သမျှ မြန်မြန်ပုံချရန် နေရာတိုင်းက လူတွေကို ဆားဝယ်ဖို့ တောင်းဆိုရသည်။


ချီမင်က သူတို့ကို တိုက်တွန်းနှိုးဆော်ဖို့ နှစ်ကြိမ် သုံးကြိမ် လူလွှတ်ပြီး ဖြစ်ပေမယ့် အခြားဆားကုန်သည်တွေက သတင်းကြားပြီးဖြစ်သည်။ ဒီတစ်ခါ သူတို့တွေ ဝူမင်ကျစ်နဲ့ အခြားလူတွေ ပြိုလဲတာကို ကြည့်ချင်ကြပြီး ကူညီပေးဖို့ကို အလိုလို ငြင်းဆိုကြသည်။ သူတို့တွေဆီ ဆားရောင်းချင်ရင်တောင် ဈေးက သိသိသာသာ များနေသည်။


ဝူမင်ကျစ် စိတ်ဆိုးမာန်ဆိုးနဲ့ သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ဆောင့်ချလိုက်သည်

“ဒီသစ္စာဖောက် လူယုတ်မာတွေ၊ ငါ ဒီပြဿနာကို ဘေးကင်းကင်းနဲ့ ကျော်ဖြတ်ပြီးတဲ့အခါ ဒင်းတို့တွေ ငါ့လုပ်နိုင်စွမ်းကို သေချာပေါက် မြည်းစမ်းစေရမယ်”


အခြားဆားကုန်သည်တွေသည် တိတ်တဆိတ်ပဲ ထိုင်နေခဲ့ကြသည်

“စာရင်းကိစ္စကို‌ ကျုပ်တို့တွေ ဖြေရှင်းရမယ်ရင်တောင် ဒီပြဿနာရပ်ကို အရင်ဆုံး ကျော်ဖြတ်ရလိမ့်မယ်…”

ဒါပေမယ့် ဒီတစ်ကြိမ်မှာ သူတို့တွေ မကျော်ဖြတ်နိုင်ဖို့ အလားအလာများတယ်။


အားလုံး မျှော်လင့်ချက်ကုန်ဆုံးအံ့ဆဲဆဲမှာ သူ့လက်ထဲမှာ ဆားရှိတယ်ဆိုပြီး စာပို့လာတဲ့သူဆီက နောက်ထပ် သတင်းအစအနတစ်ခု ကြားရသည်။

အစေခံက စာလာပို့ပေးတာ မြင်တော့ ဆားကုန်သည်တွေ အလွန် စိတ်လှုပ်ရှားသွားကြသည်

“ခေါင်းဆောင်ဝူ၊ အမြန်ကြည့်ကြည့်ပါ။ ဆားကုန်သည်က ကျုပ်တို့ကို ရောင်းပေးချင်တာများ ဖြစ်နိုင်မလား?”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now