အပိုင်း ၂၀၄/ အပိုင္း ၂၀၄

550 75 0
                                    

Unicode

အပိုင်း ၂၀၄

ယွဲ့ဝမ် ပေါက်စီကို ယူလိုက်မှ ယွီယိက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူထိုင်လိုက်တဲ့အချိန်မှာ အထိန်းတော်ချင်းရဲ့ တိတ်တဆိတ် နှာခေါင်းရှုပ်သံကိုကြားပြီး စိတ်ထဲမှာ ငိုကြွေးနေမိတော့၏။ ရထားတဲ့ စာအိတ်‌နီလေး မနက်ဖြန်ကျ ပြန်သိမ်းခံရတော့မှာလား ဝူးဝူး…

စုအိမ်တော်မှာ နွေးထွေးမှုတို့ဖြင့် အသက်ဝင်နေချိန် မြို့တော်မှာလည်း မီးရောင်စုံတို့ဖြင့် တောက်ပလင်းလက်နေ၏။
မင်းညီမင်းသား၊ မှူးမတ်အရာရှိများနဲ့ တော်ဝင်ကိုယ်လုပ်တော်များရဲ့ ဂုဏ်ပြုမှုကို လက်ခံရရှိပြီးနောက် ဧကရာဇ်က အပျော်တွေဖြင့်ပြည့်နေသည်။ သူက ရာဇပလ္လင်ကိုမှီရင်း လက်ထဲက ဝိုင်ခွက်ကိုရမ်းကာ က‌ပြဖျော်ဖြေမှုတွေကို ရှုစားနေလေ၏။
ဧကရာဇ်ရဲ့ဝိုင်ခွက် ပြောင်စင်သွားတာကိုတွေ့တော့ ရှုလီက တန်ဖိုးကြီးမားတဲ့ဝိုင်ကို ငှဲ့ပေးပြီး ခပ်တိုးတိုး လျှောက်တင်လိုက်သည်။
"အရှင်မင်းမြတ် ဒီနှစ်မှာ ရာသီဥတုသာယာပြီး ပြည်သူပြည်သားတွေလည်း ကျန်းမာရေးကောင်းမွန်ကြပါတယ်။ ဒီနှစ် နေရာအနှံ့က ဆက်သလာတဲ့ နှစ်သစ်ကူးလက်ဆောင်တွေဟာဖြင့် အင်မတန်မှ ခမ်းနားလှပါကြောင်းလည်း ဒီအစေခံ ကြားသိထားပါတယ်။ ဒီအစေခံနဲ့ တချို့ငယ်သားတွေကတော့ ကံကောင်းလို့ လက်ဆောင်တွေကို တစ်ချက်ကြည့်ခွင့်ရခဲ့တုန်းက အကြည့်တောင် မလွှဲနိုင်ခဲ့ပါဘူးဘုရား"

"အိုး မင်းဆို ဒီနန်းတော်မှာ ‌နေတာကြာပြီလို့ သတ်မှတ်လို့ရတယ်။ မင်းမမြင်ဖူးတာ ဘာများရှိဦးမှာလဲ? မင်းကို ဒီလောက်ထိ ချီးကျူးအောင်လုပ်နိုင်တာ သေချာပေါက် ထူးခြားလို့ပဲ ဖြစ်ရမယ်။ ကြည့်ကြည့်ရ‌အောင် အောက်ကအစေခံတွေကို ယူလာခိုင်းစေ!"

ရှုလီတစ်ယောက် နှလုံးခုန်တောင် မှားသွားပြီး အမြန်အောက်ဆင်းကာ မိန်းမစိုးငယ်လေးတွေကို ရွေးချယ်ထားတဲ့ နှစ်သစ်ကူးလက်ဆောင်တွေ ယူလာဖို့ အမိန့်ပေးလိုက်သည်။

"အရှင်မင်းမြတ် ကြည့်ရှုတော်မူပါ။ ဒီအရာက လုတုန်းဘုရင်ခံ ဆက်သတဲ့ ထိုက်ရှန်းတောင်က အထွတ်မြတ်ထားရာ ကျောက်တုံးပါ။ ကောလဟာလတွေအရ ဒီကျောက်တုံးက ညအချိန်မှာ ထွန်းလင်းတောက်ပနိုင်ပါတယ်တဲ့။ ကျောက်တုံးပေါ်က သဘာဝအတိုင်းပါလာတဲ့ မျဉ်းကြောင်းတွေမှာ တရုတ်စာလုံး အသက်ရှည်ခြင်းဆိုတာကို ရေးထွင်းထားတာမို့ အရမ်းကို မှော်ဆန်လှပါတယ်"

ဧကရာဇ်က တစ်ချက်ပဲ အကြည့်ပေးလာ၏။
"ရှေ့ရက်ကပဲ ကျန်းမွေးနေ့ဆင်နွှဲတုန်းက ထူးထူးဆန်းဆန်း ကျောက်တုံးတွေနဲ့ အတိတ်ကောင်းတဲ့ အမှတ်သင်္ကေတတွေ ပို့လာကြသေးတယ်။ ဘာမှစိတ်ဝင်စားစရာမရှိဘူး။ တခြား ဘာရှိသေးလဲ"

"ကျင်းလင်မြို့ကလည်း နှစ်သစ်ကူးလက်ဆောင် ဆက်သလာတယ်လို့ ကျွန်တော်မျိုး ကြားသိရပါတယ်။ အရှင်မင်းမြတ် အရင်က ဆုပေးခဲ့တဲ့ နီယွင်ဖန်းကလို့ ဆိုကြပါတယ်။ ကျင်းလင်မြို့ဘေးက မြို့ငါးမြို့၊ ခြောက်မြို့လောက် ပါဝင်ဆောင်ရွက်ထားတဲ့ လက်ဆောင်မွန်ပါတဲ့ အရှင်မင်းမြတ်"

ကျင်းလင်မြို့ဆိုတာကိုကြားတော့ ဧကရာဇ်က စိတ်လှုပ်ရှားသွားသည်။ သို့ပေမယ့် မြို့ငါးမြို့၊ ခြောက်မြို့လောက်ထိ ပါဝင်ထားတယ်ဆိုတာကို ကြားတော့ အနည်းငယ် စိတ်အလိုမကျ ဖြစ်သွား၏။
"လက်ဆောင်အတွက် အရေးကြီးဆုံးအရာက စိတ်နှလုံးသားပဲ။ ပြည်သူပြည်သားတွေ လက်ဆောင်အတွက် အနားမနေရ၊ စိုးရိမ်ပူပန်နေရမယ်ဆိုရင် အောင်မြင်မှုနောက် မျက်စိစုံမှိတ်လိုက်နေတာပဲ မဟုတ်ပေဘူးလား"

ရှုလီ အနည်းငယ် ကြောက်ရွံ့သွား၏။ သူ အခုမှ အတွင်းအစေခံခေါင်းဆောင်အဖြစ် ရာထူးတိုးခါစမို့ ဧကရာဇ်ရဲ့ စိတ်အခြေအနေကို သဲ့ကုန်းကုန်းလောက် မသိချေ။ အခုချိန်မှာ သူက မုယွမ်ယောင်ကိုမှီခိုပြီး အကျိုးရ‌ဖို့ပဲ တွေးနေတာမို့ ဧကရာဇ်ရဲ့ အတွေးတွေကိုကျ မေ့နေခဲ့သည်။

သို့ပေမယ့် ဧကရာဇ်က ပြောလာပြီဖြစ်သည်။
"ကျင်းလင်မြို့က ပို့လိုက်တဲ့ နှစ်သစ်ကူးလက်ဆောင်မွန်ကို ယူလာခဲ့စေ။ ပြည်သူပြည်သားတွေ ပါဝင်ဆောင်ရွက်ထားတဲ့ လက်ဆောင်က ဘယ်လိုဟာမျိုးဖြစ်မလဲလို့ ကျန်းသိချင်မိတယ်"

ကျင်းလင်မြို့ဆိုတဲ့ နာမည်ကိုကြားတော့ မှူးမတ်အရာရှိတွေ တိုးတိုးတိုးတိုးနဲ့ ပြောကြပြန်သည်။ ဒီကျင်းလင်ပဲလား! အဲ့မြို့နာမည်က တော်တော်လေး ကျော်ကြားနေတာပဲ။ ဒါပေမယ့် ဧကရာဇ်ရဲ့အမူအရာကို ကြည့်ရင်ဖြင့် ထိုကိစ္စ ဤမျှနှင့် မပြီးသေးကြောင်း မြင်သာသည်။ ဒီတစ်ခေါက် သူတို့တွေ ကံဆိုးပြီလား!

ထိုကဲ့သို့တွေးမိတော့ အင်အားတက်ကြွလာပြီး ခန်းမအဝင်ပေါက်ဆီ လှမ်းကြည့်လိုက်ကြ၏။ မကြာခင်မှာပဲ အစောင့်နှစ်ယောက်က စင်တစ်ခုကိုသယ်ရင်း လျှောက်လာကြသည်။ ကြည့်ရတာ အဝတ်နီနဲ့ဖုံးထားတဲ့ ကန့်လန့်ကာဖြစ်နိုင်သည်။ တကယ်ဘာလဲဆိုတာတော့ ပြောဖို့ခက်လှသည်။

တခြားလူတွေက စုဝမ်ယွမ်ရှိရာဘက်ကို နှစ်ထောင်းအားရစွာ လှမ်းကြည့်လိုက်ကြသည်။ ဧကရာဇ်ရဲ့မွေးနေ့တုန်းက စုဝမ်ယွမ်က မျက်နှာသာရဖို့ ပန်းချီကန့်လန့်ကာတစ်ခု ပေးခဲ့သည်။ သို့ပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ လှပတဲ့ တောင်တန်းနဲ့ မြစ်ပန်းချီက သွေးစွန်းနေတဲ့ နိမိတ်ဆိုးအဖြစ် ပြောင်းသွားမယ်လို့ ဘယ်သူထင်မှာလဲ။

ထိုအကြောင်းကြောင့် စုမိသားစု အချိန်ခဏကြာတောင် ခပ်လျှိုလျှိုနေခဲ့ရသည်။ ‌ဒီရှေ့နှစ်ဝက်လုံး ထိုအရိပ်မည်းကြီးကနေလွတ်အောင် အကောင်းဆုံးကြိုးစားပြီး အောင်မြင်ခါနီးမှပဲ ကျင်းလင်မြို့က နောက်ထပ် ကန့်လန့်ကာတစ်ခု ပို့လာတယ်တဲ့လေ!

စုဝမ်ယွမ်က အပြုံးမပျက် တည်ငြိမ်နေပေမယ့် သူ့လက်ထဲက ဝိုင်ခွက်ကတော့ လှုပ်ခါနေသည်။

ဧကရာဇ်က စင်ကိုမြင်တော့ စုဝမ်ယွမ်ရဲ့ လက်ဆောင်ကို တန်းအမှတ်ရသွားပြီး မျက်နှာအမူအရာ မကောင်းတော့ပေ။
"ဘာတွေဖုံးထားတာလဲ အဝတ်နီကို ဖယ်လိုက်စမ်း!"

ဧကရာဇ် ဒေါသထွက်နေတာကိုမြင်တော့ အောက်ကအစောင့်တွေလည်း ကြောက်လန့်တကြား ဖြစ်သွားပြီး တုန်တုန်ယင်ယင်နဲ့ ပိတ်စနီကို ဆွဲချလိုက်သည်။

ခန်းမတစ်ခုလုံး အ‌လင်းရောင်တွေ တောက်ပသွားသည်။ ရုတ်တရတ် လူတိုင်း သူတို့ရှေ့က အလင်းရောင်ကြောင့် မျက်စိကန်းလုမတတ် ဖြစ်ကုန်ကြ၏။ အချိန်ခဏကြာမှ သေချာအာရုံစိုက် ကြည့်နိုင်သွားကြပြီး အသက်ပြင်းပြင်း ရှူလိုက်ကြသည်။

ကျင်းလင်မြို့က ဆက်သတဲ့ပစ္စည်းက ကန့်လန့်ကာတစ်ခုနဲ့ ဆင်ပေမယ့် ဘောင်သွင်းထားတဲ့ လက်ပန်းထိုးထည်တစ်ခု ဖြစ်ပုံရသည်။ ထိုအခိုက်မှာ အစောင့်တွေရဲ့ လက်မငြိမ်မှုကြောင့် ထိုလက်ပန်းထိုးထည်က ခပ်ဖွဖွလေး ယိမ်းသွား၏။ အထည်မှာရေးထိုးထားတဲ့ ရွှေရောင်စာလုံးလေးလုံးက ချက်ချင်းပဲ ပြိုးပြိုးပျက်ပျက် လင်းလက်သွားတော့သည်။

ခန်းမထဲက ဖယောင်းတိုင်မီးတွေရဲ့အောက်မှာ မင်္ဂလာရှိတဲ့တိမ်တိုက်က စာလုံးတွေအောက်မှာ ဖြည်းဖြည်းချင်း ရွေ့လျားသွားတော့ ရွှေရောင်စာလုံးတွေက‌ ကောင်းကင်ပေါ်က ပျံသန်းလာကာ တိမ်တိုက်တွေထဲ ခိုင်မြဲစွာ ရပ်သွားသယောင် ပေါ်သွားသည်__ ‌ကောင်းချီးမင်္ဂလာ၊ အသက်ရှည်ခြင်း၊ လုံခြုံခြင်း၊ ကျန်းမာခြင်း(ဖု၊ရှို့၊အန်း၊ခန်း)

ဧကရာဇ်တောင် မျက်လုံးပြူးပြီး အောက်ကလက်ပန်းထိုးထည်ကို သေချာဂရုတစိုက် ကြည့်နေမိသည်။ ကောင်းမြတ်မှု လှိုင်းလုံးကြီးက ရင်ထဲကနေ ဆန်တက်လာကြောင့် သူ့ကို အသံထွက် ရယ်မောသွားစေ၏။
"ကောင်းပေ့!"

ထိုသို့ပြောပြီး မတ်တပ်ထရပ်ကာ လှေကားထစ်တွေကတဆင့် ဆင်းလာပြီး လက်ပန်းထိုးထည်ကို အနီးကပ် ကြည့်ရှုလေသည်။ အနီးကပ်ကြည့်လေ၊ ပိုဆန်းကြယ်လေ ဖြစ်နေ၏။
"ဖု၊ရှို့၊အန်း၊ခန်း စာလုံးကြီးလေးလုံးက တကယ်တော့ စာလုံးသေးလက်ရေးပေါင်းစုံနဲ့ ပေါင်းစည်းထားတာပဲ! အကုန်လုံးပေါင်း လူအယောက် သောင်းဂဏန်းနီးပါးရှိရမယ် ဟုတ်ရဲ့လား?"
ရှုလီက ဧကရာဇ် ဒေါသထွက်ရာကနေ စိတ်ပျော်ရွှင်သွားတာကိုမြင်တော့ လက်ဖဝါးက ချွေးတွေကို တိတ်တိတ်လေး သုတ်လိုက်သည်။ သူ လောင်းကြေးထပ်လိုက်တာ မှန်သွားတာပဲ။ ဧကရာဇ်ရဲ့မေးခွန်းကို ကြားတော့ သူက ရှေ့ကိုအမြန်တိုးပြီး ဖြေလိုက်သည်။
"အရှင်မင်းမြတ်ကို လျှောက်တင်ပါတယ်။ ဟွိုက်နန်ဘုရင်ခံ ကျန်းပိုယုံက အသေးစိတ်တွေ မှတ်တမ်းတင်ထားတဲ့ သဝဏ်လွှာပို့လာကြောင်းပါ"

"ယူလာခဲ့စေ ဘယ်သူကများ ဒီလိုအံ့အားသင့်စရာ ပန်းထိုးထည်ကို ပြုလုပ်ခဲ့လဲ သိချင်မိပါရဲ့"
မကြာခင်မှာပဲ ဘုရင်ခံကျန်းရဲ့စာစောင်က ဧကရာဇ်ဆီ ရောက်လာသည်။ ဖတ်လို့ပြီးချိန်သွားမှာ ဧကရာဇ်က ပိုပြီးတောင် ပျော်ရွှင်လာ၏။
"ဒီဖု၊ရှို့၊အန်း၊ခန်း စာလုံးသေးတွေက ဟွိုက်နန်ရဲ့ မြို့ခြောက်မြို့မှာရှိတဲ့ လူကြီးသူမတွေဆီကလာတာ၊ စုစုပေါင်း တစ်သောင်းခြောက်ထောင်ကျော် ရှိတယ်။ တကယ်ကို အံအားသင့်စရာပါပဲ! စာရွက်တွေ အားလုံးကိုစုပြီး ဆက်သလိုက်တယ်လို့ ကျန်းပိုယုံက ဆိုထားတယ်၊ စာရွက်တွေ အခုဘယ်မှာလဲ"
ရှုလီက အလျင်အမြန် ဖြေကြားသည်။
"ဒီအစေခံ အခုပဲ တစ်‌ယောက်ယောက်ကို အယူလွှတ်လိုက်ပါ့မယ်"

သိပ်မကြာခင်မှာပဲ အစောင့်တွေက သေတ္တာကြီးနှစ်လုံးကို သယ်ယူလာကြသည်။ ရှုလီက သေတ္တာတွေကိုဖွင့်ဖို့ အမြန်အမိန့်ပေးလိုက်၏။ သေတ္တာထဲမှာတော့ ဖု၊ရှို့၊အန်း၊ခန်း စာလုံးတွေရေးထားတဲ့ စာရွက်ဖြူတွေ သပ်သပ်ရပ်ရပ် ရှိနေသည်။

ရှုလီက စာရွက်တချို့ယူကာ ဧကရာဇ်ရှေ့တော်မှောက် ထားလိုက်သည်။
"အရှင်မင်းမြတ် ကြည့်ရှုတော်မူပါ"

ဧကရာဇ်က စာရွက်တစ်ရွက်ယူပြီး ပန်းထိုးထည်ကို သေချာပြန်ကြည့်သည်။ ပန်းထိုးထည်မှာ ဖု၊ရှို့၊အန်း၊ခန်း စာလုံးသေးတွေ ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံ ရှိနေတာမို့ စာရွက်ထဲက စာလုံးကို လိုက်ရှာနိုင်ဖို့ ခက်ခဲလှသည်။

"မှူးကြီးမတ်ရာတို့ ရှေ့ထွက်ပြီး တစ်ချက်လောက် ကြည့်ကြည့်ကြပါ။ ဒီစာရွက်ထဲက လက်ရေးကို ရှာနိုင်ရဲ့လား ကြည့်ရအောင်"

အရာရှိအိုကြီးတချို့က ရှေ့ထွက်လာပြီး စာရွက်တစ်ရွက်စီယူကာ သေချာယှဉ်ကြည့်ကြသည်။ ရုတ်တရက် တစ်ယောက်က ထအော်သည်။
"ဒီမှာပဲ! အရှင်မင်းမြတ် ကျွန်တော်မျိုး တွေ့ပါပြီ။ ဒီနေရာကို ကြည့်ကြည့်ပါ"

"အဟုတ်ပါပဲလား"

"ဒီငယ်သားလည်း ရှာတွေ့ပါပြီ။ အရှင်မင်းမြတ် တစ်ချက်ကြည့်ရှုတော်မူပါ"

မကြာခင်မှာပဲ ရွှေရောင်ခန်းမကြီးတစ်ခုလုံး ဆူညံစိတ်လှုပ်ရှားလာကြသည်။ လူတိုင်းက စာရွက်တစ်ရွက်စီကိုင်ကာ လက်ပန်းထိုးထည်မှာ လိုက်ရှာကြသည်။ အကုန်လုံးလည်း ရှာတွေ့ကြ၏။ အထူးခြားဆုံးကတော့ လက်ရေးနဲ့ တစ်နေရာမှ လွဲမနေခြင်းပင်။ အရွယ်အစားကလွဲပြီး အကုန်လုံး တစ်ထေရာတည်း တူညီနေသည်။

"ဒီပန်းထိုးထည်လက်ရာကတော့ တကယ်ကို ကောင်းကင်ဘုံကအတိုင်းပါပဲ"

"မှန်ပါ့။ ဒီစာလုံးပေါင်းသောင်းကျော်က လက်ရေးမျိုးစုံရှိနေပြီး သေချာလေး စီစဉ်ထားတော့ စာလုံးကြီးလေးလုံးက ခံ့ညားထည်ဝါပြီး အင်အားပြည့်ဝသွားတယ်…တကယ်ကို ရှားပါးလှပါတယ်"

"သေချာပေါက်ပါပဲ! နီယွင်ဖန်းက ဧကရာဇ်ရဲ့ဆုလာဒ်နဲ့ ထိုက်တန်တဲ့ဆိုင်ပဲ။ ဒီလိုလက်ရာမျိုးက ကမ္ဘာမှာ ပြိုင်ဘက်ကင်းလှပါတယ်"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now