အပိုင်း ၂၃၃/ အပိုင္း ၂၃၃

506 58 0
                                    

Unicode

အပိုင်း ၂၃၃ - နာမည်ကြီးပန်းတစ်ပွင့်က ပိုင်ရှင်ကို ရွေးချယ်လို့ သွားရာလမ်း မေးလာခဲ့သည်

ဒီတစ်ခါ ဝူမင်ကျစ်ကို ဆက်သွယ်ပြီးနောက် မုယွမ်ယောင် ချီမင်ကို ရှေ့တိုးခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမက ကျင်းလင်မြို့မှာ အတော်လေး အသံထွက်နေတဲ့သူဖြစ်သည်။ သူမသာ ဆားအခွန်ကိစ္စမှာ အဆောတလျင် ကြားဝင်လိုက်ရင် အခြားသူတွေ ခုခံပြောဆိုကြတာ အလျင်အမြန် အုံကြွလာလိမ့်မည်။ ချီမင်က မျက်နှာသစ်ဖြစ်၏။ ဒါ့အပြင် သူ ဖွင့်ဖို့ ပြင်ဆင်နေတဲ့ ရိပေါင်ရွှမ်းက နီယွင်ဖန်းနာမည်နဲ့ အတိုက်အခံ လုပ်နေရသေးသည်။ အခြားသူတွေ ဘယ်လိုပဲ ခန့်မှန်းချက်တွေ ထုတ်နေကြပါစေ သူမကို လာပတ်လိမ့်မည် မဟုတ်ပေ။

ချီမင်က မုယွမ်ယောင် ပြင်ဆင်ပေးတဲ့ အဝတ်အစားတွေ လဲဝတ်ကာ ယွဲ့ဝမ် သူ့ဆီ စေလွှတ်ထားတဲ့ အစောင့်တွေနဲ့အတူ ယန်ကျိုးမြို့ထဲသို့ ဝင့်ကြွားစွာ လှည့်လည်သွားသည်။ ဒီအချိန်တွင် ယန်ကျိုးမြို့သည် ဆူညံသံတွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့ အုတ်အုတ်ကျတ်ကျတ် ဖြစ်နေကြ၏။ ဝူမင်ကျစ်ရဲ့ မွေးနေ့ပွဲတော်ကြောင့် မြို့တော်တစ်ခုလုံး သက်ဝင်စည်ကားလျက် ရှိ၏။ လမ်းတိုင်းတွင် လူတိုင်းက လက်ဆောင်တွေ ကိုင်ဆောင်လျက် လူတန်းကြီးမှာ မဆုံးနိုင်အောင် ရှိနေသည်။ အိမ်တော်ကို ဝင်သည့် အစဉ်ကြောင့် အချို့လူတွေသည် ရုတ်ရုတ်သဲသဲ ငြင်းခုံလို့ပင်နေလေသည်။

ချီမင်ရောက်လာတော့ အိမ်တော်ရှေ့တွင် အတန်းရှည်ကြီး ရှိနေပြီဖြစ်သည်။ သူ ခံ့ညားစွာ ဝင်လာတာ မြင်တော့ လက်ဆောင်လာဆက်သတဲ့ လူအများက သူတို့ဘာသာ ရေရွတ်မိသည်။
“ဒီလူက ဘယ်သူလဲ? သူက တန်းစီစရာတောင် မလိုဘူးလား”

ဒီမှာရောက်နေကြတဲ့သူတွေသည် တုံးအသူတွေ မဟုတ်တာကြောင့် ဘယ်သူမှ မေးခွန်းတွေ အတင်းလိုက်မမေးကြပေ။ သူတို့တွေက နောက်ထပ် လူတစ်ယောက် အိမ်တော်ထဲ ဝင်ရောက်ပြီး‌ အထင်ကရ မွေးနေ့ဆုတောင်းကတ်တွေ ဖလှယ်မယ့်အချိန်ကို အသုံးချကြသည်။

ချီမင်သည် မျက်နှာပြုံးချိုကာ လူတွေအပေါ် အလွန်ညင်သာသိမ်မွေ့ပေမယ့် သူ့အပြုအမူနဲ့ မျက်လုံးတွေမှာ မာန်ဝင့်မှု အပြည့်ရှိနေတာကြောင့် လူတွေ သူ့ကို ပို၍ပင် အထင်မသေးဝံ့ချေ။မကြာခင်မှာပင် အိမ်တော်ထဲဝင်သွားတဲ့ အစေခံက ပြန်ထွက်လာကာ သူ့ကို ရိုသေလေးစားစွာ နှုတ်ဆက်သည်။
“နှုတ်ဆက်ပါတယ်၊ လူကြီးမင်းချီ။ ကျွန်မတို့သခင်က အထဲကို ဖိတ်ခေါ်လိုက်ပါတယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Donde viven las historias. Descúbrelo ahora