အပိုင်း ၁၈၄ /အပိုင္း ၁၈၄

645 67 2
                                    

Unicode

အပိုင်း ၁၈၄

သူမစိတ်ထဲရှိအတွေးများကို မြိုသိပ်ထားရင်း မုယွမ်ယောင်က အမျိုးသမီးကျင်းကို စောင်ဆွဲ၍ ခြုံပေးလိုက်သည်။

“သခင်မ စိတ်ဆိုးနေတယ်ဆိုရင်တောင် သခင်မရဲ့ခန္ဓာကိုယ်ကိုတော့ လက်လွတ်စပယ်ထားလို့မရဘူး၊ သခင်မ သေချာပေါက် အမွှေးနံ့သာတွေကို သုံးလို့မရဘူးနော်"

အမျိုးသမီးကျင်းရဲ့ မျက်နှာပေါ်တွင် အပြုံးကပေါ်လာသည်။
“အမွှေးအကြိုင်တွေ မသုံးနဲ့လို့ မင်းပြောကတည်းက ငါ မသုံးတော့ပါဘူး”

မုယွမ်ယောင်ရဲ့ မျက်ခုံးတွေက တွန့်သွားသည်။

“ဒါပေမယ့် ကျွန်မ အစောပိုင်း ဝင်လာတုန်းက သေချာပေါက်ကို ရှင်းရှင်းလင်းလင်း ဆေးအနံ့တွေနဲ့ရောစပ်ထားတဲ့ စံပယ်နံ့ကို ရလိုက်တာနော်”

“…အဲ့တာ ကိုယ်လုပ်တော်ဝမ်ပဲ၊ သူမက စံပယ်နံ့ကြိုက်လို့ တစ်နှစ်ပတ်လုံး သုံးလာတာ၊ ဒီမနက် ငါ့ကို တောင်းပန်ချင်တယ်ဆိုပြီး ငါ့အခန်းထဲကိုလာခဲ့ပေမယ့် ငါသူ့ကို ထွက်သွားဖို့ ပြောလိုက်တာ၊ မင်း ခုနကရတဲ့ စံပယ်နံ့ဆိုတာ သူထွက်သွားတုန်းက ကျန်နေခဲ့တာဖြစ်လိမ့်မယ်၊ ယွမ်ယောင် အမွှေးနံ့သာနဲ့ ဆေးနဲ့ရောသွားရင် ငါ့ခန္ဓာကိုယ်ကို ထိခိုက်စေလား?”

“သာမန်လူတွေဆို ဘာမှမဖြစ်ပေမယ့် သခင်မက အခုကိုယ်ဝန်ရှိနေတာလေ။ အဲ့တာကြောင့် အရင်ကထက်ပိုပြီး စိုးရိမ်စိတ်လွန်ကဲနေလိမ့်မယ်၊ အကယ်၍ အမွှေးနံ့သာတွေ အနံ့ခံနေမယ်ဆိုရင် ပိုပြီးအတွေးများနေနိုင်တယ်၊ အခုကတော့ ဘာပြဿနာမှ မရှိပါဘူး၊ တခြားသူနဲ့ တွေ့တာတွေ လျှော့ဖို့ပဲလိုတာ”

အမျိုးသမီးကျင်းက လှောင်ပြုံးပြုံးလေသည်။

“ငါ သူတို့အပေါ်မှာ ကြင်နာပေးနေတော့ ဒေါသမထွက်တတ်ဘူးလို့ ထင်နေတဲ့ပုံပဲ။ အရင်တုန်းက ငါ့ဘေးမှာ ဘယ်ကလေးမှ ရှိမနေခဲ့ဘူး၊ အဲ့ဒါကြောင့် ငါ သူတို့နဲ့ ရန်သတ်တဲ့နေရာမှာ မတော်တဲ့အပြင် ရန်ဖြစ်ဖို့လည်းစိတ်ကူးမရှိဘူး။ ဒါပေမယ့် သူတို့က အိမ်ရဲ့သခင်မကို တစ်ခုခုလုပ်ရဲနေတဲ့အပြင် ကလေးကိုတောင် ပစ်မှတ်ထားနေကြတယ်၊ ဒီလိုဆိုမှတော့ ငါ အဲ့ဒီခွေးမတွေကို သည်းမခံနိုင်တော့လို့ ဒေါသထွက်မိတာကို အပြစ်တင်လို့မရဘူး”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now