အပိုင်း ၁၉၈/ အပိုင္း ၁၉၈

654 69 0
                                    

Unicode

အပိုင်း ၁၉၈

ယွဲ့ဝမ်၏မျက်လုံးတို့က အောက်ဘက်ရှိ ရေကန်ကိုသာ စူးစိုက်ကြည့်နေ၏။ သူ၏ နက်နဲသော မျက်လုံးများတွင် ပထမဆုံးအကြိမ်အဖြစ် အေးစက်မှုတို့ ပြယ်လွှင့်သွားကာ အံ့ဩမှုတို့ အစားထိုးဝင်ရောက်လာသည်။ မိန်းကလေးတစ်ယောက်က အေးစက်နေတဲ့ ဆောင်းရာသီအလယ်မှာ တောက်လောင်နေတဲ့ မီးတောက်မီးလျှံတွေလိုမျိုး ဒီလောက်နွေးထွေးနေမယ်လို့ သူဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ သူမက လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။

ပထမတော့ သူမရဲ့သတ္တိကို အသေးအမွှားလေးရယ်လို့သာ သူထင်ခဲ့သည်။ ဒါပေမယ့် သူ့ဒဏ်ရာကို ပတ်တီးစီးပေး၊ တခြားသူတွေကို သတ်ဖို့ သူ့ကိုယ်ပိုင်ဓားမြှောင်ကို ခိုးယူတာတွေ အေးအေးဆေးဆေးလုပ်နိုင်မယ်လို့ သူ မထင်ထားဘူး။ အဲဒီနောက်မှာတော့ သူမဟာ ခန့်မှန်းမရတဲ့စိတ်ထားရှိတယ်လို့ ထင်ခဲ့ပေမယ့် ကိုယ်ကျိုးမဖက်ဘဲ တင်းယွဲ့လန်ကို ကူညီပေးခဲ့ပြီး စစ်ယို့ကျွီရဲ့ မိဘမဲ့ကလေးတွေကိုလည်း ကယ်တင်ခဲ့တယ်လို့ ကြားသိရသည်။ ယခုတော့ သူတွေးလိုက်မိသည်က သူမရဲ့ နွေးထွေးဖြူစင်သော တစ်ဖက်ကို သူ ရှင်းရှင်းလင်းလင်း မြင်နေရပြီ…

ဒီလို ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ မိန်းကလေးက သူ့အပါ် တိတ်တိတ်လေး ကြွေဆင်းနေတယ်တဲ့လေ။

ဒါကိုစဉ်းစားရင်း ယွဲ့ဝမ်၏လက်ချောင်းတွေက မထိန်းနိုင်စွာ တဆတ်ဆတ်တုန်လာတော့ သူ့ဘေးနားက လက်ဖက်ရည်အအေးတစ်ခွက်ကို ယူပြီး တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။

အခုမှ အသိစိတ်ကပ်သွားတဲ့ အထိန်းတော်ချင်းက ဒီမြင်ကွင်းကိုမြင်ပြီး စိတ်ထဲမှာ ကြိတ်ရယ်နေသည်။ သူက အစေခံတွေကို လက်ဖက်ရည်ပူပူလေး အမြန် ပြောင်းခိုင်းလိုက်သည်။

"ဝမ်ရယ်၊ ကျေးဇူးပြုပြီး ဒါကိုမြည်းကြည့်ပါဦး။ အဲဒါက နောက်ဆုံးပေါ် ကြာပန်းလက်ဖက်ရည်တဲ့”

ယွဲ့ဝမ်က သူ့လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် ရေကန်ဆီသို့ တစ်ဖန် ပြန်စိုက်ကြည့်နေသည်။ မုယွမ်ယောင်က ရေကန်ပေါ်တွင် မရှိတော့ဘဲ ရေပြင်ကို ဖြတ်လျှောက်သွားတဲ့ အနီရောင် ပိုးထည်လေးတစ်စသာ ကျန်ခဲ့သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Tahanan ng mga kuwento. Tumuklas ngayon