အပိုင်း ၁၉၅/ အပိုင္း ၁၉၅

643 79 0
                                    

Unicode

အပိုင်း ၁၉၅

ထိုမှသာ အားလုံးက ချီးမွမ်းစကားဆိုလာကြကာ မုယွမ်ယောင်ကို အကြိမ်များစွာ တိတ်တဆိတ် ကြည့်နေကြသည်။ သူမက အဝတ်အစားပေါ်မှာ ပုံစံများစွာ ဖန်တီးနိုင်စွမ်းရှိပြီး ထိုဖြေရှင်းရခက်တဲ့ဒီပုံစံများက သူတို့ရဲ့နှလုံးသားကို လှုပ်ခတ်သွားစေသည်။ ကြည့်ရုံဖြင့် အဝတ်နှစ်စုံကို တွဲလျက်မြင်မိစေ၏။

အထူးသဖြင့် သခင်မများက သူတို့မျက်လုံးတွေ အဝတ်ကို ကော်နဲ့ကပ်ထားသလို မျက်တောင်မခပ် ကြည့်နေမိကြသည်။ သူတို့ရဲ့ အသက်အရွယ်နဲ့ အဆင့်အတန်းကြောင့် တိုက်ရိုက်ပြောလိုက်ဖို့ အဆင်မပြေပေ။ သူတို့ရဲ့ အဝတ်အစားများအကူအညီနဲ့ဆို လုံးဝမှုန်ဝါးနေတဲ့ ခင်ပွန်းနဲ့ ဇနီးသည်ကြားက ချစ်ခင်ရင်းနှီးမှုကို ထိမိသွားစေကာ အချိန်အတိုင်းအတာတစ်ခုအထိ ထိုခံစားချက်တွေကို လွမ်း‌ဆွတ်တောင့်တစေလာသည်။

မုယွမ်ယောင်က ဒီမွေးစားမိသားစုက အသိအမှတ်ပြုခံရတဲ့ ဂုဏ်ပုဒ်ကို မှီခိုနေတာဟု အစပိုင်းတွင် ထင်ခဲ့မိသော်လည်း ယခုအခါ မှီခိုနေရတာက ဘယ်သူဘယ်ဝါမှန်းပင် မသိတော့သလိုပဲ။

ပွဲမှာ မုယွမ်ယောင်နဲ့စုချင်အပေါ် အမျိုးမျိုးသော သခင်မတွေရဲ့သဘောထားတွေက ပိုမိုရင်းနှီးလာကြပြီး သူတို့မျက်နှာတွေမှာ တောင်းဆိုနေသည့် မျက်နှာဘေးမျိုးနဲ့ဖြစ်‌နေ၏။

မုယွမ်ယောင်က မသိချင်ယောင်ဆောင်ကာ ပြုံးနေလိုက်ပြီး ပွဲကိုပြီးအောင် အားလုံးနဲ့ လိုက်ရောညီထွေနေလိုက်သည်။

လေးနာရီနီးပါး ကြာမြင့်ပြီးနောက် ပွဲပြီးဆုံးသွား၏။ ဧည့်သည်များကို ပြန်ပို့ပြီးနောက် မုယွမ်ယောင်က သခင်မကျင်းကို အိမ်နောက်ဘက်သို့ အဖော်ပြု လိုက်ပို့ပေးသည်။
"မွေးစားအမေ၊ ဒီနေ့ မွေးစားအမေအတွက် တကယ်ကို ခက်ခဲခဲ့မှာပဲ.."
ထိုသို့ပြောလိုက်ရင်း သူမရဲ့သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။

“ဒီနေ့ ငါ တကယ် ပျော်တယ်။ ဘယ်လောက်ပဲ အလုပ်ကြိုးစားခဲ့ရပါစေ လုပ်ရကျိုးနပ်တယ်လို့ ခံစားရတယ်။ ဒါအပြင် သမီးဘက်က ငါ့ကို ကောင်းကောင်းကူပြင်ဆင်ပေးနိုင်လို့ ပင်ပန်းတယ်လို့ လုံးဝ မခံစားရဘူး"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now