အပိုင်း ၂၄၂/ အပိုင္း ၂၄၂

438 49 0
                                    

Unicode

အပိုင်း ၂၄၂ - လီယွမ်ယီကို ဖျော်ဖြေခြင်း

ကျန်းနန်မြို့၏ နွေဦးရာသီက အလွန် တိုတောင်းလှသည်။ ဧပြီအစောပိုင်းမှာ ရာသီဥတုက ရုတ်ချည်း နွေရာသီသို့ ပြောင်းသွားသည်။ နီယွင်ဖန်းသည်လည်း နွေရာသီမှာ ဝတ်လေ့ရှိသည့် ပါးလျပေါ့ပါးသော အဝတ်အစားတွေ စတင်ရောင်းချနေပြီ ဖြစ်သည်။


ချိုင်ယွဲ့ဆိုင် မရှိတော့ နီယွင်ဖန်းရဲ့ လုပ်ငန်းက အများကြီး ပိုစီးပွားတိုးတက်လာခဲ့သည်။ လူတွေရဲ့ အိမ်အသီးသီးမှာ အမျိုးသမီးတွေ ဝတ်တဲ့ အဝတ်အစားတွေ အကုန်လုံးသည် နီယွင်ဖန်းက ဖြစ်တာကြောင့် အချိန်တိုလေး အတွင်းမှာပင် မုယွမ်ယောင်အတွက် လျန်ငါးသောင်းနီးပါး ရရှိထားပြီးဖြစ်သည်။

တင်းယွဲ့လန်ရဲ့ အကူအညီနဲ့ အိမ်အမျိုးမျိုးက အမျိုးသမီးတွေ၊ သခင်မတွေကို စုချင် လက်ခံတွေ့ဆုံခဲ့ရသည်။ သူမရဲ့ နားလည်နိုင်စွမ်းနဲ့ သည်းခံမှုက အများကြီး ပြောင်းလဲလာခဲ့သည်။ အရင်ကနဲ့ ယှဉ်ရင် သူမက အတော်လေး ကွဲပြားခြားနားနေသည်။ လိုအပ်တာအချို့ ရှိသေးပေမယ့် မုယွမ်ယောင် အတိုင်းထက်အလွန် စိတ်ကျေနပ်နေပြီ ဖြစ်သည်။


ဧပြီလလယ်တွင် ဧကရာဇ်မင်းမြတ်က ဆားခွန်နဲ့ ပတ်သက်ပြီး နှံ့စပ်တဲ့ စိစစ်စုံစမ်းမှု ပြုလုပ်ဖို့ အမိန့်ပေးထားသည်။ ဘုရင်မြင်းမြတ်သည် လျန်ကျန်းရဲ့ ဘုရင်ခံ လီယွမ်ယီကို ကျန်းနျန်မြို့ကို စစ်ဆေးပြီး ဆားခွန်ကို အတည်ပြုကာ ဆားခွန်တွေ ပြန်လည်စီမံဖို့ တာဝန်ပေးထာသည်။


လီမုနျန်က ကျင်းလင်မြို့ရဲ့ ဆားသယ်ယူပို့ဆောင်ရေး သံတမန်အနေနဲ့ ဧကရာဇ်ရဲ့ အမိန့်ပြန်တမ်းကို ပထမဆုံး တုန့်ပြန်ရသည်။ စာရင်းစာအုပ်တွေ ရှင်းလင်းပြီနောက် အရာရှိအမတ် စစ်ဆေးရန် ချိတ်ပိတ်လိုက်သည်။


ချောင်ယွင်နျန်က ရိုးသားဖြောင့်မတ်သော အရာရှိဖြစ်ပြီး ကျင်းလင်မြို့က ဝန်းကျင်သည် အခြားနေရာတွေထက် ပိုသန့်ရှင်းပြီး ပွင့်လင်းမြင်သာမှုရှိသည်။ ထို့ကြောင့် ဆားခွန်စာရင်းစာအုပ်သည် ထင်သာပွင့်လင်းမှုရှိသေးပြီး ကြီးကြပ်ဖို့ အများကြီး အားစိုက်ထုတ်နေစရာ မလိုချေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now