အပိုင်း ၂၇၅/ အပိုင္း ၂၇၅

260 39 0
                                    

Unicode

အပိုင်း ၂၇၅ - စုမိသားစုရောက်ရှိလာခြင်း

လျိုလျန်ရဲ့ စကားတွေကို ကြာပြီး မုယွမ်ယောင် စိတ်ထဲတွင် ဗလောင်ဆူသွားကာ ကျောက်ခဲတစ်လုံး မြေကြီးပေါ် ပြင်းပြင်းထန်ထန် ကျသွားသလို သူမကို လုံးဝ ရုတ်ချည်း ငြိမ်အေးသွားစေ၏။ သူမရဲ့ ခုနက စိုးရိမ်ပူပန်မှုနဲ့ ကြောက်ရွံ့မှုတွေက ဒီရေကဲ့သို့ ချက်ချင်း လျှောကျသွားလျက် အေးခဲတမျှ အေးစက်တဲ့ အမုန်းတရားနဲ့ သတ်ဖြတ်ချင်စိတ်တွေ အစားထိုး ဝင်ရောက်လာခဲ့သည်။

သူမ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ပြီး အများကြီး ပြင်ဆင်ခဲ့သည်။ သူမ သတိကြီးစွာနဲ့ ရှေ့ဆက်လှမ်းကာ အမှား နည်းနည်းလေးမျှ မလုပ်ရဲခဲ့ချေ။ သူမ စောင့်မျှော်နေခဲ့သည့်အရာက စုမိသားစုအိမ်တော်ဆီ ပြန်ပြီး အရင်ဘဝတုန်းက သူမကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ထိုလူတွေကို တစ်ယောက်ပြီးတစ်ယောက် ရန်ကြွေးပြန်ဆပ်ခိုင်းရန် ဖြစ်သည်။

မုယွမ်ယောင် မတ်တပ်ထလိုက်ကာ သူမရဲ့ တွန့်နေတဲ့ အင်္ကျီလက်နဲ့ စကပ်ကို အေးအေးဆေးဆေး ပြန်ပြင်လိုက်ပြီး သူမ နှုတ်ခမ်းထောင့်တို့ အနည်းငယ် ကွေးတက်လျက် ပြီးပြည့်စုံနေသော နှုတ်ခမ်းကောက်ကြောင်းနှင့်

“သူ့ကို အထဲဖိတ်ခေါ်ပြီး နားနေဆောင်မှာ နေရာပြင်ဆင်ပေးထားလိုက်၊ အမေနဲ့ ငါ ခဏနေရင် အဲ့ကို သွားလိုက်မယ်”

“ဟုတ်ကဲ့ပါ သခင်”

“ယောင်အာ…”

စုချင်ရဲ့စိတ်တွေ တင်းကြပ်သွားပြီး သူမမျက်နှာက ဖြူဖျော့လို့ပင်နေသည်။ သူမခန္ဓာကိုယ်က ထိန်းချုပ်မရအောင် တုန်ယင်နေပြီး တစ်ချက်ကြည့်လိုက်တာနဲ့ အလွန်စိုးထိတ်နေမှန်း သိသာသည်။

မုယွမ်ယောင်က သူမလက်ကို ဆုပ်ကိုင်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ပြည့်နေသည့် မျက်လုံးတို့ဖြင့်

“အမေ၊ သမီးတို့တွေ စုမိသားဆီပြန်ပြီး သမီးတို့ ဆွေမျိုးတွေနဲ့ တွေ့ရတော့မယ်။ သမီးတို့တွေ ပျော်နေသင့်တယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now