အပိုင်း ၁၈၈ /အပိုင္း ၁၈၈

675 84 0
                                    

Unicode

အပိုင်း ၁၈၈

မုယွမ်ယောင် စိတ်ကွက်မသွားတာ မြင်မှ လျိုလျန့်ခန္ဓာကိုယ်တစ်လုံး သက်သာရာရသွားသည်။

“ဟုတ်ကဲ့ သခင်၊ သခင် ချီမင်ကို အပြစ်ပေးချင်ပါသလား”

“ငါက ဘာလို့ သူ့ကို အပြစ်ပေးရမှာလဲ။ ဒီလိုလူမျိုးတွေ နောက်ထပ်နည်းနည်းပိုရရင် ကောင်းမယ်လို့တောင် ထင်မိတယ်”

မုယွမ်ယောင် မျက်နှာက အပြုံးတွေ ဝေဆာနေ၏။

“ကျင်းလန် ခနနေရင် ငွေငါးလျန် စာအိတ်နီထဲထည့်ပြီး လျိုလျန့်ကို ချီမင်ဆီ သွားပို့ခိုင်းလိုက်”

အမှားအတွက် အပြစ်ပေးရင် ကောင်းမွန်တဲ့ ဆောင်ရွက်မှုအတွက်လည်း ဆုလာဘ် ရှိရမယ်။ လူတွေကို စိတ်ပျက်အောင် မလုပ်သင့်ဘူး။

“ဟုတ်ကဲ့ပါ သခင်မလေး”

လျိုလျန် ထွက်သွားပြီးနောက် မုယွမ်ယောင်က ပန်းထိုးတာနှင့်အလုပ်ရှုပ်နေပြီး ကျင်းလန်ကို ငွေရေတွက်ခိုင်းသည်။

“သခင်မလေး ဒီငွေသားတွေ အားလုံးပေါင်း နှစ်သောင်းတစ်ထောင့်နှစ်ရာ ရှိပါတယ်”

မုယွမ်ယောင် ခေါင်းညိတ်သည်။
“အမေ့ဆီ ယူသွားပေးလိုက်၊ သူမက ဒီငွေသားတွေ ဘယ်ကလဲမေးရင် ပူးရှန့်လုံကအမြတ်ငွေတွေလို့ ပြောလိုက်”

“ဟုတ်ကဲ့ သခင်မလး”

ကျင်းလန်ထွက်သွားတဲ့အခါ မုယွမ်ယောင် ဟက်ခနဲရယ်လိုက်သည်။ ဈေးကွာခြားချက်နဲ့တင် သူမ လျန်နှစ်သောင်းကျော် ရရှိလိုက်သည်။ ဒီတစ်ကြိမ် အထိန်းတော်ချင်း ဂျင်းလက်ဖက်ခြောက် အတော်များများ ပြင်ဆင်ခဲ့ပုံရတယ်။

ဒီမနက် မုယွမ်ယောင် အိမ်ရာထကာစမှာ ရာသီဥတု အရမ်းအေးလာတာကို ခံစားလိုက်ရသည်။ ကျင်းလန် အထဲဝင်လာတော့ သူမ အမူအရာက စိတ်လှုပ်ရှားနေပုံရ၏။

“သခင်မလေး အပြင်မှာ နှင်းတွေကျနေပြီ၊ နှင်းက ဖွဲဖွဲလေးပဲ ကျနေတာဆိုပေမယ့် သိပ်လှတာပဲ"

မုယွမ်ယောင် အံဩပျော်ရွှင်သွား၏။
“ကြည့်ရတာ ဒီနေ့ သေချာပေါက် နှင်းဖွဲဖွဲလေး ကျနေမယ်ထင်တယ်။ ဒါပေမယ့် နေရော ထွက်ကောင်းပါရဲ့”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now