အပိုင်း ၂၇၁/ အပိုင္း ၂၇၁

235 23 0
                                    

Unicode

အပိုင်း ၂၇၁ - အထိန်းတော်ချင်းက အစေခံကောင်းတစ်ယောက်

စုချင်ပြောတာကိုကြားတော့ မုယွမ်ယောင်က နောက်ကွယ်က အကြောင်းအရင်းကို ရှင်းမပြချင်တာကြောင့် ခေါင်းငုံ့ပြီးသာ သဘောတူလိုက်သည်။

"သမီး နားလည်ပါပြီ အမေ"

ခဏလောက် စကားပြောပြီးနောက် အဆင်သင့် ပြင်ဆင်ထားသည့် ရတနာရှစ်ပါးထမင်းက ပိုပြီးအေးလာပြီဖြစ်သည်။ စီချင်က ၎င်းကို အပူပေးပြီး ယူလာသည်။ ဒါပေမယ့် စုချင်က သူမကို ရပ်ခိုင်းလိုက်ပြီး သူမဆီကို မပေးခင် ဇွန်းအပြည့်သကြားတွေကို မုယွမ်ယောင်ရဲ့ ပန်းကန်လုံးထဲသို့ ထပ်ထည့်လိုက်သည်။

မုယွမ်ယောင်က ယွဲ့ဝမ်ရဲ့ လှုပ်ရှားမှု ရည်ရွယ်ချက်တွေကို စဥ်းစားနေသည်။ အစောပိုင်း သူမက သူနဲ့ စာရင်းတွေအားလုံးကို ရှင်းချင်ပေမယ့် သူက သူမအမေကို တိုက်ရိုက်လာနှုတ်ဆက်ပြီး ကျင်းရှို့ဥယျာဥ်ကို စောင့်ရှောက်ဖို့ သူမကို တောင်းဆိုခဲ့သည်။ ထို့နောက် သူက သေသေသပ်သပ်ပဲ ချက်ချင်း ထွက်သွားသည်။ ဒီနည်းနဲ့ သူ့မလက်ထဲမှာရှိတဲ့ စာရင်းတွေကို ဘယ်သူက ဖြေရှင်းမှာလဲ? သေချာပေါက် ရှင်းရှင်းလင်းလင်းကြီးကို လှည့်စားနေတာပဲ!

(ယွဲ့ဝမ်တစ်ကွက်ပြ😎)

သူမကို စုချင်က စားဖို့သတိပေးတော့မှသာ သူမအတွေးတွေထဲ အာရုံစိုက်နေတာကို သိလိုက်သည်။ သူမက သူမရှေ့က ပန်းထန်ထဲမှ နှစ်ဇွန်းလောက် စားပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူမပန်းကန်ထဲက ရတနာရှစ်မျိုးထမင်းက အေးနေပြီး သကြားတွေနဲ့ ချိုရဲနေသည်။

"အမေ?"

သူမ ပထမတစ်ဇွန်းစစားတော့ စုချင်ရဲ့ နှလုံးသား နစ်မြုပ်သွားရသည်။ ယောင်အာက ရတနာရှစ်မျိုးထမင်းကို သကြားနဲ့စားရတာကို မကြိုက်ဆုံးဖြစ်ပြီး သူမက အရသာကို တန်းသိမည်ဖြစ်သည်။ အကယ်၍ သူမက သကြားအပြည့်ဖြင့်တစ်ဇွန်း ထည့်လိုက်မည်ဆိုလျှင် သူမအတွက် အရမ်းကို ချိုရဲသွားလိမ့်မည် ဖြစ်သည်။ ဒါပေမယ့် အခုတော့ သူမက ဇွန်းအပြည့်နှစ်ဇွန်း သကြားကို စားလိုက်ပေမယ့် သာမန်အတိုင်း ဘာကိုမှ သတိမထားမိပေ။ စတုတ္ထသခင်လေးနင်း ထွက်သွားပြီးနောက် သူမ အာရုံလွင့်နေတာ သတိပြုမိစရာပင်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now