အပိုင်း ၂၈၃/ အပိုင္း၂၈၃

248 31 0
                                    

Unicode

အပိုင်း၂၈၃-မြို့ကနေ အဝေးသို့ ထွက်ခွာခြင်း

အထိန်းတော်ချင်း အမြန်ပဲ ခေါင်းရမ်းလိုက်သည်။

“သခင်မလေး၊ ပစ္စည်းတွေကို ထပ်ခါ ထပ်ခါ ထပ်ပြီး လျှော့ချထားပြီးသားပါ၊ ကျုပ်တို့တွေ ထပ်ပြီး နည်းလို့ တကယ်မရဘူး”

“အဲ့ဒီလိုဆိုရင်…”

မုယွမ်ယောင် ကျဉ်းထဲကြပ်ထဲ အခြေအနေကျရောက်နေသည်။

“လှေအငှားဆိုင်က ဆိုင်ရှင်က ပြောတယ်၊ ကျွန်မတို့ လှေ အသုံးပြုချင်တယ်ဆိုရင် သခင်မနဲ့ သခင်မလေးအတွက် အကောင်းဆုံးလှေ ချန်ထားပေးနိုင်တယ်လို့ ပြောထားတယ်၊ ကျွန်မ အဲ့အတွက် တစ်ယောက်ယောက်ကို မေးခိုင်းလိုက်မယ်”

“အဲ့တာလည်း အဆင်ပြေတာပဲ၊ လှေတွေ ရနိုင်မယ်ဆိုရင် ကျုပ်တို့တွေ အကုန်လုံး တစ်ပါတည်း ယူသွားလို့ရတယ်။ ဖြစ်လာမယ့် ဒုက္ခကို ရှောင်လို့ရသွားပြီ”

“ဝေ့ရီ၊ ရှင်းရွှန်းလှေဆိုင်ဆီ အမြန်သွား၊ အဲ့ဒီက ဆိုင်ရှင်ကို ငါ့တို့အတွက် လှေအချို့ ချန်ထားပေးဖို့ ပြောလိုက်”

“ဟုတ်ကဲ့”

ဝေ့ရီ ထွက်သွားခိုက်တွင် အထိန်းတော်ချင်းက အခြားသူတွေဘက် လှည့်ကာ အလျင်စလို အမိန့်ပေးလိုက်သည်။

“သခင်မလေးရဲ့ သိုလှောင်ခန်းထဲက ပစ္စည်းတွေ အကုန်လုံး အမြန် အပြင်ထုတ်လာခဲ့။ မင်းတို့မှာ အခြားလှေတွေ ရှိရင် သခင်မလေးကို ယူသွားခွင့်ပေးလိုက်”

အခြားသူတွေ အမြန်ပဲ သတင်းစုဆောင်းကြသည်။

မကြာခင်မှာပဲ ဝေ့ရီပြန်လာကာ သူနဲ့အတူ ရှင်းရွှန်းလှေဆိုင်ပိုင်ရှင် ပါလာသည်။

“သခင်မနဲ့ သခင်မလေးကို နှုတ်ဆက်ပါတယ်။ ကျွန်တော် ဖန်းရှင်းက ရှင်းရွှန်းလှေကဆိုင်ပိုင်ရှင်ပါ။ လှေ အသင့်ပြင်ပေးထားပြီး ဖြစ်ပြီး သခင်မနဲ့ သခင်မလေးတို့ တစ်ခုခု စိတ်တိုင်းမကျတာရှိရင် ကျွန်တော့်ကို တိုက်ရိုက်ပြောလို့ ရပါတယ်။ ကျွန်တော် အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးပါ့မယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Donde viven las historias. Descúbrelo ahora