အပိုင်း ၁၈၅ /အပိုင္း ၁၈၅

671 71 0
                                    

Unicode

အပိုင်း ၁၈၅


မုယွမ်ယောင် သတိပြန်ကပ်သွားသည်။ သူမလက်ချောင်းတွေပေါ်က သွေးစက်တွေကလည်း ခြောက်နေပြီ။ သူမ လက်ကိုင်ပဝါထုတ်ကာ လက်ချောင်းတွေ သန့်ရှင်းသွားအောင် အသာအယာ သုတ်ပစ်လိုက်သည်။ ထိုအပ်သေးသေးလေးက နာကျင်အောင်မလုပ်နိုင်ပေ။

“ဘာမှမဖြစ်ပါဘူး”

သူမ ဒီနေ့ ချောင်မိသားစုမှာ တွေ့မြင်ခဲ့ရတဲ့ အခြေအနေက အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့ပြီး အတိတ်က သူမကိုယ်သူမ မစဉ်းစားဘဲ မနေနိုင်ပေ။ အရင်ဘဝက သူမ ကျင်းဝမ်ရဲ့ကိုယ်လုပ်တော် ဖြစ်နေချိန်တွင် စုမိသားစုရဲ့သခင်မလေးကသူမကို သခင်မကျင်း ကိုယ်လုပ်တော်ဝမ်ကို ဆက်ဆံတဲ့အတိုင်း ဆက်ဆံခဲ့သည်။

ဒီဘဝတွင် သူမ တစ်စုံတစ်ယောက်ရဲ့ ကိုယ်လုပ်တော် လုံးဝဖြစ်လာမှာ မဟုတ်သလို သူမရဲ့အစ်မကောင်းကိုလည်း ကျင်းဝမ်အိမ်တော်ဆီ ဘေးကင်းစွာ ပို့ဆောင်ပေးလိုက်ဦးမည်။ အလွန်အင်မတန်ပိရိတဲ့ ကြောင်သူတော်ကြွက်သူခိုးနှစ်ယောက် စုံဖက်ရင် ဘာဖြစ်လာမလဲ သူမ မြင်ချင်မိသည်။

ရက်အနည်းငယ် ကြာပြီးနောက် နှစ်သစ်ကူးလက်ဆောင်အတွက် သူမ ဘယ်လို လက်ပန်းထိုးလက်ရာ သုံးသင့်လဲဆိုတာ သခင်မကျင်းနဲ့ ဆွေးနွေးရန်အတွက် မုယွမ်ယောင် ချောင်မိသားစုအိမ်တော်ဆီ သွားရောက်ခဲ့သည်။ အဲ့ဒီနောက် ကြာကန်ကို သန့်ရှင်းရေးလုပ်နေတဲ့ တစ်စုံတစ်ယောက်ကို သူမ တွေ့လိုက်ရသည်။ ယင်းဟုန်က မုယွမ်ယောင်ကို ဦးဆောင်လမ်းပြလာရာ မုယွမ်ယောင်အကြည့်က ကြာကန်ဆီ ရောက်နေတာ တွေ့တော့ ရှင်းပြလာသည်

“မနေ့က ကိုယ်လုပ်တော်ဝမ်နဲ့ ကိုယ်လုပ်တော်ကျိုးကြားမှာ အတိုက်အခံတစ်ခု ဖြစ်ခဲ့တာ။ ကိုယ်လုပ်တော်ကျိုးက ကိုယ်လုပ်တော်ဝမ်ကို ကြာကန်ထဲ မတော်တဆ တွန်းချလိုက်မိတယ်လေ။ ကိုယ်လုပ်တော်ဝမ် ပြုတ်ကျသွားတာ တစ်မိနစ်တောင်မကြာပေမယ့် တစ်ကိုယ်လုံး နုန်းတွေပေပွသွားတာ ရစရာတောင်မရှိဘူး။ သခင်မက ကြာကန်ကို မြင်တိုင်း စိတ်မသက်မသာ ဖြစ်နေတာကြောင့် ကြာကန်ကို သန့်ရှင်းရေးလုပ်ပြီး ရေဖြည့်ဖို့ အမိန့်ပေးထားတာ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now