အပိုင်း ၂၀၆/ အပိုင္း ၂၀၆

607 64 0
                                    

Unicode

အပိုင်း ၂၀၆ - ရေခဲမီးအိမ်

စုချင် သက်ပြင်းချမိသည်။

“ဒီနှစ်သစ်မှာ ဆုတောင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး”

“ဟုတ် အမေ၊ သမီး ဗိုက်ဆာနေပြီ။ စားဖို့တစ်ခုခု မြန်မြန် လုပ်ပေးပါဦး”

စုချင်က သူမလက်ကို အမြန်ပုတ်လိုက်သည်။

“ဖတ်ဖတ်... ကလေးစကားတွေ လေနဲ့ပါသွားပါစေ။ နှစ်သစ်အကြောင်း မဟုတ်ကဟုတ်ကတွေ လျှောက်ပြောမနေနဲ့လေ”

မုယွမ်ယောင် တခစ်ခစ်ရယ်ကာ စုချင်ပခုံးပေါ် မှီပြီး ပြောလိုက်သည်။

“အမေ သမီး ဗိုက်ဆာလွန်းလို့ လမ်းတောင် မလျှောက်နိုင်တော့ဘူး”

“မင်း အခန်းထဲသာ မြန်မြန်သွားပြီး ထိုင်စောင့်နေ၊ အမေ စားကောင်းတာတစ်ခုခု ချက်ချင်း ယူလာပေးမယ်”

ညအချိန်သည် ခါတိုင်းကဲ့သို့ သက်ဝင်လှုပ်ရှားနေပေမယ့် ယွဲ့ဝမ်နဲ့ အထိန်းတော်ချင်းတို့အဖို့ စုအိမ်တော်တွင် နေနေရန် မသင့်တော်ပေ။ ဒီအချိန်တွင် ကျင်းရှို့ဉယျာဉ်က တိတ်ဆိတ်လို့နေ၏။ ယွဲ့ဝမ် တံခါးနားမှာ ရပ်လို့ ဘေးကပ်ရပ်ကအိမ်မှ ဆူညံသံတွေကို နားထောင်ပြီး ကောင်းကင်မှာ တစ်ချက်တစ်ချက် ထွန်းလင်းသွားတဲ့ မီးရှူးမီးပန်းတွေကို ကြည့်နေ၏။ သူ့စိတ်ထဲတွင် အကြောင်းပြချက်မရှိ အထီးကျန်ဆန်မှု ခပ်ရေးရေး ခံစားနေရသည်။

အထိန်းတော်ချင်းက ဝတ်ရုံယူလာပေးပြီး ပြောသည်။

“ဝမ်ရယ်၊ ရာသီဥတုအေးတာကြောင့် အထူးသတိထားသင့်တယ်”

“အနောက်ကွမ်းတုံဒေသနဲ့ ယှဉ်ရင် ဒီနေရာက တကယ်တမ်း အအေးသက်သာပါတယ်”

ဒီလိုပြောပေမယ့် အထိန်းတော်ချင်း မစိုးရိမ်ရအောင် ယွဲ့ဝမ် ဝတ်ရုံကို ဝတ်လိုက်သည်။

အထိန်းတော်ချင်း မျက်လုံးတွေက အပြုံးတွေ ဝေဆာနေသည်။

“မနေ့က စုအိမ်တော်မှာ နှစ်သစ်ပွဲတော် ဆင်နွှဲတုန်းက တကယ်သက်ဝင်ပြီး စည်ကားသိုက်မြိုက်လှတယ်။ ဒီအစေခံအိုကြီး အဲ့ဒီလို သက်တောင့်သက်သာ ခံစားရတာ ပထမဆုံးပဲ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Où les histoires vivent. Découvrez maintenant