အပိုင်း ၂၆၀/ အပိုင္း ၂၆၀

301 37 0
                                    

Unicode

အပိုင်း ၂၆၀ - မကျေမနပ်နှင့် ခွဲခွာခြင်း

မုယွမ်ယောင် ခေါင်းမော့ကာ ယွဲ့ဝမ်ကို ကြည့်လိုက်သည်။ သူမ ပြန်လည် မွေးဖွားလာပြီးကတည်းက သူ့ပုံပန်းသွင်ပြင်ကို ပထမဆုံးအကြိမ် အလေးအနက်ထားပြီး စူးစိုက်ကြည့်ခြင်း ဖြစ်သည်။

သူတို့တွေ ရှယန်းရွာ တောင်နောက်ဘက်မှာ ပထမဆုံးတွေ့တုန်းက ဒီလူရဲ့အေးစက်တဲ့ ကိုယ်ရောင်ကိုယ်ဝါပေါ် မူတည်ပြီး တစ်ချက်သာကြည့်ကာ သူမရှေ့ကလူက ယွဲ့ဝမ်ဆိုတာကို အတည်ပြုခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက် အကြိမ်များစွာ တွေ့ပြီးနောက် သူမ မျက်လွှာအသာချကာ မသိစိတ်က သူ့ကို တိုက်ရိုက် မျက်နှာချင်းဆိုင်တာကို ရှောင်ရှားနေခဲ့မိသည်။


ဒါပေမယ့် အခု ယွဲ့ဝမ်ရဲ့ လေသံက ညင်သာနေတာတောင် သူ့ကိုယ်ရောင်ကိုယ်ဝါက သိသိသာသာ ဖိစီးစေနိုင်ပြီး သူမကို မလွှဲမရှောင်သာ ဖြစ်စေသည်။


သူ့ရဲ့မျက်နှာသွင်ပြင်က‌ ချောမောပြီး စူးရှကာ တည်ကြည်လေးနက်တဲ့ အရောင်အဝါ လှစ်ဟပြသနေသည်။ သူ့နဖူးက ပြည့်ပြီး မျက်ခုံးတွေက ရှည်လျားသွယ်လျသည်။ သူ့မျက်လုံးအစုံက ဆောင်းရာသီ ညကောင်းကင်ယံကဲ့သို့ ပြာလဲ့လဲ့အလင်းရောင်ကို ဆောင်ကျဉ်းလျက်ရှိသည်။ သူ့နှာတံက မြင့်မားပြီး ပြီးပြည့်စုံသည်။ သူ့ရဲ့ပါးလျတဲ့ အောက်နှုတ်ခမ်းက အနည်းငယ် မောက်လျက် တည်တံ့အေးဆေးတဲ့ အရိပ်အယောင်ရှိသည်။


အမျိုးသမီးဘယ်နှယောက်လောက်ကို ဒီမျက်နှာက ညို့ငင်ခဲ့လဲ မသိနိုင်ပေမယ့် သူမ တွေ့မြင်ရဲ့အခါ သူမခြေဖျားကနေ နှလုံးသားရဲ့ နက်ရှိုင်းရာထိ မြင့်တက်လာတဲ့ အေးစိမ့်သွားမှုကို ခံစားလိုက်ရပြီး သူမအင်္ကျီလက်ထဲက လက်ချောင်းတွေ အနည်းငယ် တုန်ရီသွားစေသည်။

ဒီအခါ သူမ အရင်ဘဝက အရိပ်က သူမကို သက်ရောက်နေပြီး ယွဲ့ဝမ်အပေါ် ကြောက်ရွံ့ပူပန်မှု ခံစားရတာကို သူမ တခြားရွေးချယ်စရာ မရှိဘဲ ဝန်ခံရပါမည်။


ယွဲ့ဝမ်က မုယွမ်ယောင်ရဲ့ အမူအရာကို တစ်ချိန်လုံး အာရုံစိုက်နေခဲ့သည်။ သူမမျက်လုံးတွေ တုန်ရီနေပြီး သူမမျက်နှာ ဖြူဖျော့သွားတာကို သူ သတိထားမိတော့ အမြန်မေးသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now