အပိုင်း ၂၇၄/ အပိုင္း ၂၇၄

251 36 0
                                    

Unicode

အပိုင်း ၂၇၄

အထိန်းတော်ချင်းက ပြောသည်။

"မိန်းကလေးရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ မိန်းကလေးမုရဲ့အဖေ သေဆုံးရတဲ့ အကြောင်းအရင်းကို စုံစမ်းဖို့ စတင်ခဲ့ပါတယ်၊ ကျုပ်ကို ခွင့်လွှတ်ပါ၊ မိန်းကလေးမု အဖေက အလုပ်အရမ်းလုပ်ပြီး သေခဲ့တာမဟုတ်ဘူး၊ သူနဲ့ စီးပွားရေး အတူတူလုပ်တဲ့သူဆီကနေ တိတ်တဆိတ် သတ်ခံရတာ၊ မိန်းကလေးမုအဖေကို သတ်တဲ့သူက မြို့တော်က ထွက်သွားပြီးနောက်မှာ အသတ်ခံလိုက်ရတယ်၊ သူ့မိသားစုထဲကလည်း တစ်ယောက်မှ မလွတ်ခဲ့ဘူး၊ ဒါပေမယ့် အချိန်အတိုင်းအတာက အရမ်းကွာနေတာကြောင့် အဲ့အချိန်မှာ ဘယ်သူလုပ်ခဲ့လဲဆိုတာ ရှာမတွေ့ခဲ့ဘူး"

မုယွမ်ယောင်က စာရွက်ကိုကိုင်ထားပြီး သူမရဲ့မျက်လုံးတွေက အဆုံးမရှိသော အေးစက်မှုတို့ဖြင့် ပြည့်နေသည်။

"ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ် အထိန်းတော်ချင်း"

"နောက်တစ်ခု ရှိသေးတယ်၊ မြို့တော်က သတင်းပဲ။ စုမိသားစုက မိန်းကလေးမုနဲ့ သခင်မအကြောင်းကို သတင်းရထားပြီး မိန်းကလေးမုရဲ့ အထောက်အထားတွေကို စုံစမ်းဖို့ ရှယန်းရွာကို လူတွေစေလွှတ်ခဲ့တယ်၊ စုမိသားစုရဲ့ အစွမ်းအစနဲ့ဆိုရင် မိန်းကလေးမုတို့က ကျင်းလင်မြို့မှာဆိုတာကို ရှာတွေ့ဖို့ သိပ်မကြာလောက်ဘူး၊ ပြီးတော့ သူ့အမျိုးမှန်း အသိအမှတ်ပြုဖို့ လူတွေ စေလွှတ်လိမ့်မယ်"

မုယွမ်ယောင်က စာရွက်ပေါ်ရှိစာတွေကို မှတ်သားနေပြီးနောက် ရေနွေးခွက်ထဲသို့ နှစ်လိုက်သည်။

"အထိန်းတော်ချင်း စုမိသားစုအကြောင်း ပြောကတည်းက ကျွန်မလည်း ပြောစရာရှိတယ်၊ အကယ်၍ စုမိသားစုက ကျွန်မနဲ့အမေကို လာပြီးခေါ်ရင် ကျွန်မ ပူးရှန်းလုံကို မကူနိုင်မှာ စိုးရိမ်တယ်"

မုယွမ်ယောင်က စုမိသားစုအကြောင်းကို ကြားပြီး အနည်းငယ်မျှတောင် အံ့ဩမှုမရှိတာကို မြင်တော့ အထိန်းတော်ချင်းက နည်းနည်းလောက်တွေးလိုက်ပြီးနောက် သူက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now