Unicode
အပိုင်း ၁၇၈ - ထူထဲတဲ့ လက်ဆောင်
မုယွမ်ယောင်က တခစ်ခစ် ရယ်သည်။
“နီယွင်ဖန်းက ကျင်းလင်မြို့ထဲမှာ နာမည်ရပြီးသား ဖြစ်ပေမယ့် သေးငယ်လွန်းပါသေးတယ်။ အခု အားလုံး အဆင်သင့်ဖြစ်ပြီဆိုမှတော့ ကျွန်မတို့တွေ အခြားနေရာဆီဖြန့်ဖို့ အချိန်ကျပြီ၊ လူကြီးမင်းထန် လာတွေ့တုန်းက ဒီကိစ္စကို ကျွန်မ စိတ်ပူနေခဲ့တာ။ အခုတော့ သူက ကျွန်မကို အများကြီး ကူညီပေးသွားတယ်”
“မိန်းကလေးမု ကျုပ်ကို အသေးစိတ်ပြောပြပါဦး။ ကျုပ်လည်း ဝမ်းသာရတာပေါ့”
မုယွမ်ယောင် ထန်လင်နဲ့ပြောခဲ့တဲ့စကားကို ပြန်ပြောပြတော့ အထိန်းတော်ချင်း အနည်းငယ် စိတ်ပူသွားသည်
“မိန်းကလေး လက်ပန်းထိုးနည်းပညာတွေကို လက်ဆင့်ကမ်း မျှဝေပေးတာက ကြီးမားတဲ့ အောင်မြင်မှုကြီးလေ! မင်းက ဘယ်လိုလုပ်ပြီး ထန်လင်းကို လက်ကမ်းပေးနိုင်ရတာလဲ”
ဒါဆို ဂုဏ်ကျေးဇူးက ချိုင်ယွဲ့ဆိုင်ဆီ ရောက်သွားမှာ မဟုတ်ဘူးလား။
“နီယွင်ဖန်းပဲဖြစ်ဖြစ် ပူးရှန့်လုံပဲဖြစ်ဖြစ် ဂုဏ်သတင်းက အဓိက မဟုတ်ပါဘူး”
သူမ၏မူလရည်မှန်းချက်သည် ငွေရှာပြီး လက်ပန်းထိုးနည်းပညာသင်ပေးကာ ဂုဏ်သတင်းကောင်းရယူဖို့ပင်၊ ရည်ရွယ်ချက်ကလည်း ပိုက်ဆံပိုမြန်မြန်ရနိုင်ဖို့ အုတ်မြစ်ချရန် ဖြစ်သည်။ ဂုဏ်သတင်း ကျော်ဇော်ဖို့အတွက်ပဲ ရူးရူးမူးမူး ကြိုးစားနေတာက နွားရှေ့ထွန်ကျူးတာနဲ့ အတူတူပင်။
အထိန်းတော်ချင်း ရုတ်တရက် သဘောပေါက်လာသည်
“ကျုပ် အဲ့အကြောင်း ထပ်မတွေးတော့ပါဘူး။ နီယွင်ဖန်းက ပင်ကိုယ်တောက်ပြောင်နေပြီးသားပါ။ ချိုင်ယွဲ့ဆိုင်ရဲ့ ထောက်ပံ့မှုရှိတာကလည်း ကောင်းပါတယ်”
“ဟုတ်တယ် ချိုင်ယွဲ့ဆိုင် အလုပ်ရှုပ်ပါစေဦး။ လက်ပန်းထိုးနည်းတွေ နေရာများများဆီ ပျံ့သွားတဲ့အခါ ကျွန်မတို့တွေ ပန်းချည်ထိုးသမတွေ ရွေးခေါ်ပြီး နီယွင်ဖန်းဆိုင်တွေ ဖွင့်လိုက်ရုံပဲ”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...