အပိုင်း ၂၈၀/ အပိုင္း၂၈၀

361 42 0
                                    

Unicode

အပိုင်း၂၈၀

မုယွမ်ယောင်က စောစာထပြီး စုချင်ဆေးကြောပြီးသွားချိန်မှ သူမအခန်းထဲသို့ သွားလိုက်သည်၊
"အမေ ဒီနေ့ကိစ္စတွေ အပြီးသတ်ပြီး မနက်ဖြန် ကျင်းလင်မြို့ကနေ ထွက်သွားရတော့မယ်၊ အမေ စိတ်လှုပ်ရှားနေလား?"

"အစကတော့ အမေစိတ်လှုပ်ရှားနေပေမယ့် အချိန်တွေ အတော်တောင် ကြာပြီးနေပြီပဲ ရှေ့ဆက်ရမှာပေါ့၊ အရင်ဘဝက အမေ့ရဲ့ယောင်အာကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တဲ့သူတွေကို ကြည့်ရမယ်"

သူမနဲ့ မဆက်သွယ်ခင်ကတည်းက စုမိသားစုက သူတို့ကို ဘေးကပ်ဆိုးတစ်ခုအဖြစ် သတ်မှတ်ထားသည်။ သို့ပေမယ့် အခုတော့ စုမိသားစုရဲ့ လက်အောက်ငယ်သားတွေနဲ့ အဆက်အဆံလုပ်နေရပြီ ဖြစ်သည်။ သေချာအနီးကပ် စောင့်ကြည့်ပြီးနောက် ထိုအတိုင်းပင်၊ သူမစိတ်ထဲရှိ အကြောက်တရားက တဖြည်းဖြည်းနဲ့ လျော့လာပြီး သူမ အရင်ဘဝက စုမိသားစုရဲ့ လှုပ်ရှားမှုတွေကို ဒေါသထွက်လာပြီး သူတို့ရဲ့ မဲနက်နေတဲ့ နှလုံးသားတွေကို ကြည့်ချင်မိသည်။

"အမေ သူတို့ကိုတွေ့ရင် စိတ်ပျက်သွားလောက်တယ်၊ သူတို့ရဲ့ ပုံပန်းသွင်ပြင်တွေကတော့ ကြည့်လိုက်ရင် မျှတတဲ့ ကိုယ်လုပ်တော်တွေလိုလိုနဲ့ သူတို့ရဲ့ နှလုံးသားတွေကတော့ အရင်ကတည်းက ရွှံ့မည်းတွေအဖြစ် ပြောင်းနေတာ"
အရင်ဘဝက စုမိသားစုဆီမှ သူမကိုယ်သူမ တွေးကြည့်လိုက်ရင် သူမမျက်လုံးတွေက အမုန်းတွေနဲ့ ပြည့်နေပြီး သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး အတော်လေး ညို့မှိုင်းလာသည်။

စုချင်က ကျောက်စိမ်းဆံထိုးကို ရတနာသေတ္တာထဲမှ ယူလိုက်ပြီး မုယွမ်ယောင်ရဲ့ ဆံပင်မှာ စိုက်ပေးလိုက်သည်။ ထို့နောက် ခြေနှစ်လှမ်းဆုတ်ကာ သူမရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်သည်။
"ယောင်အာက တကယ်ကို လှတာပဲ၊ သမီးက ဘာဝတ်ဝတ် အကုန်ကြည့်ကောင်းနေတော့တာ"

မုယွမ်ယောင်က ကြောင်အသွားပြီး မဲမှောင်နေသော သူမရဲ့အရှိန်အဝါက ရုတ်တရက် ပျောက်သွားသည်။
"အမေ?"

စုချင်က မုယွမ်ယောင်ရဲ့ ဆံပင်ကို ကြင်နာစွာပွတ်သပ်ပေးလိုက်သည်။
"အမေ့အတွက် ယောင်အာပြုံးတာက အလှဆုံးပဲ၊ သမီးကို ကြည့်လိုက်တဲ့ ဘယ်သူမဆို သမီးနဲ့ဆိုရင် ပျော်ရွှင်ပြီး သမီးကိုယ်တိုင်ကလည်း ပိုပြီးတောင် ပျော်ရွှင်ရဦးမယ်၊ စုမိသားစုရဲ့ နှလုံးသားက အဖြူဖြစ်စေ အမည်းဖြစ်စေ အဆုံးမှာတော့ သူတို့ကို အမေတို့က မိသားစုလို့မမြင်ဘူးလေ၊ ယောင်အာက သူတို့ကို မလွဲမသွေ လက်စားချေချင်တယ်ဆိုတာ အမေသိတာကြောင့် အမေကလည်း ထောက်ခံပေးနေမှာပဲ၊ ဒါပေမယ့် သမီးရဲ့ ပင်ကိုစရိုက်က သူတို့ကြောင့် ပြောင်းလဲသွားရင် ပိုဆိုးသွားမှာပေါ့"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now