အပိုင်း ၂၃၂/ အပိုင္း၂၃၂

403 44 0
                                    

Unicode

အပိုင်း၂၃၂

မုယွမ်ယောင်က လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ဖက်တွင်ထားလိုက်သည်။ တစ်ငုံလောက် သောက်ပြီးနောက် သူမလက်ပေါ်သို့ အကြောင်းတစ်ခုကြောင့် ချော်သွားပြီး ကျန်ရှိတဲ့ လက်ဖက်ရည်တွေကို သဘောတူစာချုပ်ပေါ်သို့ လောင်းချမိလိုက်သည်။ စာရွက်ပေါ်ရှိ မှင်များက ပျံ့သွားပြီး ဘာရေးထားလည်းဆိုတာ မမြင်ရတော့ပေ။

ထန်လင်း မျက်လုံးတွေ ပြူးကျယ်သွားသည်။ သူက ချက်ချင်းပဲ ရေးထားတဲ့ သဘောတူစာချုပ်ကို ဆွဲယူလိုက်ပေမယ့် စာရွက်က ရေနဲ့ကပ်နေပြီဖြစ်ကာ ယူလို့မရနိုင်တော့ပေ။

"မင်း ဘာလို့ သတိလက်လွတ်နိုင်ရတာလဲ? စုတ်တံနဲ့ စာရွက်တစ်ချို့ပြင်လိုက်၊ ငါနောက်ထပ်တစ်ရွက် တန်းရေးလိုက်မယ်"

"စိုးရွံ့မိပေမယ့် ကျင်းရှို့ ဥယျာဥ်မှာ စာရွက်နဲ့စုတ်တံတွေ အားလုံး ကုန်နေတယ်"

"ဘယ်လိုလုပ် စာရွက်နဲ့စုတ်တံက သုံးကုန်မှာလဲ။ မင်းငါ့ကို လာနောက်နေတာလား?"

ထန်လင်က ရုတ်တရက် လှုပ်ရှားနေတာကို ရပ်လိုက်သည်။ သူက နောက်ဆုံး တစ်ခုခု မူမမှန်တာကို ခံစားလိုက်ရပြီး မုယွမ်ယောင်ကို စူးစိုက်ကြည့်လိုက်သည်။

မုယွမ်ယောင်က ရယ်လိုက်ပြီး မြေကြီးပေါ်သို့ လက်ဖက်ရည်ခွက်ကို ပစ်ချလိုက်သည်။

"ထန်တာ့ရန်ကရော ကျွန်မကို လာနောက်နေတာလား?"

သူက နီယွင်ဖန်းကို မူပိုင်ခွင့်တွေအားလုံး လွှဲပေးမယ်လို့တောင် ပြောခဲ့တယ်။ အကယ်၍ သူမသဘောတူလိုက်ရင် ထန်လင်က သူမကို ဓါးစာခံအဖြစ် ထိုးကျွေးတော့မှာလေ! သူမကို ကလေးတစ်ယောက်လို ချော့မြူလို့ရတယ်များ ထင်နေတာလား?

ထန်လင်က ရုတ်တရက် ခေါင်းမော့ပြီး မုယွမ်ယောင်ကို ဒေါသတကြီး ကြည့်လာသည်။

"မမေ့နဲ့ မင်းချည်ထိုးနည်းတွေ သင်ပေးတုန်းက စာချုပ်က အခုထိ ငါ့ဆီမှာ ရှိနေသေးတယ်"

မုယွမ်ယောင်က နည်းနည်းမျှ ဂရုမစိုက်ပေ။

"အဲ့တုန်းက စာရွက်ထဲမှာ ထောင်ချောက်လို စာတွေကို ရှောင်ပြီး သဘောတူညီချက်ကို ရေးထားတယ်၊ စာရွက်ပေါ်က စာတွေက ရှင်ရေးထားတာပဲလေ"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now